International

မန်ယူနိုက်တက်နဲ့တန်ဟက်တို့ ဂုဏ်ယူရအောင်လုပ်နိုင်ခဲ့တဲ့ ကာစီမီရို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ကာစီမီရိုဟာ ဘရာဇီးလ်အသင်းခေါင်းဆောင်သစ်အဖြစ် သီယေဂို ဆေးလ်ဗားရဲ့နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတယ်လို့ အတည်ပြုခြင်းခံခဲ့ရပါတယ်။

ကာစီမီရိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ဟာ အဲရစ် တန်ဟက်ရဲ့အသင်း အောင်မြင်မှုမှာ အဓိကကျခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း လက်ရွေးစင်အသင်းအတွက်လည်း အဓိကကစားသမား ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကာစီမီရိုဟာ ၂၀၁၁ ခုနှစ်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ၆၉ ပွဲ ပါဝင်ကစားပေးထားခဲ့ရာမှာ ၂၀၁၉ ကိုပါအမေရိက အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ သီယေဂို ဆေးလ်ဗားက လက်ရွေးစင်ကစားသမားဘဝကနေ တရားဝင် အနားမယူသေးပေမယ့်လည်း ဘောလုံးသမိုင်းမှာ အကျော်ကြားဆုံး အသင်းခေါင်းဆောင်လက်ပတ်ကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်သွားရတော့မှာ ဖြစ်ပါတယ်။

“တွေးစရာနည်းလမ်းတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာ့ဖလားမှာ သီယေဂို ဆေးလ်ဗား ရှိခဲ့ပေမယ့် ကျွန်တော့်ဘက်မှာလည်း ကျွန်တော်က ကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော် အသင်းခေါငး်ဆောင်ရာထူးအတွက် ကိုယ့်ကိုကိုယ် ပြင်ဆင်ထားခဲ့ပြီး ယုံကြည်မှုပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ တကယ်လို့ နောက်ထပ် အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ရမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်က ခေါင်းဆောင်တွေထဲက တစ်ဦးဆိုတာကို သိနေပြီး အရင်ကတည်းက အသငး်ကို အသင်းခေါင်းဆောင်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခဲ့လို့ပါ။ တီတီမှာက အတွေးအခေါ်တစ်ခုရှိခဲ့တယ်။ ကျွန်တော်တို့ အဲဒါကို လေးစားခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားတွေကို ထည့်တွက်ဘဲ ကွင်းထဲက ခေါင်းဆောင်၊ အတွေ့အကြုံအရှိဆုံးကစားသမား၊ အားလုံးမှာ ဒိုင်လူကြီး ဒါမှမဟုတ် တခြားတာဝန်ရှိသူတွေနဲ့ စကားပြောဖို့ အခွင့်အရေးရှိပါတယ်။ လေးစားမှုက ကွင်းထဲမှာပဲ ရရှိနိုင်တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ကာစီမီ႐ိုဟာ ဘရာဇီးလ္အသင္းေခါင္းေဆာင္သစ္အျဖစ္ သီေယဂို ေဆးလ္ဗားရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတယ္လို႔ အတည္ျပဳျခင္းခံခဲ့ရပါတယ္။

ကာစီမီ႐ိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ယခုရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ဟာ အဲရစ္ တန္ဟက္ရဲ႕အသင္း ေအာင္ျမင္မႈမွာ အဓိကက်ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း လက္ေ႐ြးစင္အသင္းအတြက္လည္း အဓိကကစားသမား ျဖစ္ခဲ့တာျဖစ္ပါတယ္။

ကာစီမီ႐ိုဟာ ၂၀၁၁ ခုႏွစ္မွာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၆၉ ပြဲ ပါဝင္ကစားေပးထားခဲ့ရာမွာ ၂၀၁၉ ကိုပါအေမရိက ေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ကစားသမားဟာ သီေယဂို ေဆးလ္ဗားက လက္ေ႐ြးစင္ကစားသမားဘဝကေန တရားဝင္ အနားမယူေသးေပမယ့္လည္း ေဘာလုံးသမိုင္းမွာ အေက်ာ္ၾကားဆုံး အသင္းေခါင္းေဆာင္လက္ပတ္ကို ဂုဏ္ယူစြာနဲ႔ ဝတ္ဆင္သြားရေတာ့မွာ ျဖစ္ပါတယ္။

“ေတြးစရာနည္းလမ္းေတြ အမ်ားႀကီးရွိေနပါတယ္။ ကမာၻ႔ဖလားမွာ သီေယဂို ေဆးလ္ဗား ရွိခဲ့ေပမယ့္ ကြၽန္ေတာ့္ဘက္မွာလည္း ကြၽန္ေတာ္က ႀကိဳတင္ျပင္ဆင္ထားခဲ့တယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ္ အသင္းေခါငး္ေဆာင္ရာထူးအတြက္ ကိုယ့္ကိုကိုယ္ ျပင္ဆင္ထားခဲ့ၿပီး ယုံၾကည္မႈေပးတဲ့အတြက္ ေက်းဇူးတင္မိပါတယ္။ တကယ္လို႔ ေနာက္ထပ္ အသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္ရမယ္ဆိုရင္လည္း ျပႆနာမရွိပါဘူး။

ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ေခါင္းေဆာင္ေတြထဲက တစ္ဦးဆိုတာကို သိေနၿပီး အရင္ကတည္းက အသငး္ကို အသင္းေခါင္းေဆာင္အျဖစ္နဲ႔ လြတ္လြတ္လပ္လပ္ ေျပာဆိုႏိုင္ခဲ့လို႔ပါ။ တီတီမွာက အေတြးအေခၚတစ္ခုရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ အဲဒါကို ေလးစားခဲ့ပါတယ္။ ဒါေပမယ့္ ဆုဖလားေတြကို ထည့္တြက္ဘဲ ကြင္းထဲက ေခါင္းေဆာင္၊ အေတြ႕အႀကဳံအရွိဆုံးကစားသမား၊ အားလုံးမွာ ဒိုင္လူႀကီး ဒါမွမဟုတ္ တျခားတာဝန္ရွိသူေတြနဲ႔ စကားေျပာဖို႔ အခြင့္အေရးရွိပါတယ္။ ေလးစားမႈက ကြင္းထဲမွာပဲ ရရွိႏိုင္တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.