International

ကမ္ဘာ့ဖလားရခဲ့ပေမယ့် အာဂျင်တီးနားကို အကောင်းဆုံးလို့ မသတ်မှတ်သေးတဲ့ ဖီဖာ

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ကမ္ဘာ့ဖလားကို အနိင်ရရှိခဲ့တဲ့အချိန်မှာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းလို့ ခံစားခဲ့ရမှာဖြစ်ပေမယ့်လည်း အဲဒီလို မဟုတ်ခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်မှာ အာဂျင်တီးနားအသင်းဟာ ကာတာမှာ လီယွန်နယ် မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ ၃၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး စကာလိုနီရဲ့အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီ အာရေဗျကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြိုင်ပွဲတလျှောက်လုံး အကောင်းဆုံးအသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအပါအဝင် ၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဒီယေဂို မာရာဒိုနာနဲ့အတူ အောင်မြင်ခဲ့တဲ့အတိုင်း ထပ်တူ လုပ်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ပြိုင်ပွဲတွေနဲ့ မတူတာက မက်ဆီရဲ့ အသင်းဖော်တွေဟာ ကိုယ်စီ ကျရာအခန်းကဏ္ဍမှာ တာဝန်ကျေခဲ့ကြပြီး တစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေကို ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ ပုခုံးပေါ်မှာပဲ ပုံချမထားခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၁ ကိုပါအမေရိကအောင်မြင်မှုအပြီးမှာ ကမ္ဘာပေါ်က အကြီးမားဆုံး ဆုဖလားဖြစ်တဲ့ ကမ္ဘာ့ဖလားကြီးကို ရရှိခဲ့တာကြောင့် အာဂျင်တီးနားဟာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းဆိုတာ သေချာသွားခဲ့တာဖြစ်ပေမယ့်လည်း ဖီဖာကတော့ အဲဒီလို မယူဆထားဘူးလို့ သိရပါတယ်။ ဖီဖာရဲ့ နောက်ဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ တောင်အမေရိကနဲ့ ကမ္ဘာ့ချန်ပီယံတွေဟာ ကမ္ဘာ့ဘောလုံးလောကမှာ ဒုတိယအကောင်းဆုံးအသင်းအဖြစ်သာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပြီး ကမ္ဘာ့အဆင့်အသင်းအဖြစ် ကိုပါအမေရိကမှာရော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု မရရှိခဲ့တဲ့ ဘရာဇီးလ်အသင်းကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဖီဖာဟာ အနိုင်၊ အရှုံးအပေါ်မှာ ရမှတ်တွေ ပေးတာ၊ လျှော့တာတွေ ပြုလုပ်တာဖြစ်ပြီး အချို့နိုင်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ ပြိုင်ဘက်ရဲ့ အဆင့်သတ်မှတ်ချက်အပေါ်မူတည်ပြီး ရမှတ်တွေ ပိုမိုရရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ မှာ ဖီဖာက အဆင့်သတ်မှတ်ချက်သတ်မှတ်ပုံကို ပြောင်းလဲခဲ့ပြီး အရင်တုန်းက ရမှတ်တွေဟာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာသာ စုဆောင်းခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ရမှတ်တွေကို အသင်းတွေရဲ့ စုစုပေါင်းရမှတ်တွေထဲကို ထပ်ပေါင်းတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၂၁ ကိုပါအမေရိ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အာဂျင်တီးနားအသင်းထက် ရမှတ်ပိုမိုများပြားနေတာဖြစ်ပြီး မက်ဆီရဲ့အသင်းက ပြိုင်ပွဲ ၂ ခုစလုံးမှာ အနိုင်ရခဲ့ပေမယ့်လည်း တောင်အမေရိကပြိုင်ဘက်တွေကို ဖြတ်ကျော်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ လက်ရှိမှာ စုစုပေါင်း ရမှတ် ၁၈၄၀.၇၇ မှတ် ပိုင်ဆိုင်ထားပြီး အာဂျင်တီးနားအသင်းကတော့ ၁၈၃၈.၈၈ မှတ် ရရှိထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ ကမာၻ႔ဖလားကို အနိင္ရရွိခဲ့တဲ့အခ်ိန္မွာ ကမာၻေပၚက အေကာင္းဆုံးအသင္းလို႔ ခံစားခဲ့ရမွာျဖစ္ေပမယ့္လည္း အဲဒီလို မဟုတ္ခဲ့ဘူးလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္မွာ အာဂ်င္တီးနားအသင္းဟာ ကာတာမွာ လီယြန္နယ္ မက္ဆီရဲ႕ ဦးေဆာင္မႈနဲ႔အတူ ၃၆ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး စကာလိုနီရဲ႕အသင္းဟာ အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီ အာေရဗ်ကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း ၿပိဳင္ပြဲတေလွ်ာက္လုံး အေကာင္းဆုံးအသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ ဗိုလ္လုပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးအပါအဝင္ ၇ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဒီေယဂို မာရာဒိုနာနဲ႔အတူ ေအာင္ျမင္ခဲ့တဲ့အတိုင္း ထပ္တူ လုပ္ေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ၿပိဳင္ပြဲေတြနဲ႔ မတူတာက မက္ဆီရဲ႕ အသင္းေဖာ္ေတြဟာ ကိုယ္စီ က်ရာအခန္းက႑မွာ တာဝန္ေက်ခဲ့ၾကၿပီး တစ္ႏိုင္ငံလုံးရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အိပ္မက္ေတြကို ဘလြန္ေဒါ ၇ ဆုရွင္ရဲ႕ ပုခုံးေပၚမွာပဲ ပုံခ်မထားခဲ့ၾကတာျဖစ္ပါတယ္။

