International

ဘာမှ သက်သေပြနေစရာမလိုဘူးလို့ ခပ်တင်းတင်းပဲ ပြောလိုက်တဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက ၎င်းရဲ့ ကလပ်အသင်းက ခြေစွမ်းကို ကာကွယ်ပြောဆိုခဲ့ပြီး အမြင့်မားဆုံးအဆင့်မှာ သက်သေပြသထားပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမပွဲထွက်နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်လက် ပါဝင်ကစားခွင့်ရရှိနေတာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာတော့ ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်းအဆင့်မှာ ပွဲထွက်ကစားခွင့် အကန့်အသတ်နဲ့ ရရှိနေပေမယ့် အင်္ဂလန်မှာတော့ ဆောက်ဂိတ်လက်အောက် ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာဖြစ်ပြီး ယူကရိန်းနဲ့ပွဲမတိုင်ခင် ပွဲထွက်ခွင့်အတွက် သက်သေပြသထားပြီးဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အင်္ဂလန်အတွက် ဟုတ်ပါတယ်။ ကျွန်တော် အသိအမှတ်ပြုခံရတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် နားထောင်။ ကျွန်တော်က ဗဟိုခံစစ်ကစားသမားတွေ အများကြီးနဲ့ အလုပ်လုပ်နေတဲ့ ဂါးရတ်ကို သက်သေပြသခဲ့ပြီးပါပြီ။ သူက နိုင်ငံထဲက အင်္ဂလိပ်ဗဟိုခံစစ်ကစားသမားတွေအားလုံးကို ရွေးချယ်လို့ရပြီး ကျွန်တော် ပါဝင်ကစားပေးနိုင်တဲ့အချိန်တိုင်း အသင်းထဲမှာ ကျွန်တော် ရွေးချယ်ခံခဲ့ရတယ်။

ခင်ဗျား ကျန်တဲ့လူတွေအားလုံးကို ကျွန်တော်က အသင်းထဲကို ဘာတွေ ယူဆောင်ပေးနိုင်လဲလို့ မေးရင် သူတို့တွေ သိကြမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ကျွန်တော်က အသက် ၃၀ အရွယ်ရှိပါပြီ။ ဒီလိုအဆင့်အတန်းမှာ ကျွန်တော့်ကိုယ်ကို သက်သေပြသဖို့ မလိုအပ်တော့ပါဘူး။ ကျွန်တော် လက်ရွေးစင်အတွက် ပွဲ ၅၀ ကျော် ကစားပေးထားပြီး အင်္ဂလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် နောက်ခံကစားသမားပါ။”လို့ ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားက မန်ချက်စတာယူနိုက်တက်က အချိန်တွေကိုလည်းကာကွယ်ပြောဆိုခဲ့ပြီး အသင်းခေါင်းဆောင်ဖြစ်တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နောက်ခံလူက ပြီးခဲ့တဲ့ရာသီမှာ အသင်းသားတိုင်း ဆိုးရွားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာကို ထောက်ပြခဲ့ပြီး ၎င်းအနေနဲ့ ခုတုံးလုပ်မခံခဲ့ရသင့်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် မန်ချက်စတာယူနိုက်တက်အတွက် ပွဲ ၂၀၀ နီးပါးကစားခဲ့ပါတယ်။ ကျွန်တော် အခုဆိုရင် အသင်းခေါင်းဆောင်ဖြစ်ခဲ့တာ ၃ နှစ်ရှိပါပြီ။ ဒါပေမယ့် ခင်ဗျားက မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်နေတဲ့အခါမှာ အပြင်းထန်ဆုံး ပြစ်တင်ဝေဖန်မှုတွေခံရမှာပါ။ ပြီးခဲ့တဲ့ရာသီ ကလပ်အသင်းအဆင့်မှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အားလုံးနဲ့အတူပဲ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး”လို့ ပြောကြားသွားခဲ့တာာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားက ၎ရဲ႕ ကလပ္အသင္းက ေျခစြမ္းကို ကာကြယ္ေျပာဆိုခဲ့ၿပီး အျမင့္မားဆုံးအဆင့္မွာ သက္ေသျပသထားၿပီးသားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ပထမပြဲထြက္ေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ ဆက္လက္ ပါဝင္ကစားခြင့္ရရွိေနတာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့တာျဖစ္ပါတယ္။

