Match Report Premier League

ပင္နယ္တီမွာ အန္းဖီးလ္မွတ္တမ္းဆုိးကို ေက်ာ္ျဖတ္သြားႏုိင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ဒီေန႔မွာေတာ့ ပရိသတ္ေတြ ျမင္ခ်င္တဲ့ ဂါဘရီယယ္လ္ကို ျပန္လည္သုံးစြဲခဲ့မွဳနဲ႔အတူ သံသယေတြ ရွိေနခဲ့ၾကတဲ့ ဂိုးသမား လီႏိုရဲ႕ ပြဲခ်ိန္တြင္း လက္စြမ္းျပ ကာကြယ္မွဳေတြနဲ႔ ပင္နယ္တီကန္ရဖို႔ ျဖစ္လာခ်ိန္မွာ ၈ ႏွစ္ၾကာ ႏုိင္ပြဲေပ်ာက္ဆုံးေနတဲ့ အန္းဖီးလ္မွတ္တမ္းဆုိးကို ေက်ာ္ျဖတ္သြားႏုိင္ခဲ့ပါတယ္။

အာဆင္နယ္တုိ႔အေနနဲ႔ ပြဲခ်ိန္ ၇ မိနစ္ေလာက္မွာပဲ တန္ျပန္တုိက္စစ္ကေန အခြင့္အေရးရခဲ့ၿပီး ေပေပက ျဖတ္တင္ေပးခဲ့ေပမယ့္ ဝီေလာ့ခ္နဲ႔ နကီးတီးယားတို႔ အသုံးခ်ရႏိုင္ခဲ့ဘဲ ဂိုးသမား အက္ဒရီယန္ကို လိမ္ဖို႔ မေအာင္ျမင္ခ်ိန္မွာ ျပန္ထြက္လာတဲ့ ေဘာလုံးက ဆီးဒရစ္ဆီမွာ အလကားျဖစ္သြားခဲ့တာပါ။

လီဗာပူးလ္ရဲ႕ တုိက္စစ္မွာ ေတာင္ပံကစားသမားေတြေပမယ့္ အေထာင္ဆန္ဆန္ကစားခဲ့တဲ့ ဆာလားနဲ႔ ဂ်ဳိတာတုိ႔ ႏွစ္ဦးမွာ ဆာလားကို ကစားသမားသစ္ ဂါဘရီယယ္လ္က ကိုယ္လုံးကိုယ္ထည္ခ်င္း ယွဥ္ၿပီး ထိန္းခ်ဳပ္သြားႏုိင္ခဲ့ေပမယ့္ ဘယ္ျခမ္းက ဂ်ဳိတာကေတာ့ လြတ္ထြက္ေနခဲ့ၿပီး သူ႕ဘက္ျခမ္းကပဲ အိမ္ရွင္ေတြ တုိက္စစ္ကို ပုံေဖာ္ေနခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာ ညာေတာင္ပံက နီကို ဝီလီယမ္စ္ရဲ႕ ျဖတ္တင္ေဘာကို ဂ်ဳိတာ ေခါင္းတုိက္တာကို လီႏို ပုတ္ထုတ္လုိ႔ ထြက္လာခဲ့တဲ့ ေဘာလုံးကို မီနာမီႏုိက ကန္သြင္းခဲ့ရာမွာ ဘားထိၿပီး ထြက္သြားခဲ့လို႔ အာဆင္နယ္တုိ႔ သက္သာခြင့္ရခဲ့ၿပီး ပထမပုိင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ၿပီးခဲ့တဲ့ပြဲမွာ ကစားထားရတဲ့ ခ်ာကာနဲ႔ စီဘာေယာ့စ္တုိ႔ရဲ႕ ကစားအား က်လာခဲ့တာ့တာေၾကာင့္ အာဆင္နယ္တုိ႔ ခံစစ္မွာပဲ အခ်ိန္ကုန္ခဲ့ရၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ေထာင့္ကန္ေဘာက ဗန္ဒိုက္ရဲ႕ အနီးကပ္ ကန္သြင္းမွဳကို လီႏိုက အလ်င္အျမန္ ကာကြယ္ႏုိင္ခဲ့လုိ႔ လီဗာပူးလ္တုိ႔ အဖြင့္ဂိုးနဲ႔ ေဝးေနခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ အာဆင္နယ္ဂိုးသမား လီႏိုအေနနဲ႔ ေတာ္ေတာ္ေလး အလုပ္မ်ားခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္အတြင္းမွာ ဂ်ဳိတာရဲ႕ ကန္သြင္းခ်က္နဲ႔ ေထာင့္ကန္ေဘာကေန ဂ႐ူယစ္ခ်္ရဲ႕ ေခါင္းတုိက္ခ်က္ေတြကို ဆက္တိုက္ကာကြယ္ေနခဲ့ရၿပီးေနာက္ပုိင္းမွာေတာ့ လီဗာပူးလ္တုိ႔ ကစားအား ေလွ်ာ့ခ်လာခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ ဂိုးေပါက္ကို တစ္ႀကိမ္ ၿခိမ္းေျခာက္ႏုိင္ခဲ့တာကလြဲလို႔ စုဖြဲ႕မွဳေကာင္းတဲ့ လီဗာပူးလ္ကို အေဝးကြင္း ႏွစ္ပြဲဆက္မွာ ပြဲပန္းေနၿပီး တုိက္စစ္မဆင္ႏုိင္ေတာ့တဲ့ ဧည့္သည္ေတြအေနနဲ႔ ပင္နယ္တီကိုသာ ဦးတည္ခဲ့ၾကရၿပီး ပင္နယ္တီကန္သြင္းရာမွာ တည္ၿငိမ္သူေတြျဖစ္ၾကတဲ့ လာကာဇက္နဲ႔ မိတ္လန္းႏုိင္းလ္စ္တုိ႔ကိုလည္း လူစားဝင္ေရာက္ေစခဲ့ပါတယ္။

