International

အငြင်းပွားဖွယ်အောင်ပွဲခံဟန်ကို ထပ်လုပ်ပြခဲ့တဲ့ မာတီနက်ဇ်

အီမီလီယာနို မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ကမ္ဘာ့ဖလားအောင်ပွဲရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်ကစားတဲ့ အာဂျင်တီးနားရဲ့ ပွဲစဉ်အပြီးမှာ ၎င်းရဲ့ ကျော်ကြားခဲ့တဲ့ အောင်ပွဲခံဟန်ကို ထပ်လုပ်ပြခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မာတီနက်ဇ်က အသင်းရဲ့ အောင်မြင်မှုမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ကိုလို မူအာနီရဲ့ နောက်ဆုံးမိနစ်မှာ ကန်သွင်းခဲ့တဲ့ အပိုင်ဂိုးကန်သွင်းမှုကို ကာကွယ်ပေးခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ၂ ကြိမ်အထိ ကာကွယ်ပေးနိုင်ခဲ့တာကြောင့် ရွှေလက်အိတ်ဆု ပေးအပ်ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားရဲ့ ဆုနဲ့အတူ ထူးဆန်းတဲ့ အပြုအမူက ဘောလုံးလောကက လူတွေနဲ့ ပရိသတ်တွေအတွက် သဘောမတွေ့စရာ ဖြစ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း အက်စတန် ဗီလာဂိုးသမားက ၎င်းရဲ့နာမည်ကြီးခဲ့တဲ့ အောင်ပွဲခံဟန်ကို လက်ရှိမှာ ထပ်မံ ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပနားမားနဲ့ ခြေစမ်းပွဲအဖြစ် ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မာတီနက်ဇ်ဟာ ဒီတစ်ကြိမ်မှာတော့ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံး ပြန်ကစားတဲ့ပွဲမှာ အိမ်ကွင်းပရိသတ်တွေရှေ့ နောက်ထပ်တစ်ကြိမ် အငြင်းပွားဖွယ် ပြုလုပ်ခဲ့တဲ့ မာတီနက်ဇ်ရဲ့ အောင်ပွဲခံပုံဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြား အမြင်ကွဲလွဲမှုတွေ ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။

တွစ်တာပရိသတ်တစ်ဦးက “ဒီလိုပဲ ဖြစ်နေသင့်တာ။ သူတို့တွေက မုန်းတီးတဲ့သူတွေ ပြောတာကို ဂရုမစိုက်ဘူး”လို့ ထောက်ခံခဲ့ပြီး နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကတော့ “ဒါကြောင့်ပဲ အာဂျင်တီးနားက အရှက်ရစရာကောင်းနေတာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီမီလီယာႏို မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလက ကမာၻ႔ဖလားေအာင္ပြဲရရွိခဲ့ၿပီးေနာက္ပိုင္း ပထမဆုံး ျပန္ကစားတဲ့ အာဂ်င္တီးနားရဲ႕ ပြဲစဥ္အၿပီးမွာ ၎ရဲ႕ ေက်ာ္ၾကားခဲ့တဲ့ ေအာင္ပြဲခံဟန္ကို ထပ္လုပ္ျပခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး မာတီနက္ဇ္က အသင္းရဲ႕ ေအာင္ျမင္မႈမွာ ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ကိုလို မူအာနီရဲ႕ ေနာက္ဆုံးမိနစ္မွာ ကန္သြင္းခဲ့တဲ့ အပိုင္ဂိုးကန္သြင္းမႈကို ကာကြယ္ေပးခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္မွာလည္း ၂ ႀကိမ္အထိ ကာကြယ္ေပးႏိုင္ခဲ့တာေၾကာင့္ ေ႐ႊလက္အိတ္ဆု ေပးအပ္ခ်ီးျမႇင့္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားရဲ႕ ဆုနဲ႔အတူ ထူးဆန္းတဲ့ အျပဳအမူက ေဘာလုံးေလာကက လူေတြနဲ႔ ပရိသတ္ေတြအတြက္ သေဘာမေတြ႕စရာ ျဖစ္ခဲ့တာျဖစ္ၿပီး ၎ရဲ႕ေအာင္ပြဲခံပုံနဲ႔ပတ္သက္ၿပီး ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္လည္း အက္စတန္ ဗီလာဂိုးသမားက ၎ရဲ႕နာမည္ႀကီးခဲ့တဲ့ ေအာင္ပြဲခံဟန္ကို လက္ရွိမွာ ထပ္မံ ျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပနားမားနဲ႔ ေျခစမ္းပြဲအျဖစ္ ၾကာသပေတးေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး မာတီနက္ဇ္ဟာ ဒီတစ္ႀကိမ္မွာေတာ့ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံး ျပန္ကစားတဲ့ပြဲမွာ အိမ္ကြင္းပရိသတ္ေတြေရွ႕ ေနာက္ထပ္တစ္ႀကိမ္ အျငင္းပြားဖြယ္ ျပဳလုပ္ခဲ့တဲ့ မာတီနက္ဇ္ရဲ႕ ေအာင္ပြဲခံပုံဟာ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကား အျမင္ကြဲလြဲမႈေတြ ျဖစ္ေပၚေစခဲ့တာျဖစ္ပါတယ္။

တြစ္တာပရိသတ္တစ္ဦးက “ဒီလိုပဲ ျဖစ္ေနသင့္တာ။ သူတို႔ေတြက မုန္းတီးတဲ့သူေတြ ေျပာတာကို ဂ႐ုမစိုက္ဘူး”လို႔ ေထာက္ခံခဲ့ၿပီး ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကေတာ့ “ဒါေၾကာင့္ပဲ အာဂ်င္တီးနားက အရွက္ရစရာေကာင္းေနတာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.