Premier League

မန်စီးတီးပြောင်းရင် ဖလားရမှာသိပေမယ့် မန်ယူနိုက်တက်ကို ရွေးခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ ဆန်းချက်ဇ်

အလက်ဆစ် ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အစား မန်ချက်စတာစီးတီးကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အခုလောက်ဆိုရင် ချန်ပီယံလိဂ်ဖလား ရရှိနေခဲ့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အမ်ခီတာယန်နဲ့ အလဲအထပ်အဖြစ် အာဆင်နယ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းအတိုင်း ထပ်တူ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ မြင့်မားခဲ့တာဖြစ်ပြီး ချီလီတောင်ပံကြယ်ပွင့်ဟာ အမ်းမရိတ်စ်မှာ ၁၆၆ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၀ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်မှာ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘဲ ၄၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ရာမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန်ကို အငှားနဲ့ ထွက်ကစားပြီးနောက် ၂၀၂၁ ခုနှစ်မှာ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆန်းချက်ဇ်က မန်ချက်စတာယူနိုက်တက်အစား မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဂွါဒီယိုလာက နူးကမ့်မှာ အလုပ်အတူတူ တွဲလုပ်ဖူးခဲ့တဲ့ ကစားသမားဟောင်းနဲ့ ပြန်လည်ဆုံစည်းချင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အလက်ဆစ် ဆန်းချက်ဇ်ဟာ အိုးထရက်ဖို့ဒ်မှာ အဲရစ် ကန်တိုနာ၊ ဒေးဗစ် ဘက်ဟမ်း၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျော့ဂျ် ဘက်စ်တ်တို့လို ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ အထင်ကရ ကျောနံပါတ်ဖြစ်တဲ့ နံပါတ် ၇ ကို ကမ်းလှမ်းခြင်းခံခဲ့ရပြီးနောက် စီးတီးကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မန်စီးတီးကို သွားတော့မလို့ပါပဲ။ ကျွန်တော် ဂွါဒီယိုလာနဲ့ နေ့တိုင်း စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ပြောခဲ့တယ်။ သူက ကျွန်တော့် အဖေလိုမျိုးပဲ။ သူက ဘာစီလိုနာမှာတုန်းက ကျွန်တော့်ရဲ့ ဖခင်ဖြစ်ခဲ့ပြီး စီးတီးမှာလည်း ကျွန်တော့်ရဲ့ ဖခင်လိုမျိုး ဖြစ်ခဲ့မှာပါ။ ကျွန်တော်တို့ စကားပြောခဲ့တယ်။ နေ့တိုင်း စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို မက်ဆေ့ချ်တွေ ပို့ခဲ့တယ်။ အရာအားလုံးက အဆင်သင့်ပဲ။

အဲဒီမှာ အာဆင်နယ်ကို သွားမယ့်ကစားသမား ရှိနေခဲ့တယ်။ အဲဒီတုန်းက ဝင်းဂါးက ကျွန်တော့်ကို မင်း မသွားရဘူး။ ဘာလို့လဲဆိုတော့ တခြားကစားသမားက အာဆင်နယ်ကို မလာချင်လို့ သူတို့ဆီမှာ နောက်ထပ်ကစားသမားမရှိဘူးလို့ ပြောခဲ့တယ်။ ရုတ်တရက်ပဲ ဖုန်းမြည်လာတယ်။ မော်ရင်ညိုက ကျွန်တော့်ကို အလက်ဆစ်ရေ မင်းအတွက် ကျောနံပါတ် ၇ ဒီမှာ ပေးနိုင်တယ်တဲ့။ အဲဒါက ငွေကြေးနဲ့မဆိုင်ပါဘူး။ အဲဒီတော့ အားလုံးလည်း သိလောက်ပါပြီ။ မန်ယူနိုက်တက်ပဲ ပြောင်းပြောင်း၊ မန်စီးတီးပဲပြောင်းပြောင်း ပိုက်ဆံက အတူတူရမှာပါ။