ပင္နယ္တီမွာေတာ့ လီဗာပူးလ္ဘက္က မီလ္နာ၊ ဗိုင္နယ္လ္ဒြမ္၊ မီနာမီႏိုနဲ႔ ကားတစ္ ဂ်ဳံးစ္တုိ႔သာ ဝင္ၿပီး ေအာ္ရီဂီနဲ႔ ဝီလ္ဆန္တုိ႔ရဲ႕ ပင္နယ္တီ ေတြကို လီႏို ပုတ္ထုတ္သြားခဲ့ခ်ိန္မွာ အက္ဒရီယန္ကေတာ့ အယ္နန္နီတစ္ဦးတည္းကိုသာ ကာကြယ္ႏုိင္ခဲ့ၿပီး လာကာဇက္၊ ဆီးဒရစ္၊ မိတ္လန္းႏုိင္းလ္စ္၊ ေပေပနဲ႔ ဝီေလာ့ခ္တုိ႔ရဲ႕ ကန္ခ်က္ေတြကို ခြင့္ျပဳခဲ့ရလုိ႔ အာဆင္နယ္တုိ႔ ငါးဂိုး-ေလးဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရခဲ့တဲ့ အာဆင္နယ္ကေတာ့ ကြာတားဖိုင္နယ္အဆင့္မွာ ေနာက္ဆုံးေလးႏွစ္ဆက္တုိက္ ဒီကာရာေဘာင္းဖလားကို ရယူထားခဲ့တဲ့ လက္ရွိခ်န္ပီယံ မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ လက္ခံကစားရဖို႔ ပြဲစဥ္ေရးဆြဲမွဳ ထြက္ေပၚခဲ့ၿပီး နည္းျပ အာတီတာအေနနဲ႔ ဆရာေဟာင္း ဂြါဒီယိုလာကို မႏွစ္က အက္ဖ္ေအဖလားမွာ လုပ္ျပခဲ့သလိုမ်ဳိးပဲ အံ့အားသင့္ေအာင္ ထပ္ၿပီးလုပ္ႏုိင္ဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ပရိသတ်တွေ မြင်ချင်တဲ့ ဂါဘရီယယ်လ်ကို ပြန်လည်သုံးစွဲခဲ့မှုနဲ့အတူ သံသယတွေ ရှိနေခဲ့ကြတဲ့ ဂိုးသမား လီနိုရဲ့ ပွဲချိန်တွင်း လက်စွမ်းပြ ကာကွယ်မှုတွေနဲ့ ပင်နယ်တီကန်ရဖို့ ဖြစ်လာချိန်မှာ ၈ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးနေတဲ့ အန်းဖီးလ်မှတ်တမ်းဆိုးကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ပွဲချိန် ၇ မိနစ်လောက်မှာပဲ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရခဲ့ပြီး ပေပေက ဖြတ်တင်ပေးခဲ့ပေမယ့် ဝီလော့ခ်နဲ့ နကီးတီးယားတို့ အသုံးချရနိုင်ခဲ့ဘဲ ဂိုးသမား အက်ဒရီယန်ကို လိမ်ဖို့ မအောင်မြင်ချိန်မှာ ပြန်ထွက်လာတဲ့ ဘောလုံးက ဆီးဒရစ်ဆီမှာ အလကားဖြစ်သွားခဲ့တာပါ။

