Premier League

အဆင်ပြေမယ်ကြံခါစရှိသေးတဲ့ ယူနိုက်တက်အတွက် ထိုးနှက်ချက်ဖြစ်လာတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေမှုကို ရပ်ဆိုင်းထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် စိတ်လှုပ်ရှားဖွယ် ပုံစံကို ပြသနေခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုချင်နေတာဖြစ်ပြီး ယခုရာသီအစောပိုင်းတုန်းက ၂၀၂၄ ခုနှစ်အထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် စာချုပ်သက်တမ်း ၁ နှစ်တိုးခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အင်္ဂလန်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ စာချုပ်သစ် ချုပ်ဆိုမယ့်ကိစ္စကို ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်ဟာ နောက်ဆုံး ဆုံးဖြတ်ချက်မချခင်မှာ အသင်းရောင်းချမှု အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားမှာဖြစ်တယ်ုလိ့ သိရပြီး ဗြိတိန် ဘီလျံနာ ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ခ် ဂျက်ဆင်းမ် ဘင် ဟာမက်ဒ် ဘင် ခါလီဖာ အယ်လ် သာနီတို့က ယနေ့မှာ ဒုတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။

အခြား အဖွဲ့အစည်းအများအပြားကလည်း ဂလေဇာမိသားစုကိုယ်စား ရောင်းချဖို့ လုပ်ဆောင်ပေးနေတဲ့ ရင်းနှီးမြုပ်နှံမှုဘဏ် Raine နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်ရညပီး မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းအနေနဲ့ ဖင်လန်လူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင် သောမတ်စ် ဇီလီယာကပ်စ်ကလည်း ယူနိုက်တက်ပရိသတ်တွေဆီကနေ ငွေကြေးပိုင်းအရ အားပေးထောက်ခံမှုတွေ ရရှိမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်ဟာ ပိုင်ရှင်သစ်အပြောင်းအလဲ တည်ငြိမ်သွားတဲ့အချိန်အထိ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်ကြယ်ပွင့်ရဲ့ စာချုပ်သစ်ကို ခရစ္စတီယာနို ရော်နယ်လ်ဒို စည်းမျဉ်းအရ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းဝန်းကျင်နဲ့ ချုပ်ဆိုသွားချင်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနမႈကို ရပ္ဆိုင္းထားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ စိတ္လႈပ္ရွားဖြယ္ ပုံစံကို ျပသေနခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၂၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးကို ကာလရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ေနတာျဖစ္ၿပီး ယခုရာသီအေစာပိုင္းတုန္းက ၂၀၂၄ ခုႏွစ္အထိ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏိုင္ေအာင္ စာခ်ဳပ္သက္တမ္း ၁ ႏွစ္တိုးခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနတာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ အဂၤလန္တိုက္စစ္မႉးဟာ အိုးထရက္ဖို႔ဒ္မွာ ဆက္ေနဖို႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ့္ကိစၥကို ရပ္ဆိုင္းထားမွာျဖစ္တယ္လို႔ သိရပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ရက္ရွ္ဖို႔ဒ္ဟာ ေနာက္ဆုံး ဆုံးျဖတ္ခ်က္မခ်ခင္မွာ အသင္းေရာင္းခ်မႈ အေျခအေနက ဘယ္လိုျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္သြားမွာျဖစ္တယ္ုလိ့ သိရၿပီး ၿဗိတိန္ ဘီလ်ံနာ ဆာ ဂ်င္မ္ ရက္ကလစ္ဖ္နဲ႔ ကာတာဘဏ္လုပ္ငန္းရွင္ ရွိတ္ခ္ ဂ်က္ဆင္းမ္ ဘင္ ဟာမက္ဒ္ ဘင္ ခါလီဖာ အယ္လ္ သာနီတို႔က ယေန႔မွာ ဒုတိယေျမာက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။

အျခား အဖြဲ႕အစည္းအမ်ားအျပားကလည္း ဂေလဇာမိသားစုကိုယ္စား ေရာင္းခ်ဖို႔ လုပ္ေဆာင္ေပးေနတဲ့ ရင္းႏွီးျမဳပ္ႏွံမႈဘဏ္ Raine နဲ႔ ညႇိႏႈိင္းေဆြးေႏြးဖို႔ ႀကိဳးပမ္းေနတယ္လို႔ ယုံၾကည္ရညပီး မေမွ်ာ္လင့္ထားတဲ့ အလွည့္အေျပာင္းအေနနဲ႔ ဖင္လန္လူမ်ိဳး စြန႔္ဦးတီထြင္လုပ္ငန္းရွင္ ေသာမတ္စ္ ဇီလီယာကပ္စ္ကလည္း ယူႏိုက္တက္ပရိသတ္ေတြဆီကေန ေငြေၾကးပိုင္းအရ အားေပးေထာက္ခံမႈေတြ ရရွိမယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာခဲ့ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ရက္ရွ္ဖို႔ဒ္ဟာ ပိုင္ရွင္သစ္အေျပာင္းအလဲ တည္ၿငိမ္သြားတဲ့အခ်ိန္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကိစၥကို ရပ္ဆိုင္းသြားမွာ ျဖစ္တယ္လို႔ သိရၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤလန္ၾကယ္ပြင့္ရဲ႕ စာခ်ဳပ္သစ္ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒို စည္းမ်ဥ္းအရ တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းဝန္းက်င္နဲ႔ ခ်ဳပ္ဆိုသြားခ်င္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.