La Liga

အိုဇေးလ် အာဆင်နယ်ကို သွားတုန်းက ဒေါသထွက်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အိုဇေးလ်တို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အလွန်ကောင်းမွန်တဲ့ တိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့ပြီး စပိန်ကလပ်အသင်းက ဂျာမန်ကွင်းလယ်လူကို ရောင်းထုတ်ခဲ့ချိန်မှာ တော့ ခက်ခဲတဲ့ အဆုံးသတ်ဖြစ်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုက အိုဇေးလ်ကို ရောင်းချခဲ့မှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပြီး ၎င်းအတွက် အလွန်ဆိုးရွားတဲ့ သတင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်က အိုဇေးလ်ဟာ ၎င်းရဲ့ ကွင်းထဲက လှုပ်ရှားမှုတွေကို အားလုံးထက် ကောင်းကောင်း ပိုသိခဲ့တာကြောင့် ဂျာမန်ကွင်းလယ်လူ အာဆင်နယ်ကို ထွက်ခွာသွားချိန်မှာ ဒေါသထွက်ခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အိုဇေးလ်ကို ရောင်းချမှုက ကျွန်တော့်အတွက်တော့ အရမ်းကို ဆိုးရွားတဲ့သတင်းပါ။ သူက ဂိုးရှေ့မှာ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကို အကောင်းဆုံးသိခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ကျွန်တော် အိုဇေးလ် ထွက်ခွာသွားတာနဲ့ပတ်သက်ပြီး ဒေါသထွက်မိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မီဆွတ် အိုဇေးလ်ဟာ ဗုဒ္ဓဟူးနေ့မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုနဲ့ ဂျာမနီကွင်းလယ်ကစားသမားတို့ဟာ ကွင်းထဲမှာတင်မကဘဲ ကွင်းပြင်ပမှာပါ အလွန်ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရချိန်တုန်းက ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး နောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရန်ခုံပို့ခြင်းခံခဲ့ချိန်မှာ မီဒီယာတွေဆီကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။

အိုဇေးလ်က ၎င်းရဲ့ အသင်းဖော်ဟောင်းဘက်ကနေ အလျင်အမြန် ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ “”မီဒီယာတွေကနေ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဒီလို မကောင်းသတင်းတွေ ဘယ်လို ဆက်တိုက်ထွက်လာလဲဆိုတာ ကျွန်တော် တကယ်နားမလည်ပါဘူး။ မီဒီယာတွေက ကလစ်ရဖို့ပဲ ကြိုးပမ်းနေပြီး ဘာမှ လုပ်စားစရာမရှိတော့တဲ့ ဘောလုံးဝေဖန်သူတွေက သူ့ရဲ့ နာမည်ကြီးမှုနဲ့အတူ အာရုံစိုက်မှုလိုချင်နေပြီး သူ့ကို မကောင်းတဲ့ပုံစံမျိုးဖြစ်အောင် ပုံဖော်ဖို့ ကြိုးပမ်းနေတာပါ။ မကြာခင် သူက အသက် ၃၈ နှစ်ပြည့်တော့မှာပါ။ အဲဒီတော့ သူ တစ်ရာသီကို ဂိုး ၅၀ ထပ်မသွင်းနိုင်တော့ရင်လည်း ဘာ အံ့အားသင့်စရာ ရှိသေးလို့လဲ။ ဘောလုံးပရိသတ်တိုင်းက နှစ် ၂၀ လောက် သူ့ကို ကမ္ဘာ့အဆင့်မှာ ကစားနေတာ မြင်ရတာကိုပဲ ပျော်ရွှင်နေသင့်ပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းတွေအတိုင်း နောက်ထပ်တစ်ကြိမ် လုပ်နိုင်မယ့်သူက မျိုးဆက်သစ်တွေထဲမှာ ဘယ်သူမှ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက အမြဲတမ်း သူ့ရဲ့ကိုယ်ပိုင် အဆင့်အတန်းမှာပဲ ထာဝရရှိနေပါလိမ့်မယ်။ အားကစားသမိုင်းက အကြီးကျယ်အခမ်းနားဆုံးအားကစားသမားတွေထဲက တစ်ဦးကို အားလုံးပိုပြီး လေးစားမှုပြသင့်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အိုေဇးလ္တို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အလြန္ေကာင္းမြန္တဲ့ တိုက္စစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့ၿပီး စပိန္ကလပ္အသင္းက ဂ်ာမန္ကြင္းလယ္လူကို ေရာင္းထုတ္ခဲ့ခ်ိန္မွာ ေတာ့ ခက္ခဲတဲ့ အဆုံးသတ္ျဖစ္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုက အိုေဇးလ္ကို ေရာင္းခ်ခဲ့မႈနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၿပီး ၎အတြက္ အလြန္ဆိုး႐ြားတဲ့ သတင္းျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္က အိုေဇးလ္ဟာ ၎ရဲ႕ ကြင္းထဲက လႈပ္ရွားမႈေတြကို အားလုံးထက္ ေကာင္းေကာင္း ပိုသိခဲ့တာေၾကာင့္ ဂ်ာမန္ကြင္းလယ္လူ အာဆင္နယ္ကို ထြက္ခြာသြားခ်ိန္မွာ ေဒါသထြက္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အိုေဇးလ္ကို ေရာင္းခ်မႈက ကြၽန္ေတာ့္အတြက္ေတာ့ အရမ္းကို ဆိုး႐ြားတဲ့သတင္းပါ။ သူက ဂိုးေရွ႕မွာ ကြၽန္ေတာ့္ရဲ႕ လႈပ္ရွားမႈေတြကို အေကာင္းဆုံးသိခဲ့တဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ အိုေဇးလ္ ထြက္ခြာသြားတာနဲ႔ပတ္သက္ၿပီး ေဒါသထြက္မိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မီဆြတ္ အိုေဇးလ္ဟာ ဗုဒၶဟူးေန႔မွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန အနားယူၿပီျဖစ္တဲ့အေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ဂ်ာမနီကြင္းလယ္ကစားသမားတို႔ဟာ ကြင္းထဲမွာတင္မကဘဲ ကြင္းျပင္ပမွာပါ အလြန္ခ်စ္ခင္ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ပိုင္ဆိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ထြက္ခြာခဲ့ရခ်ိန္တုန္းက ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး ေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အရန္ခုံပို႔ျခင္းခံခဲ့ခ်ိန္မွာ မီဒီယာေတြဆီကေန ျပင္းထန္တဲ့ ေဝဖန္မႈေတြခံခဲ့ရတာျဖစ္ပါတယ္။