ကလပ္အသင္းအဆင့္မွာ ပြဲထြက္ကစားခြင့္ အကန႔္အသတ္နဲ႔ ရရွိေနေပမယ့္ အဂၤလန္မွာေတာ့ ေဆာက္ဂိတ္လက္ေအာက္ ပုံမွန္ပြဲထြက္ခြင့္ ရရွိေနတာျဖစ္ၿပီး ယူကရိန္းနဲ႔ပြဲမတိုင္ခင္ ပြဲထြက္ခြင့္အတြက္ သက္ေသျပသထားၿပီးျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အဂၤလန္အတြက္ ဟုတ္ပါတယ္။ ကြၽန္ေတာ္ အသိအမွတ္ျပဳခံရတယ္လို႔ ခံစားရပါတယ္။ ဒါေပမယ့္ နားေထာင္။ ကြၽန္ေတာ္က ဗဟိုခံစစ္ကစားသမားေတြ အမ်ားႀကီးနဲ႔ အလုပ္လုပ္ေနတဲ့ ဂါးရတ္ကို သက္ေသျပသခဲ့ၿပီးပါၿပီ။ သူက ႏိုင္ငံထဲက အဂၤလိပ္ဗဟိုခံစစ္ကစားသမားေတြအားလုံးကို ေ႐ြးခ်ယ္လို႔ရၿပီး ကြၽန္ေတာ္ ပါဝင္ကစားေပးႏိုင္တဲ့အခ်ိန္တိုင္း အသင္းထဲမွာ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခံခဲ့ရတယ္။

ခင္ဗ်ား က်န္တဲ့လူေတြအားလုံးကို ကြၽန္ေတာ္က အသင္းထဲကို ဘာေတြ ယူေဆာင္ေပးႏိုင္လဲလို႔ ေမးရင္ သူတို႔ေတြ သိၾကမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ ကြၽန္ေတာ္က အသက္ ၃၀ အ႐ြယ္ရွိပါၿပီ။ ဒီလိုအဆင့္အတန္းမွာ ကြၽန္ေတာ့္ကိုယ္ကို သက္ေသျပသဖို႔ မလိုအပ္ေတာ့ပါဘူး။ ကြၽန္ေတာ္ လက္ေ႐ြးစင္အတြက္ ပြဲ ၅၀ ေက်ာ္ ကစားေပးထားၿပီး အဂၤလန္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ေနာက္ခံကစားသမားပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

မက္ဂြိဳင္းယားက မန္ခ်က္စတာယူႏိုက္တက္က အခ်ိန္ေတြကိုလည္းကာကြယ္ေျပာဆိုခဲ့ၿပီး အသင္းေခါင္းေဆာင္ျဖစ္တာေၾကာင့္ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ခံေနရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ေနာက္ခံလူက ၿပီးခဲ့တဲ့ရာသီမွာ အသင္းသားတိုင္း ဆိုး႐ြားတဲ့ရာသီကို ပိုင္ဆိုင္ခဲ့တယ္ဆိုတာကို ေထာက္ျပခဲ့ၿပီး ၎အေနနဲ႔ ခုတုံးလုပ္မခံခဲ့ရသင့္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပြဲ ၂၀၀ နီးပါးကစားခဲ့ပါတယ္။ ကြၽန္ေတာ္ အခုဆိုရင္ အသင္းေခါင္းေဆာင္ျဖစ္ခဲ့တာ ၃ ႏွစ္ရွိပါၿပီ။ ဒါေပမယ့္ ခင္ဗ်ားက မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ျဖစ္ေနတဲ့အခါမွာ အျပင္းထန္ဆုံး ျပစ္တင္ေဝဖန္မႈေတြခံရမွာပါ။ ၿပီးခဲ့တဲ့ရာသီ ကလပ္အသင္းအဆင့္မွာ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္က အားလုံးနဲ႔အတူပဲ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ပါဘူး။ ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ပါဘူး”လို႔ ေျပာၾကားသြားခဲ့တာာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.