၂၀၂၁ ကိုပါအေမရိကေအာင္ျမင္မႈအၿပီးမွာ ကမာၻေပၚက အႀကီးမားဆုံး ဆုဖလားျဖစ္တဲ့ ကမာၻ႔ဖလားႀကီးကို ရရွိခဲ့တာေၾကာင့္ အာဂ်င္တီးနားဟာ ကမာၻေပၚက အေကာင္းဆုံးအသင္းဆိုတာ ေသခ်ာသြားခဲ့တာျဖစ္ေပမယ့္လည္း ဖီဖာကေတာ့ အဲဒီလို မယူဆထားဘူးလို႔ သိရပါတယ္။ ဖီဖာရဲ႕ ေနာက္ဆုံး ကမာၻ႔အဆင့္သတ္မွတ္ခ်က္အရ ေတာင္အေမရိကနဲ႔ ကမာၻ႔ခ်န္ပီယံေတြဟာ ကမာၻ႔ေဘာလုံးေလာကမွာ ဒုတိယအေကာင္းဆုံးအသင္းအျဖစ္သာ ရပ္တည္ႏိုင္ခဲ့တယ္လို႔ သိရၿပီး ကမာၻ႔အဆင့္အသင္းအျဖစ္ ကိုပါအေမရိကမွာေရာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ မရရွိခဲ့တဲ့ ဘရာဇီးလ္အသင္းကို သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ဖီဖာဟာ အႏိုင္၊ အရႈံးအေပၚမွာ ရမွတ္ေတြ ေပးတာ၊ ေလွ်ာ့တာေတြ ျပဳလုပ္တာျဖစ္ၿပီး အခ်ိဳ႕ႏိုင္ပြဲေတြမွာ အႏိုင္ရခဲ့တဲ့ ၿပိဳင္ဘက္ရဲ႕ အဆင့္သတ္မွတ္ခ်က္အေပၚမူတည္ၿပီး ရမွတ္ေတြ ပိုမိုရရွိတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၈ မွာ ဖီဖာက အဆင့္သတ္မွတ္ခ်က္သတ္မွတ္ပုံကို ေျပာင္းလဲခဲ့ၿပီး အရင္တုန္းက ရမွတ္ေတြဟာ သတ္မွတ္ထားတဲ့ အခ်ိန္ကာလအတြင္းမွာသာ စုေဆာင္းခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ရမွတ္ေတြကို အသင္းေတြရဲ႕ စုစုေပါင္းရမွတ္ေတြထဲကို ထပ္ေပါင္းတာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၂၀၂၁ ကိုပါအေမရိ၊ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အာဂ်င္တီးနားအသင္းထက္ ရမွတ္ပိုမိုမ်ားျပားေနတာျဖစ္ၿပီး မက္ဆီရဲ႕အသင္းက ၿပိဳင္ပြဲ ၂ ခုစလုံးမွာ အႏိုင္ရခဲ့ေပမယ့္လည္း ေတာင္အေမရိကၿပိဳင္ဘက္ေတြကို ျဖတ္ေက်ာ္ႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ လက္ရွိမွာ စုစုေပါင္း ရမွတ္ ၁၈၄၀.၇၇ မွတ္ ပိုင္ဆိုင္ထားၿပီး အာဂ်င္တီးနားအသင္းကေတာ့ ၁၈၃၈.၈၈ မွတ္ ရရွိထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.