အိုေဇးလ္က ၎ရဲ႕ အသင္းေဖာ္ေဟာင္းဘက္ကေန အလ်င္အျမန္ ကာကြယ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး လူမႈကြန္ရက္ေပၚမွာ “”မီဒီယာေတြကေန ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ဒီလို မေကာင္းသတင္းေတြ ဘယ္လို ဆက္တိုက္ထြက္လာလဲဆိုတာ ကြၽန္ေတာ္ တကယ္နားမလည္ပါဘူး။ မီဒီယာေတြက ကလစ္ရဖို႔ပဲ ႀကိဳးပမ္းေနၿပီး ဘာမွ လုပ္စားစရာမရွိေတာ့တဲ့ ေဘာလုံးေဝဖန္သူေတြက သူ႔ရဲ႕ နာမည္ႀကီးမႈနဲ႔အတူ အာ႐ုံစိုက္မႈလိုခ်င္ေနၿပီး သူ႔ကို မေကာင္းတဲ့ပုံစံမ်ိဳးျဖစ္ေအာင္ ပုံေဖာ္ဖို႔ ႀကိဳးပမ္းေနတာပါ။ မၾကာခင္ သူက အသက္ ၃၈ ႏွစ္ျပည့္ေတာ့မွာပါ။ အဲဒီေတာ့ သူ တစ္ရာသီကို ဂိုး ၅၀ ထပ္မသြင္းႏိုင္ေတာ့ရင္လည္း ဘာ အံ့အားသင့္စရာ ရွိေသးလို႔လဲ။ ေဘာလုံးပရိသတ္တိုင္းက ႏွစ္ ၂၀ ေလာက္ သူ႔ကို ကမာၻ႔အဆင့္မွာ ကစားေနတာ ျမင္ရတာကိုပဲ ေပ်ာ္႐ႊင္ေနသင့္ပါတယ္။ သူ႔ရဲ႕ ကိန္းဂဏန္းေတြအတိုင္း ေနာက္ထပ္တစ္ႀကိမ္ လုပ္ႏိုင္မယ့္သူက မ်ိဳးဆက္သစ္ေတြထဲမွာ ဘယ္သူမွ ရွိမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူက အၿမဲတမ္း သူ႔ရဲ႕ကိုယ္ပိုင္ အဆင့္အတန္းမွာပဲ ထာဝရရွိေနပါလိမ့္မယ္။ အားကစားသမိုင္းက အႀကီးက်ယ္အခမ္းနားဆုံးအားကစားသမားေတြထဲက တစ္ဦးကို အားလုံးပိုၿပီး ေလးစားမႈျပသင့္ပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.