International

၁၁ မိနစ်ပဲ ပေးကစားပြီး ထုတ်ခံခဲ့ရတဲ့ ဖိုဒန်လာပြောတဲ့စကားကို ပြောပြခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ကြာသပတေးနေ့ညက အီတလီနဲ့ပွဲစဉ်မှာ ၁၁ မိနစ်သာ ကစားရသေးချိန်မှာ လူစားလဲခံခဲ့ရတာနဲ့ပတ်သက်ပြီး ဖိုဒန်က ဘာပြဿနာမှ မရှိခဲ့ဘူး ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပထမပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဒီကလန် ရိုက်စ်၊ ဟာရီ ကိန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ နေပယ်မှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းဟာ ပိုမိုခက်ခဲတဲ့အချိန်တွေ ဖြစ်ခဲ့ပြီး မက်တဲအူ ရီတီဂီက အီတလီအတွက် ပွဲပြန်စတင်ပြီး သိပ်မကြာခင်မှာပဲ ချေပဂိုး ပြန်လည်သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ပွဲစဉ်အတွင်း ထိန်းချုပ်မှုအချို့ ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဖိုဒန်ကို ၆၉ မိနစ်မှာ လူစားဝင်ကစားစေခဲ့တာဖြစ်ပေမယ့်လည်း ၁၀ မိနစ်လောက်မှာပဲ လုခ် ရှောက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဆောက်ဂိတ်အနေနဲ့ နောက်ထပ် လူစားလဲလှယ်မှု တစ်ခု မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြဟာ ဖိုဒန်ကိုပဲ ပြန်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးကြယ်ပွင့်ရဲ့နေရာမှာ ထရစ်ပီယာကို လူစားဝင်ကစားစေခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်တောင်ပံကြယ်ပွင့်က ဆုံးဖြတ်ချက်ကို လုံးဝ နားလည်တဲ့အကြောင်း ပွဲပြီးပြီးချင်းမှာပဲ ပြောကြားခဲ့တယ်လို့ ဆောက်ဂိတ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖိုဒန်ကို လူစားလဲခံရမှုအတွက် ရှင်းပြခဲ့လားလို့ မေးမြန်းခဲ့ရာမှာ ဆောက်ဂိတ်က “ဟင့်အင်း သူ ကျွန်တော့်ဆီ ရောက်လာခဲ့ပြီး ကျွန်တော် သိတယ်။ ကျွန်တော် သဘောပေါက်ပါတယ်လို့ ပြောခဲ့တာပါ။ သူက ကျွန်တော်တို့ ဘာလုပ်ဖို့ လိုအပ်နေခဲ့လဲဆိုတာ အတိအကျသိနေခဲ့ပါတယ်။

ခင်ဗျား အဲဒီလို လုပ်ချင်မှာမဟုတ်တာ သိသာပေမယ့် ကျွန်တော်တို့ နောက်ခံတောင်ပံကစားသမား ပြန်ထည့်ဖို့ လိုအပ်နေခဲ့ပါတယ်။ ကျွန်တော်တို့ ဖြတ်တင်ဘောတွေကို ဖြေရှင်းဖို့အတွက် လုံလောက်တဲ့လူအင်အားရှိအောင် ကစားကွက်ကို ပြောင်းကစားလို့ရတယ်လို့ ခံစားခဲ့ရပေမယ့်လည်း နောက်ခံတောင်ပံကစားသမားနဲ့ ဖြတ်တင်ဘောတွေကို တားဆီးတာက မှန်ကန်တဲ့နည်းလမ်းဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္က ၾကာသပေတးေန႔ညက အီတလီနဲ႔ပြဲစဥ္မွာ ၁၁ မိနစ္သာ ကစားရေသးခ်ိန္မွာ လူစားလဲခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ဖိုဒန္က ဘာျပႆနာမွ မရွိခဲ့ဘူး ေျပာၾကားခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ပထမပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသႏိုင္ခဲ့ၿပီး ဒီကလန္ ႐ိုက္စ္၊ ဟာရီ ကိန္းတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ ေနပယ္မွာ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းဟာ ပိုမိုခက္ခဲတဲ့အခ်ိန္ေတြ ျဖစ္ခဲ့ၿပီး မက္တဲအူ ရီတီဂီက အီတလီအတြက္ ပြဲျပန္စတင္ၿပီး သိပ္မၾကာခင္မွာပဲ ေခ်ပဂိုး ျပန္လည္သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ပြဲစဥ္အတြင္း ထိန္းခ်ဳပ္မႈအခ်ိဳ႕ ျပန္လည္ရယူႏိုင္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ဖိုဒန္ကို ၆၉ မိနစ္မွာ လူစားဝင္ကစားေစခဲ့တာျဖစ္ေပမယ့္လည္း ၁၀ မိနစ္ေလာက္မွာပဲ လုခ္ ေရွာက ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ေဆာက္ဂိတ္အေနနဲ႔ ေနာက္ထပ္ လူစားလဲလွယ္မႈ တစ္ခု မျဖစ္မေနျပဳလုပ္ဖို႔ လိုအပ္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္နည္းျပဟာ ဖိုဒန္ကိုပဲ ျပန္ထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးၾကယ္ပြင့္ရဲ႕ေနရာမွာ ထရစ္ပီယာကို လူစားဝင္ကစားေစခဲ့တာျဖစ္ေပမယ့္လည္း အဂၤလန္ေတာင္ပံၾကယ္ပြင့္က ဆုံးျဖတ္ခ်က္ကို လုံးဝ နားလည္တဲ့အေၾကာင္း ပြဲၿပီးၿပီးခ်င္းမွာပဲ ေျပာၾကားခဲ့တယ္လို႔ ေဆာက္ဂိတ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဖိုဒန္ကို လူစားလဲခံရမႈအတြက္ ရွင္းျပခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ ေဆာက္ဂိတ္က “ဟင့္အင္း သူ ကြၽန္ေတာ့္ဆီ ေရာက္လာခဲ့ၿပီး ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္ သေဘာေပါက္ပါတယ္လို႔ ေျပာခဲ့တာပါ။ သူက ကြၽန္ေတာ္တို႔ ဘာလုပ္ဖို႔ လိုအပ္ေနခဲ့လဲဆိုတာ အတိအက်သိေနခဲ့ပါတယ္။

ခင္ဗ်ား အဲဒီလို လုပ္ခ်င္မွာမဟုတ္တာ သိသာေပမယ့္ ကြၽန္ေတာ္တို႔ ေနာက္ခံေတာင္ပံကစားသမား ျပန္ထည့္ဖို႔ လိုအပ္ေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ျဖတ္တင္ေဘာေတြကို ေျဖရွင္းဖို႔အတြက္ လုံေလာက္တဲ့လူအင္အားရွိေအာင္ ကစားကြက္ကို ေျပာင္းကစားလို႔ရတယ္လို႔ ခံစားခဲ့ရေပမယ့္လည္း ေနာက္ခံေတာင္ပံကစားသမားနဲ႔ ျဖတ္တင္ေဘာေတြကို တားဆီးတာက မွန္ကန္တဲ့နည္းလမ္းျဖစ္မယ္လို႔ ဆုံးျဖတ္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.