Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂.၁၀.၂၀၂၀

– ဒဏ္ရာက သက္သာလာတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ခရစၥတီယန္ ပူလီရွစ္ခ်္က သူ႕အေနနဲ႔ ပြဲတစ္ပြဲကို ကစားႏုိင္တဲ့ ႀကံ့ခုိင္မွဳမ်ဳိး ရွိေနၿပီျဖစ္ၿပီး လာမယ့္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ပြဲထြက္ႏိုင္ဖို႔ အဆင္သင့္ပဲလုိ႔ဆုိ။

– ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ အေျပာင္းအေရႊ႕ မပိတ္ခင္မွာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူႏုိင္ဖို႔ တြန္းအားေပးေနၿပီး အက္စ္ပန္ညဳိက စပိန္လူငယ္ကစားသမား နီကို မယ္လာမက္ကိုလည္း ေစာင့္ၾကည့္ေန။

– အာဆင္နယ္ဂႏၴဝင္တုိက္စစ္မွဴးေဟာင္းႀကီး အီယန္႐ိုက္က လမ္းပတ္အေနနဲ႔ ဟာဗတ္ဇ္ကို ေနရာေျပာင္းလဲသုံးစြဲတာမ်ဳိး မလုပ္သင့္ေၾကာင္းနဲ႔ ေဘာလုံးထိခြင့္ မ်ားမ်ားရမယ့္ ေနရာမွာ ေပးကစားၿပီး ေျခစြမ္းမွန္ရေစဖို႔ ကူညီသင့္ေၾကာင္းဆုိ။

– နည္းျပ လမ္းပတ္နဲ႔ အခ်င္းမ်ားခဲ့တဲ့ ေနာက္ခံလူ မားကို႔စ္ အလြန္ဆုိအေနနဲ႔ ဆက္ဆံေရး ျပန္လည္တည္ေဆာက္ႏုိင္ဖို႔ကိုပဲ လုပ္ရေတာ့မွာျဖစ္ၿပီး သူ႕ကို ေခၚယူလုိတဲ့ အင္တာမီလန္အသင္းက တျခားပစ္မွတ္ျဖစ္တဲ့ ဒါမီယန္ကို ေခၚယူသြားတဲ့အတြက္ မေခၚႏုိင္ေတာ့ဘူးလုိ႔ ဒီမာဇီယို ေဖာ္ျပ။

– ရီးရဲလ္မက္ဒရစ္နဲ႔ အသံထြက္ၿပီးမွ ျပန္ေပ်ာက္သြားခဲ့တဲ့ ကြင္းလယ္လူ တီမူး ဘာကာယိုကိုအတြက္ ဘြန္ဒက္စ္လီဂါကလပ္ ဟာသာဘာလင္က ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့ၿပီး အငွားနဲ႔ တစ္ရာသီစာခ်ဳပ္ခ်ဳပ္ဆုိဖို႔ ေဆြးေႏြးေန။

– အသင္းရဲ႕ စီနီယာေတာင္ပံကစားသမားေတြ ဒဏ္ရာက သက္သာလာခဲ့အၿပီးမွာ ေနရာရဖို႔ ႐ုန္းရႏိုင္တဲ့ ဟဒ္ဆန္-အိုဒြဳိင္းကို အငွားနဲ႔ ေခၚယူဖို႔ ဘုိင္ယန္ျမဴးနစ္အသင္းဘက္က ေဆြးေႏြးမွဳေတြ စတင္ေနၿပီလို႔ ဂ်ာမန္သတင္းဌာန Bild ေဖာ္ျပ။

– အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနသလို နည္းျပ လမ္းပတ္ရဲ႕ ဦးစားေပးစာရင္းမွာ ေနာက္ဆုံးကို ေရာက္ေနခဲ့တဲ့ ဂ်ာမန္ေနာက္ခံလူ အန္တုိနီယို ႐ူဒီဂါအတြက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းက တရားဝင္ကမ္းလွမ္းလုိက္ၿပီလုိ႔ သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒဏ်ရာက သက်သာလာတဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ခရစ္စတီယန် ပူလီရှစ်ချ်က သူ့အနေနဲ့ ပွဲတစ်ပွဲကို ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုး ရှိနေပြီဖြစ်ပြီး လာမယ့် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲထွက်နိုင်ဖို့ အဆင်သင့်ပဲလို့ဆို။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ တွန်းအားပေးနေပြီး အက်စ်ပန်ညိုက စပိန်လူငယ်ကစားသမား နီကို မယ်လာမက်ကိုလည်း စောင့်ကြည့်နေ။

– အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က လမ်းပတ်အနေနဲ့ ဟာဗတ်ဇ်ကို နေရာပြောင်းလဲသုံးစွဲတာမျိုး မလုပ်သင့်ကြောင်းနဲ့ ဘောလုံးထိခွင့် များများရမယ့် နေရာမှာ ပေးကစားပြီး ခြေစွမ်းမှန်ရစေဖို့ ကူညီသင့်ကြောင်းဆို။

– နည်းပြ လမ်းပတ်နဲ့ အချင်းများခဲ့တဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုအနေနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ကိုပဲ လုပ်ရတော့မှာဖြစ်ပြီး သူ့ကို ခေါ်ယူလိုတဲ့ အင်တာမီလန်အသင်းက တခြားပစ်မှတ်ဖြစ်တဲ့ ဒါမီယန်ကို ခေါ်ယူသွားတဲ့အတွက် မခေါ်နိုင်တော့ဘူးလို့ ဒီမာဇီယို ဖော်ပြ။

– ရီးရဲလ်မက်ဒရစ်နဲ့ အသံထွက်ပြီးမှ ပြန်ပျောက်သွားခဲ့တဲ့ ကွင်းလယ်လူ တီမူး ဘာကာယိုကိုအတွက် ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး အငှားနဲ့ တစ်ရာသီစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေ။

– အသင်းရဲ့ စီနီယာတောင်ပံကစားသမားတွေ ဒဏ်ရာက သက်သာလာခဲ့အပြီးမှာ နေရာရဖို့ ရုန်းရနိုင်တဲ့ ဟဒ်ဆန်-အိုဒွိုင်းကို အငှားနဲ့ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းဘက်က ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဂျာမန်သတင်းဌာန Bild ဖော်ပြ။

– အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသလို နည်းပြ လမ်းပတ်ရဲ့ ဦးစားပေးစာရင်းမှာ နောက်ဆုံးကို ရောက်နေခဲ့တဲ့ ဂျာမန်နောက်ခံလူ အန်တိုနီယို ရူဒီဂါအတွက် တော့တင်ဟမ် ဟော့စပါးစ်အသင်းက တရားဝင်ကမ်းလှမ်းလိုက်ပြီလို့ သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.