မော်ရင်ညိုက ကျွန်တော့်ကို ဒီမှာ ကျောနံပါတ် ၇ ပေးမယ်။ ငါတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာ ကစားနေတယ်။ ငါတို့တွေ အရာအားလုံးကို ပေးသွားမယ်လို့ ပြောခဲ့တယ်။ ကျွန်တော် အဲဒီအချိန်မှာ ထွက်ချင်ခဲ့ပေမယ့် ကျွန်တော့်မှာလည်း ဂွါဒီယိုလာနဲ့ ပြောပြီးဆိုပြီးသားဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဘာသာ ကျွန်တော် ပြောခဲ့တာက မန်ချက်စတာယူနိုက်တက်အတွက် ချီလီဘောလံးသမား ကစားပေးတာမျိုးက အရင်တုန်းက ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။

ကန်တိုနာ၊ ဘက်ဟမ်း၊ ရော်နယ်လ်ဒိုတို့ရဲ့ ကျောနံပါတ် ၇ ကို ချီလီကစားသမားက ဝတ်ဆင်ရမယ်။ အဲဒါက အိပ်မက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ နောင်တမရပါဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်တာပါ။ ကျွန်တော် စီးတီးကို သွားချင်ခဲ့လားဆိုရင် သွားချင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခုလောက်ဆို ချန်ပီယံလိဂ်ဖလား ရလောက်ပါပြီ။ ဗိုလ်လုပွဲမှာ(၂၀၂၁ ချန်ပီယံလိဂ်)မှာ ကျွန်တော်သာရှိရင် တစ်ခုခုတော့ လုပ်ခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္အစား မန္ခ်က္စတာစီးတီးကိုသာ ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ အခုေလာက္ဆိုရင္ ခ်န္ပီယံလိဂ္ဖလား ရရွိေနခဲ့မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ အမ္ခီတာယန္နဲ႔ အလဲအထပ္အျဖစ္ အာဆင္နယ္ကေန မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။ ဆန္းခ်က္ဇ္အေနနဲ႔ အာဆင္နယ္မွာ ျပသခဲ့တဲ့ ေျခစြမ္းအတိုင္း ထပ္တူ ျပသႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားခဲ့တာျဖစ္ၿပီး ခ်ီလီေတာင္ပံၾကယ္ပြင့္ဟာ အမ္းမရိတ္စ္မွာ ၁၆၆ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈၀ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ၾကယ္ပြင့္ဟာ အိုးထရက္ဖို႔ဒ္မွာ ေမွ်ာ္မွန္းထားတဲ့အတိုင္း ျဖစ္မလာခဲ့ဘဲ ၄၅ ပြဲသာ ပါဝင္ကစားခြင့္ရရွိခဲ့ရာမွာ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အင္တာမီလန္ကို အငွားနဲ႔ ထြက္ကစားၿပီးေနာက္ ၂၀၂၁ ခုႏွစ္မွာ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဆန္းခ်က္ဇ္က မန္ခ်က္စတာယူႏိုက္တက္အစား မန္စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဂြါဒီယိုလာက ႏူးကမ့္မွာ အလုပ္အတူတူ တြဲလုပ္ဖူးခဲ့တဲ့ ကစားသမားေဟာင္းနဲ႔ ျပန္လည္ဆုံစည္းခ်င္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ အိုးထရက္ဖို႔ဒ္မွာ အဲရစ္ ကန္တိုနာ၊ ေဒးဗစ္ ဘက္ဟမ္း၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ့ဂ်္ ဘက္စ္တ္တို႔လို ကစားသမားေတြ ဝတ္ဆင္ခဲ့တဲ့ အထင္ကရ ေက်ာနံပါတ္ျဖစ္တဲ့ နံပါတ္ ၇ ကို ကမ္းလွမ္းျခင္းခံခဲ့ရၿပီးေနာက္ စီးတီးကို ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ မန္စီးတီးကို သြားေတာ့မလို႔ပါပဲ။ ကြၽန္ေတာ္ ဂြါဒီယိုလာနဲ႔ ေန႔တိုင္း စကားေျပာခဲ့တယ္။ သူက ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္စရာေမြးေန႔ျဖစ္ပါေစလို႔ ေျပာခဲ့တယ္။ သူက ကြၽန္ေတာ့္ အေဖလိုမ်ိဳးပဲ။ သူက ဘာစီလိုနာမွာတုန္းက ကြၽန္ေတာ့္ရဲ႕ ဖခင္ျဖစ္ခဲ့ၿပီး စီးတီးမွာလည္း ကြၽန္ေတာ့္ရဲ႕ ဖခင္လိုမ်ိဳး ျဖစ္ခဲ့မွာပါ။ ကြၽန္ေတာ္တို႔ စကားေျပာခဲ့တယ္။ ေန႔တိုင္း စကားေျပာခဲ့တယ္။ သူက ကြၽန္ေတာ့္ကို မက္ေဆ့ခ်္ေတြ ပို႔ခဲ့တယ္။ အရာအားလုံးက အဆင္သင့္ပဲ။

