Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂.၁၀.၂၀၂၀

– ရီးရဲလ္မက္ဒရစ္တုိက္စစ္မွဴး လူကာ ယုိဗစ္ခ်္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္း အလိုရွိေနၿပီး ေခၚယူစဥ္က ေပါင္ ၄၆ သန္း က်သင့္ခဲ့တဲ့ ဆားဘီးယားသားအတြက္ အငွားနဲ႔ စတင္ေခၚယူၿပီး အၿပီးသတ္ေခၚယူခြင့္ထည့္သြင္းဖို႔ ေဆြးေႏြးေန။

– ေဂ်ဒန္ ဆန္ခ်ဳိအေနနဲ႔ ေဒါ့မြန္ကေန မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖို႔ အမွန္တကယ္ အလိုရွိခဲ့ေၾကာင္း စကိုင္းစပုိ႔စ္ သတင္းေထာက္ ဒါးမက္ရွ္ ရွက္သ္က ေျပာၾကားခဲ့ၿပီး အဂၤလန္ကလပ္ဘက္က လုပ္ေဆာင္ႏုိင္မွဳ မရွိလုိ႔ျဖစ္ေၾကာင္း ထုတ္ေဖာ္။

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေပၚတိုေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ လက္မေလွ်ာ့ေသးဘဲ တတိယအႀကိမ္ ထပ္မံကမ္းလွမ္းလိုက္ၿပီး ေနာက္ဆုံးအႀကိမ္ ကမ္းလွမ္းမွဳအေပၚ ခံစားခြင့္ရရွိႏုိင္တဲ့ အခ်က္ေတြ ပုိမိုတုိးျမႇင့္ေပးထားတယ္လုိ႔ဆုိ။

– ယူႏုိက္တက္နဲ႔ ခ်ိတ္ဆက္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနခဲ့တဲ့ ေတာင္ပံတိုက္စစ္မွဴး အူစမန္ ဒမ္ဘီလီအေနနဲ႔ ၿပီးခဲ့တဲ့ ဆဲလ္တာဗီဂိုနဲ႔ပြဲမွာ အရန္ခုံမွာ လူစားလဲမခံရတဲ့ ကစားသမားတစ္ဦးအျဖစ္ ရွိေနခဲ့ျခင္းဟာ နည္းစနစ္ပုိင္းအရ မသင့္ေတာ္လုိ႔ျဖစ္တယ္လုိ႔ ဘာစီလိုနာနည္းျပ ကိုးမန္းရွင္းလင္း။

– နည္းျပ ဆုိးလ္ရွားအေနနဲ႔ အသင္းကို ဘယ္ေနာက္ခံ၊ ညာေတာင္ပံနဲ႔ တုိက္စစ္မွဴး ၃ ေနရာကို ေတာင္းဆုိထားခဲ့ၿပီး တိုက္စစ္မွဴးေနရာအတြက္ ရီးရဲလ္ရဲ႕ ယိုဗစ္ခ်္ကို ဦးစားေပးေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး သူ႕ကို မရမွသာ လစာျမင့္မားတဲ့ ကာဗာနီဘက္ လွည့္ဖို႔ ရွိတယ္လုိ႔ ကၽြမ္းက်င္သူေတြ သုံးသပ္ထား။

– ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေရးဆြဲမွဳအရ ေတြ႕ဆုံမယ့္ အုပ္စု(H)မွာ RB လုိက္ပ္ဇစ္မွာကလြဲလုိ႔ က်န္ႏွစ္သင္းျဖစ္တဲ့ ပီအက္စ္ဂ်ီရဲ႕ ဟာရဲရားနဲ႔ အစၥတန္ဘူလ္ရဲ႕ ရာေဖးလ္တုိ႔နဲ႔ ယွဥ္ၿပဳိင္ဖို႔ ရွိေနခ်ိန္မွာ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က အသင္းေဖာ္ေဟာင္း ဟာရဲရားနဲ႔ ၿပဳိင္ဘက္ေတြအျဖစ္ေတြ႕ဆုံဖို႔ တြစ္တာမွာ အျပန္အလွန္ မက္ေဆ့ေပးပုိ႔ထား။

