Premier League

ကွန်တေအတွက် လေးစားဖွယ် အပြုအမူကို လုပ်ဆောင်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်များ

ချဲလ်ဆီးကြယ်ပွင့်တွေဖြစ်တဲ့ မေဆန် မောင့်နဲ့ သီယေဂို ဆေးလ်ဗားတို့ဟာ မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်ပါဝင်ကစားခဲ့တဲ့ အန်ဂိုလို ကွန်တေအတွက် အားပေးထောက်ခံမှုကို ပြသခဲ့ကြပါတယ်။

အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ စပါးစ်နဲ့ ကစားခဲ့တဲ့ ဩဂုတ်လလယ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသူဖြစ်ပြီး ကြံ့ခိုင်မှု ပြန်ရအောင် ရက်သတ္တပတ်ပေါင်းများစွာ ပထမအသင်းလူစာရင်းနဲ့ လေ့ကျင့်ရေး ဆင်းနေခဲ့တာဖြစ်ပါတယ်။

ဂရေဟမ် ပေါ့တားရဲ့အသင်းဟာ လာမယ့်အပတ်အစောပိုင်း လက်ရှိ နိုင်ငံတကာအားလပ်ရက်အပြီးမှာ ကလပ်အသင်းပြိုင်ပွဲတွေ ပြန်လည်မကစားခင် ယနေ့ညနေပိုင်း ကော့ဘ်ဟမ်မှာ တံခါးပိတ် ချစ်ကြည်ရေး ခြေစမ်းပွဲကစားခဲ့ရာမှာ ကွန်တေက မိနစ် ၆၀ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ကွန်တေဟာ ချဲလ်ဆီးလူငယ်အသင်းအတွက် ပါဝင်ကစားပေးရာမှာ ထက်မြက်နေပုံပေါ်ခဲ့ပြီး ဒီယွန် ရန်ကိုင်း၊ ဆီလ်ကို သောမတ်စ်၊ မာလစ်ခ် မားသားဆီးလ်တို့က အိမ်ရှင်ချဲလ်ဆီးကို ၃-၀ နဲ့ အနိုင်ရရှိအောင် ဂိုးတွေသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

လပေါင်းများစွာ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမားကို သီယေဂို ဆေးလ်ဗားနဲ့ မေဆန် မောင့်တို့က ကွန်တေရဲ့ နာမည်နဲ့ ကျောနံပါတ် ပါဝင်တဲ့ ရှပ်ကို ဝတ်ဆင် အားပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “မေဆန်နဲ့ သီယေဂိုတို့က ဒီနေ့ သူ့အတွက် စီစဉ်ပေးထားတဲ့ ခြေစမ်းပွဲမှာ အန်ဂိုလို ကွန်တေကို အားပေးခဲ့ကြတယ်။”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မေဆန် မောင့်နဲ့ သီယေဂို ဆေးလ်ဗားတို့က ပွဲကြည့်စင်ကနေ ကွန်တေကို အားပေးနေကြတယ်။ အဆင့်အတန်းရှိလိုက်တဲ့အပြုအမူ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပရိသတ်တွေကတော့ လာမယ့် ဧပြီလ ကလပ်အသင်းပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ကွင်းလယ်နေရာမှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ အန်ဂိုလို ကွန်တေတို့ ၂ ဦးကို မြင်တွေ့ရတော့မယ့်အလားအလာကြောင့် စိတ်လှုပ်ရှားနေကြတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးၾကယ္ပြင့္ေတြျဖစ္တဲ့ ေမဆန္ ေမာင့္နဲ႔ သီေယဂို ေဆးလ္ဗားတို႔ဟာ ျမက္ခင္းစိမ္းေပၚမွာ ျပန္လည္ပါဝင္ကစားခဲ့တဲ့ အန္ဂိုလို ကြန္ေတအတြက္ အားေပးေထာက္ခံမႈကို ျပသခဲ့ၾကပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ စပါးစ္နဲ႔ ကစားခဲ့တဲ့ ဩဂုတ္လလယ္ပြဲစဥ္မွာ ရရွိခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူခဲ့ရသူျဖစ္ၿပီး ႀကံ့ခိုင္မႈ ျပန္ရေအာင္ ရက္သတၱပတ္ေပါင္းမ်ားစြာ ပထမအသင္းလူစာရင္းနဲ႔ ေလ့က်င့္ေရး ဆင္းေနခဲ့တာျဖစ္ပါတယ္။

ဂေရဟမ္ ေပါ့တားရဲ႕အသင္းဟာ လာမယ့္အပတ္အေစာပိုင္း လက္ရွိ ႏိုင္ငံတကာအားလပ္ရက္အၿပီးမွာ ကလပ္အသင္းၿပိဳင္ပြဲေတြ ျပန္လည္မကစားခင္ ယေန႔ညေနပိုင္း ေကာ့ဘ္ဟမ္မွာ တံခါးပိတ္ ခ်စ္ၾကည္ေရး ေျခစမ္းပြဲကစားခဲ့ရာမွာ ကြန္ေတက မိနစ္ ၆၀ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ကြန္ေတဟာ ခ်ဲလ္ဆီးလူငယ္အသင္းအတြက္ ပါဝင္ကစားေပးရာမွာ ထက္ျမက္ေနပုံေပၚခဲ့ၿပီး ဒီယြန္ ရန္ကိုင္း၊ ဆီလ္ကို ေသာမတ္စ္၊ မာလစ္ခ္ မားသားဆီးလ္တို႔က အိမ္ရွင္ခ်ဲလ္ဆီးကို ၃-၀ နဲ႔ အႏိုင္ရရွိေအာင္ ဂိုးေတြသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

လေပါင္းမ်ားစြာ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တဲ့ ျပင္သစ္ကြင္းလယ္ကစားသမားကို သီေယဂို ေဆးလ္ဗားနဲ႔ ေမဆန္ ေမာင့္တို႔က ကြန္ေတရဲ႕ နာမည္နဲ႔ ေက်ာနံပါတ္ ပါဝင္တဲ့ ရွပ္ကို ဝတ္ဆင္ အားေပးခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “ေမဆန္နဲ႔ သီေယဂိုတို႔က ဒီေန႔ သူ႔အတြက္ စီစဥ္ေပးထားတဲ့ ေျခစမ္းပြဲမွာ အန္ဂိုလို ကြန္ေတကို အားေပးခဲ့ၾကတယ္။”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေမဆန္ ေမာင့္နဲ႔ သီေယဂို ေဆးလ္ဗားတို႔က ပြဲၾကည့္စင္ကေန ကြန္ေတကို အားေပးေနၾကတယ္။ အဆင့္အတန္းရွိလိုက္တဲ့အျပဳအမူ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းပရိသတ္ေတြကေတာ့ လာမယ့္ ဧၿပီလ ကလပ္အသင္းၿပိဳင္ပြဲေတြ ျပန္လည္စတင္ခ်ိန္မွာ ကြင္းလယ္ေနရာမွာ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ အန္ဂိုလို ကြန္ေတတို႔ ၂ ဦးကို ျမင္ေတြ႕ရေတာ့မယ့္အလားအလာေၾကာင့္ စိတ္လႈပ္ရွားေနၾကေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.