အဲဒီမွာ အာဆင္နယ္ကို သြားမယ့္ကစားသမား ရွိေနခဲ့တယ္။ အဲဒီတုန္းက ဝင္းဂါးက ကြၽန္ေတာ့္ကို မင္း မသြားရဘူး။ ဘာလို႔လဲဆိုေတာ့ တျခားကစားသမားက အာဆင္နယ္ကို မလာခ်င္လို႔ သူတို႔ဆီမွာ ေနာက္ထပ္ကစားသမားမရွိဘူးလို႔ ေျပာခဲ့တယ္။ ႐ုတ္တရက္ပဲ ဖုန္းျမည္လာတယ္။ ေမာ္ရင္ညိဳက ကြၽန္ေတာ့္ကို အလက္ဆစ္ေရ မင္းအတြက္ ေက်ာနံပါတ္ ၇ ဒီမွာ ေပးႏိုင္တယ္တဲ့။ အဲဒါက ေငြေၾကးနဲ႔မဆိုင္ပါဘူး။ အဲဒီေတာ့ အားလုံးလည္း သိေလာက္ပါၿပီ။ မန္ယူႏိုက္တက္ပဲ ေျပာင္းေျပာင္း၊ မန္စီးတီးပဲေျပာင္းေျပာင္း ပိုက္ဆံက အတူတူရမွာပါ။

ေမာ္ရင္ညိဳက ကြၽန္ေတာ့္ကို ဒီမွာ ေက်ာနံပါတ္ ၇ ေပးမယ္။ ငါတို႔ေတြက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲထဲမွာ ကစားေနတယ္။ ငါတို႔ေတြ အရာအားလုံးကို ေပးသြားမယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္ အဲဒီအခ်ိန္မွာ ထြက္ခ်င္ခဲ့ေပမယ့္ ကြၽန္ေတာ့္မွာလည္း ဂြါဒီယိုလာနဲ႔ ေျပာၿပီးဆိုၿပီးသားျဖစ္ေနတယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္ ေျပာခဲ့တာက မန္ခ်က္စတာယူႏိုက္တက္အတြက္ ခ်ီလီေဘာလံးသမား ကစားေပးတာမ်ိဳးက အရင္တုန္းက ဘယ္တုန္းကမွ မရွိခဲ့ဖူးဘူး။

ကန္တိုနာ၊ ဘက္ဟမ္း၊ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ေက်ာနံပါတ္ ၇ ကို ခ်ီလီကစားသမားက ဝတ္ဆင္ရမယ္။ အဲဒါက အိပ္မက္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တာ ေနာင္တမရပါဘူး။ အေၾကာင္းရွိလို႔ အက်ိဳးျဖစ္တာပါ။ ကြၽန္ေတာ္ စီးတီးကို သြားခ်င္ခဲ့လားဆိုရင္ သြားခ်င္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အခုေလာက္ဆို ခ်န္ပီယံလိဂ္ဖလား ရေလာက္ပါၿပီ။ ဗိုလ္လုပြဲမွာ(၂၀၂၁ ခ်န္ပီယံလိဂ္)မွာ ကြၽန္ေတာ္သာရွိရင္ တစ္ခုခုေတာ့ လုပ္ခဲ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.