– ေအစီမီလန္နဲ႔ ခ်ိတ္ဆက္ေနတဲ့ ဒါေလာ့ကိုပါ ႐ိုးမားအသင္းက စိတ္ဝင္စားေနၿပီး စေမာလင္းနဲ႔အတူ တစ္ပါတည္း ေခၚယူႏုိင္ဖို႔ ကမ္းလွမ္းမွဳကို မန္ခ်က္စတာယူႏုိက္တက္ရရွိထားတယ္လို႔ သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေပြီး ခေါ်ယူစဉ်က ပေါင် ၄၆ သန်း ကျသင့်ခဲ့တဲ့ ဆားဘီးယားသားအတွက် အငှားနဲ့ စတင်ခေါ်ယူပြီး အပြီးသတ်ခေါ်ယူခွင့်ထည့်သွင်းဖို့ ဆွေးနွေးနေ။

– ဂျေဒန် ဆန်ချိုအနေနဲ့ ဒေါ့မွန်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အမှန်တကယ် အလိုရှိခဲ့ကြောင်း စကိုင်းစပို့စ် သတင်းထောက် ဒါးမက်ရှ် ရှက်သ်က ပြောကြားခဲ့ပြီး အင်္ဂလန်ကလပ်ဘက်က လုပ်ဆောင်နိုင်မှု မရှိလို့ဖြစ်ကြောင်း ထုတ်ဖော်။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် လက်မလျှော့သေးဘဲ တတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်ပြီး နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုအပေါ် ခံစားခွင့်ရရှိနိုင်တဲ့ အချက်တွေ ပိုမိုတိုးမြှင့်ပေးထားတယ်လို့ဆို။

– ယူနိုက်တက်နဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ တောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီအနေနဲ့ ပြီးခဲ့တဲ့ ဆဲလ်တာဗီဂိုနဲ့ပွဲမှာ အရန်ခုံမှာ လူစားလဲမခံရတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေခဲ့ခြင်းဟာ နည်းစနစ်ပိုင်းအရ မသင့်တော်လို့ဖြစ်တယ်လို့ ဘာစီလိုနာနည်းပြ ကိုးမန်းရှင်းလင်း။

– နည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းကို ဘယ်နောက်ခံ၊ ညာတောင်ပံနဲ့ တိုက်စစ်မှူး ၃ နေရာကို တောင်းဆိုထားခဲ့ပြီး တိုက်စစ်မှူးနေရာအတွက် ရီးရဲလ်ရဲ့ ယိုဗစ်ချ်ကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေပြီး သူ့ကို မရမှသာ လစာမြင့်မားတဲ့ ကာဗာနီဘက် လှည့်ဖို့ ရှိတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထား။

– ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရေးဆွဲမှုအရ တွေ့ဆုံမယ့် အုပ်စု(H)မှာ RB လိုက်ပ်ဇစ်မှာကလွဲလို့ ကျန်နှစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ဟာရဲရားနဲ့ အစ္စတန်ဘူလ်ရဲ့ ရာဖေးလ်တို့နဲ့ ယှဉ်ပြိုင်ဖို့ ရှိနေချိန်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းဖော်ဟောင်း ဟာရဲရားနဲ့ ပြိုင်ဘက်တွေအဖြစ်တွေ့ဆုံဖို့ တွစ်တာမှာ အပြန်အလှန် မက်ဆေ့ပေးပို့ထား။

– အေစီမီလန်နဲ့ ချိတ်ဆက်နေတဲ့ ဒါလော့ကိုပါ ရိုးမားအသင်းက စိတ်ဝင်စားနေပြီး စမောလင်းနဲ့အတူ တစ်ပါတည်း ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုကို မန်ချက်စတာယူနိုက်တက်ရရှိထားတယ်လို့ သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.