La Liga

ဘာစီလိုနာ လူစာရင်းထဲကနေ ဖယ်ရှားခံလိုက်ရတဲ့ ဂါဗီ

လာလီဂါဟာ ၎င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ်က ဘာစီလိုနာပထမအသင်း လူစာရင်းထဲကနေ လူငယ်ကွင်းလယ်ပါရမီရှင် ဂါဗီကို ဖယ်ရှားခဲ့ပြီး စပိန်ကွင်းလယ်လူကို လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်လယ်ကစားသမားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဘာစီလိုနာအသင်းရဲ့ ၄ နှစ်စာချုပ်သစ် ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပြီး The Athletic ရဲ့ ဖော်ပြချက်အရ အဲဒီစာချုပ်ထဲမှာ စပိန်ကွင်းလယ်ကစားသမားအနေနဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ပထမအသင်းကစားသမားအဖြစ် စာရင်းသွင်းမခံရဘူးဆိုရင် နူးကမ့်ကို စွန့်ခွာနိုင်တယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းဟာ ဂါဗီကို စာရင်းသွင်းခဲ့တာဖြစ်ပေမယ့်လည်း လာလီဂါက စာရင်းသွင်းမှုကို ငြင်းပယ်ခဲ့ပြီး ကတ်တလန်အသင်းကြီးဟာ ၎င်းတို့ရဲ့ လစာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ တရားရုံးဆီကနေ ကြိုတင်ကာကွယ်မှု အစီအမံတွေ သတ်မှတ်ခြင်းခံခဲ့ရပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဂါဗီကို အောင်အောင်မြင်မြင်နဲ့ မှတ်ပုံတင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း လာလီဂါက ပြီးတဲ့နောက်မှာ အဲဒီဆုံးဖြတ်ချက်ကို ကတ်တလန်အသင်းက သတ်မှတ်ချိန်ကို လွဲချော်ခဲ့တယ်လို့ အယူခံတင်ခဲ့တာဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ တရားရုံးက လာလီဂါရဲ့ အယူခံကို ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်မချနိုင်ခဲ့တာကြောင့် ဂါဗီကို ပထမအသင်းကစားသမားအဖြစ် ဆက်လက် ကစားခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ ဘာစီလိုနာအသင်းဟာ စီရင်ချက်ကို ဆန့်ကျင်ပြီး အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၎င်းတို့ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ဘူးလို့ ပြောကြားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဂါဗီဟာ ဇူလိုင်လ ၁ ရက်နေ့မှာ ပထမအသင်းကစားသမားအဖြစ် မှတ်ပုံမတင်နိုင်ဘူးဆိုရင် စာချုပ်ဟာ အကျုံးဝင်မှာမဟုတ်တော့ဘူးလို့ ယုံကြည်ရပြီး ဘာစီလိုနာက လစာပမာဏကို လျှော့ချနိုင်မှသာ ဂါဗီကို မှတ်ပုံတင်ခွင့်ရှိမှာဖြစ်ပါတယ်။

လာလီဂါရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ အသင်း ၂၀ စလုံးရဲ့ ပထမအသင်း ကစားသမားတွေကို စာရင်းဖော်ပြထားတဲ့အထဲက ဘာစီလိုနာပထမအသင်းလူစာရင်းထဲကနေ ဂါဗီကို ဖယ်ရှားလိုက်တာဖြစ်ပြီး လိဂ်နဲ့ ဘာစီလိုနာကြားက တိုက်ပွဲကြားမှာ ဂါဗီရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဂါဗီအနေနဲ့ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး စပိန်ကွင်းလယ်ကြယ်ပွင့်ကို လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့အားလုံးဟာ အသက် ၁၈ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့် ဇွန်လ ၃၀ ရက်နေ့မတိုင်ခင်အထိ ဂါဗီကို ပထမအသင်းကစားသမားအဖြစ် မှတ်ပုံတင်နိုင်အောင် ဥပဒေကြောင်းအရ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးဆိုရင် စပိန်ကွင်းလယ်လူကို အလွတ်နဲ့ ခေါ်ယူမယ့်အသင်းတွေ အလုအယက်ဖြစ်လာကြတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာလီဂါဟာ ၎တို႔ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ေပၚက ဘာစီလိုနာပထမအသင္း လူစာရင္းထဲကေန လူငယ္ကြင္းလယ္ပါရမီရွင္ ဂါဗီကို ဖယ္ရွားခဲ့ၿပီး စပိန္ကြင္းလယ္လူကို လီဗာပူးလ္နဲ႔ မန္ယူႏိုက္တက္တို႔က စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ ကြင္လယ္ကစားသမားဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ဘာစီလိုနာအသင္းရဲ႕ ၄ ႏွစ္စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္းခံခဲ့ရတာျဖစ္ၿပီး The Athletic ရဲ႕ ေဖာ္ျပခ်က္အရ အဲဒီစာခ်ဳပ္ထဲမွာ စပိန္ကြင္းလယ္ကစားသမားအေနနဲ႔ ၂၀၂၃ ခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔အထိ ပထမအသင္းကစားသမားအျဖစ္ စာရင္းသြင္းမခံရဘူးဆိုရင္ ႏူးကမ့္ကို စြန႔္ခြာႏိုင္တယ္ဆိုတဲ့အခ်က္ကိုလည္း ထည့္သြင္းထားခဲ့တယ္လို႔ သိရပါတယ္။