လီဗာပူးလ်ရဲ့ တိုက်စစ်မှာ တောင်ပံကစားသမားတွေပေမယ့် အထောင်ဆန်ဆန်ကစားခဲ့တဲ့ ဆာလားနဲ့ ဂျိုတာတို့ နှစ်ဦးမှာ ဆာလားကို ကစားသမားသစ် ဂါဘရီယယ်လ်က ကိုယ်လုံးကိုယ်ထည်ချင်း ယှဉ်ပြီး ထိန်းချုပ်သွားနိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက ဂျိုတာကတော့ လွတ်ထွက်နေခဲ့ပြီး သူ့ဘက်ခြမ်းကပဲ အိမ်ရှင်တွေ တိုက်စစ်ကို ပုံဖော်နေခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာ ညာတောင်ပံက နီကို ဝီလီယမ်စ်ရဲ့ ဖြတ်တင်ဘောကို ဂျိုတာ ခေါင်းတိုက်တာကို လီနို ပုတ်ထုတ်လို့ ထွက်လာခဲ့တဲ့ ဘောလုံးကို မီနာမီနိုက ကန်သွင်းခဲ့ရာမှာ ဘားထိပြီး ထွက်သွားခဲ့လို့ အာဆင်နယ်တို့ သက်သာခွင့်ရခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပြီးခဲ့တဲ့ပွဲမှာ ကစားထားရတဲ့ ချာကာနဲ့ စီဘာယော့စ်တို့ရဲ့ ကစားအား ကျလာခဲ့တာ့တာကြောင့် အာဆင်နယ်တို့ ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ပွဲချိန် ၅၃ မိနစ်မှာ ထောင့်ကန်ဘောက ဗန်ဒိုက်ရဲ့ အနီးကပ် ကန်သွင်းမှုကို လီနိုက အလျင်အမြန် ကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ်တို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်ဂိုးသမား လီနိုအနေနဲ့ တော်တော်လေး အလုပ်များခဲ့ပြီး ပွဲချိန် ၆၃ မိနစ်အတွင်းမှာ ဂျိုတာရဲ့ ကန်သွင်းချက်နဲ့ ထောင့်ကန်ဘောကနေ ဂရူယစ်ချ်ရဲ့ ခေါင်းတိုက်ချက်တွေကို ဆက်တိုက်ကာကွယ်နေခဲ့ရပြီးနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ကစားအား လျှော့ချလာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ဂိုးပေါက်ကို တစ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့တာကလွဲလို့ စုဖွဲ့မှုကောင်းတဲ့ လီဗာပူးလ်ကို အဝေးကွင်း နှစ်ပွဲဆက်မှာ ပွဲပန်းနေပြီး တိုက်စစ်မဆင်နိုင်တော့တဲ့ ဧည့်သည်တွေအနေနဲ့ ပင်နယ်တီကိုသာ ဦးတည်ခဲ့ကြရပြီး ပင်နယ်တီကန်သွင်းရာမှာ တည်ငြိမ်သူတွေဖြစ်ကြတဲ့ လာကာဇက်နဲ့ မိတ်လန်းနိုင်းလ်စ်တို့ကိုလည်း လူစားဝင်ရောက်စေခဲ့ပါတယ်။

ပင်နယ်တီမှာတော့ လီဗာပူးလ်ဘက်က မီလ်နာ၊ ဗိုင်နယ်လ်ဒွမ်၊ မီနာမီနိုနဲ့ ကားတစ် ဂျုံးစ်တို့သာ ဝင်ပြီး အော်ရီဂီနဲ့ ဝီလ်ဆန်တို့ရဲ့ ပင်နယ်တီ တွေကို လီနို ပုတ်ထုတ်သွားခဲ့ချိန်မှာ အက်ဒရီယန်ကတော့ အယ်နန်နီတစ်ဦးတည်းကိုသာ ကာကွယ်နိုင်ခဲ့ပြီး လာကာဇက်၊ ဆီးဒရစ်၊ မိတ်လန်းနိုင်းလ်စ်၊ ပေပေနဲ့ ဝီလော့ခ်တို့ရဲ့ ကန်ချက်တွေကို ခွင့်ပြုခဲ့ရလို့ အာဆင်နယ်တို့ ငါးဂိုး-လေးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရခဲ့တဲ့ အာဆင်နယ်ကတော့ ကွာတားဖိုင်နယ်အဆင့်မှာ နောက်ဆုံးလေးနှစ်ဆက်တိုက် ဒီကာရာဘောင်းဖလားကို ရယူထားခဲ့တဲ့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ပွဲစဉ်ရေးဆွဲမှု ထွက်ပေါ်ခဲ့ပြီး နည်းပြ အာတီတာအနေနဲ့ ဆရာဟောင်း ဂွါဒီယိုလာကို မနှစ်က အက်ဖ်အေဖလားမှာ လုပ်ပြခဲ့သလိုမျိုးပဲ အံ့အားသင့်အောင် ထပ်ပြီးလုပ်နိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.