International

၂ ဝါ ပြခံခဲ့ရပေမယ့်လည်း ဆက်ကစားခွင့်ရခဲ့တဲ့ ဝေါ်ကာကြောင့် စိတ်ရှုပ်ထွေးခဲ့တဲ့ ပရိသတ်များ

အင်္ဂလန်ပရိသတ်တွေဟာ ကိုင်လီ ဝေါ်ကာဟာ အီတလီနဲ့ပွဲမှာ အဝါကတ် ၂ ကတ်ပြသခြင်းခံခဲ့ရပေမယ့်လည်း ကွင်းထဲမှာ ဆက်ကစားခွင့်ရခဲ့တဲ့အတွက် စိတ်ရှုပ်ထွေးခဲ့ကြပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းဟာ ကြာသပတေးနေ့ညက ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ အီတလီကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ယူရို ၂၀၂၀ ဝင်ဘလေဗိုလ်လုပွဲတုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ်က ပထမပိုင်းမှာ အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ဟာရီ ကိန်းက ပင်နယ်တီကနေတဆင့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မက်တဲအို ရီတီဂီက ဒုတိယပိုင်းအစောပိုင်းမှာ အီတလီအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့ပေမယ့်လည်း အင်္ဂလန်က လုခ် ရှောအနီကတ်နဲ့ ထုတ်ပယ်ခံရလို့ တစ်ယောက်လျော့နေပေမယ့်လည်း ၂-၁ ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ အီတလီနဲ့ပွဲစဉ်မှာ ကိုင်လီ ဝေါ်ကာက ၅၃ မိနစ်နဲ့ ၇၁ မိနစ်မှာ အဝါကတ်ပြား ပြသခြင်းခံခဲ့ရတယ်လို့ ယုံကြည်ခဲ့ပြီးနောက် စိတ်ရှုပ်ထွေးခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ ၇၁ မိနစ်မှာ အချိန်ဖြုန်းခြင်းကြောင့် ဒုတိယအဝါကတ်ပြားပြသခြင်းခံခဲ့ရပေမယ့်လည်း ဒိုင်လူကြီးက အနီကတ်ကို ဆက်လက်ပြသခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၂ နှစ်အရွယ် အင်္ဂလန်ညာနောက်ခံလူရဲ့ ပထမ အဝါကတ်ပြားဟာ တကယ်တော့ လောင်းကစားဝက်ဘ်ဆိုက်တွေမှာ မှားယွင်းဖော်ပြခဲ့ပုံပေါ်ခဲ့တာ ဖြစ်ပြီး ဂရီးလစ်ရှ်ကို ပြသခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေကြားမှာ ငြင်းခုံမှုတွေ ရှိခဲ့ကြပေမယ့် ပွဲအချက်အလက်ထဲမှာတော့ လိုရန်းဇိုးကိုသာ ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ပရိသတ္ေတြဟာ ကိုင္လီ ေဝၚကာဟာ အီတလီနဲ႔ပြဲမွာ အဝါကတ္ ၂ ကတ္ျပသျခင္းခံခဲ့ရေပမယ့္လည္း ကြင္းထဲမွာ ဆက္ကစားခြင့္ရခဲ့တဲ့အတြက္ စိတ္ရႈပ္ေထြးခဲ့ၾကပါတယ္။

ေဆာက္ဂိတ္ရဲ႕အသင္းဟာ ၾကာသပေတးေန႔ညက ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအျဖစ္ ကစားခဲ့တဲ့ပြဲစဥ္မွာ အီတလီကို ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ယူ႐ို ၂၀၂၀ ဝင္ဘေလဗိုလ္လုပြဲတုန္းက ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္ ႐ိုက္စ္က ပထမပိုင္းမွာ အဂၤလန္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ ဟာရီ ကိန္းက ပင္နယ္တီကေနတဆင့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မက္တဲအို ရီတီဂီက ဒုတိယပိုင္းအေစာပိုင္းမွာ အီတလီအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးသြားခဲ့ေပမယ့္လည္း အဂၤလန္က လုခ္ ေရွာအနီကတ္နဲ႔ ထုတ္ပယ္ခံရလို႔ တစ္ေယာက္ေလ်ာ့ေနေပမယ့္လည္း ၂-၁ ရလဒ္ကို ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ အီတလီနဲ႔ပြဲစဥ္မွာ ကိုင္လီ ေဝၚကာက ၅၃ မိနစ္နဲ႔ ၇၁ မိနစ္မွာ အဝါကတ္ျပား ျပသျခင္းခံခဲ့ရတယ္လို႔ ယုံၾကည္ခဲ့ၿပီးေနာက္ စိတ္ရႈပ္ေထြးခဲ့ၾကတာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံလူဟာ ၇၁ မိနစ္မွာ အခ်ိန္ျဖဳန္းျခင္းေၾကာင့္ ဒုတိယအဝါကတ္ျပားျပသျခင္းခံခဲ့ရေပမယ့္လည္း ဒိုင္လူႀကီးက အနီကတ္ကို ဆက္လက္ျပသခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၂ ႏွစ္အ႐ြယ္ အဂၤလန္ညာေနာက္ခံလူရဲ႕ ပထမ အဝါကတ္ျပားဟာ တကယ္ေတာ့ ေလာင္းကစားဝက္ဘ္ဆိုက္ေတြမွာ မွားယြင္းေဖာ္ျပခဲ့ပုံေပၚခဲ့တာ ျဖစ္ၿပီး ဂရီးလစ္ရွ္ကို ျပသခဲ့တာျဖစ္တယ္လို႔ ပရိသတ္ေတြၾကားမွာ ျငင္းခုံမႈေတြ ရွိခဲ့ၾကေပမယ့္ ပြဲအခ်က္အလက္ထဲမွာေတာ့ လိုရန္းဇိုးကိုသာ ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.