ဇန္နဝါရီလမွာ ဘာစီလိုနာအသင္းဟာ ဂါဗီကို စာရင္းသြင္းခဲ့တာျဖစ္ေပမယ့္လည္း လာလီဂါက စာရင္းသြင္းမႈကို ျငင္းပယ္ခဲ့ၿပီး ကတ္တလန္အသင္းႀကီးဟာ ၎တို႔ရဲ႕ လစာ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ေနတယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ တရား႐ုံးဆီကေန ႀကိဳတင္ကာကြယ္မႈ အစီအမံေတြ သတ္မွတ္ျခင္းခံခဲ့ရၿပီးေနာက္ ဇန္နဝါရီ ၃၁ ရက္ေန႔မွာ ဂါဗီကို ေအာင္ေအာင္ျမင္ျမင္နဲ႔ မွတ္ပုံတင္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း လာလီဂါက ၿပီးတဲ့ေနာက္မွာ အဲဒီဆုံးျဖတ္ခ်က္ကို ကတ္တလန္အသင္းက သတ္မွတ္ခ်ိန္ကို လြဲေခ်ာ္ခဲ့တယ္လို႔ အယူခံတင္ခဲ့တာျဖစ္ပါတယ္။

ယခုလအေစာပိုင္းမွာ တရား႐ုံးက လာလီဂါရဲ႕ အယူခံကို ေထာက္ခံဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္မခ်ႏိုင္ခဲ့တာေၾကာင့္ ဂါဗီကို ပထမအသင္းကစားသမားအျဖစ္ ဆက္လက္ ကစားခြင့္ေပးခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာေတာ့ ဘာစီလိုနာအသင္းဟာ စီရင္ခ်က္ကို ဆန႔္က်င္ၿပီး အယူခံဝင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၎တို႔ရဲ႕ ႀကိဳးပမ္းမႈက မေအာင္ျမင္ဘူးလို႔ ေျပာၾကားျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဂါဗီဟာ ဇူလိုင္လ ၁ ရက္ေန႔မွာ ပထမအသင္းကစားသမားအျဖစ္ မွတ္ပုံမတင္ႏိုင္ဘူးဆိုရင္ စာခ်ဳပ္ဟာ အက်ဳံးဝင္မွာမဟုတ္ေတာ့ဘူးလို႔ ယုံၾကည္ရၿပီး ဘာစီလိုနာက လစာပမာဏကို ေလွ်ာ့ခ်ႏိုင္မွသာ ဂါဗီကို မွတ္ပုံတင္ခြင့္ရွိမွာျဖစ္ပါတယ္။

လာလီဂါရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ေပၚမွာ ယွဥ္ၿပိဳင္ကစားေနတဲ့ အသင္း ၂၀ စလုံးရဲ႕ ပထမအသင္း ကစားသမားေတြကို စာရင္းေဖာ္ျပထားတဲ့အထဲက ဘာစီလိုနာပထမအသင္းလူစာရင္းထဲကေန ဂါဗီကို ဖယ္ရွားလိုက္တာျဖစ္ၿပီး လိဂ္နဲ႔ ဘာစီလိုနာၾကားက တိုက္ပြဲၾကားမွာ ဂါဗီရဲ႕ အနာဂတ္ကလည္း မေရမရာျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဂါဗီအေနနဲ႔ ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္မလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ၿပီး စပိန္ကြင္းလယ္ၾကယ္ပြင့္ကို လီဗာပူးလ္၊ မန္စီးတီး၊ မန္ယူႏိုက္တက္တို႔အားလုံးဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လာမယ့္ ဇြန္လ ၃၀ ရက္ေန႔မတိုင္ခင္အထိ ဂါဗီကို ပထမအသင္းကစားသမားအျဖစ္ မွတ္ပုံတင္ႏိုင္ေအာင္ ဥပေဒေၾကာင္းအရ ဆက္လက္ တိုက္ပြဲဝင္သြားမွာျဖစ္ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးဆိုရင္ စပိန္ကြင္းလယ္လူကို အလြတ္နဲ႔ ေခၚယူမယ့္အသင္းေတြ အလုအယက္ျဖစ္လာၾကေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.