International

အင်္ဂလန်အတွက် တင်ရှိထားတဲ့စံချိန်ကို ချိုးဖျက်ခဲ့တဲ့ ကိန်းကို သတင်းစကားပါးခဲ့တဲ့ ဝိန်း ရူနီ

အင်္ဂလန်တိုက်စစ်မှူး ဟာရီ ကိန်းက လက်ရွေးစင်အသင်းအတွက် တင်ရှိထားတဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီးနောက် ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

တစ်ချိန်ချိန်မှာ ဖြစ်လာမယ်လို့ မျှော်မှန်းထားခဲ့ပြီးသားဖြစ်ပြီး ဟာရီ ကိန်းသာ ဒီဇင်ဘာလမှာ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားရကောင်း ရနိုင်ခဲ့မှာဖြစ်ပေမယ့်လည်း ကြာသပတေးနေ့မှာ စပါးစ်ကြယ်ပွင့်ဟာ အင်္ဂလန်ရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကာတာမှာတုန်းက ပြင်သစ်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တုန်းက ပုံမှန် ကျိန်းသေပေါက်ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ ပင်နယ်တီကန်သွင်းမှုကို အဆုံးမသတ်နိုင်ခဲ့ပေမယ့်လည်း အီတလီနဲ့ပွဲမှာတော့ မေးခွန်းထုတ်စရာမရှိခဲ့တာဖြစ်ပါတယ်။ ဂျီအိုဗန်နီ ဒီ လိုရန်းဇိုးက ပထမပိုင်းမှာ ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည် စစ်ဆေးပြီး အင်္ဂလန်အသင်းကို ပင်နယ်တီ ကန်သွင်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပြီးနောက် ဒီကလန် ရိုက်စ်ရဲ့ အဖွင့်ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီအစောပိုင်းတုန်းက ဟာရီ ကိန်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီးနောက် လက်ရှိမှာတော့ အင်္ဂလန်အသင်းရဲ့ စံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ၂၀၁၅ ခုနှစ်တုန်းက ဘော်ဘီ ချာလ်တန်ရဲ့စံချိန်ကို ဝိန်း ရူနီ ပင်နယ်တီကနေ ဂိုးကန်သွင်းယူပြီး ရိုက်ချိုးခဲ့ချိန်တုန်းက ကွင်းထဲမှာ ရှိနေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟာရီ ကိန်းဟာ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီရဲ့ သွင်းဂိုးစံချိန်ကို ပွဲ ၄၀ ဝန်းကျင် လျော့ပြီး ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီး ဒီစီယူနိုက်တက်နည်းပြက လူမှုကွန်ရက်ပေါ်မှာ ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်းအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“အင်္ဂလန်ရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့တဲ့အတွက် ဟာရီ ကိန်းကို ဂုဏ်ပြုပါတယ်။ အဲဒါက သိပ်ကြာမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိခဲ့ပေမယ့်လည်း ထင်ထားတာထက် မြန်ခဲ့ပါတယ်။ အရမ်းတော်တဲ့လူ။ မယုံနိုင်ဖွယ် ဂိုးသွင်းရှင်နဲ့ အင်္ဂလန်ဂန္တဝင်ကစားသမားပါ။ ဂုဏ်ပြုပါတယ် ဟာရီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္တိုက္စစ္မႉး ဟာရီ ကိန္းက လက္ေ႐ြးစင္အသင္းအတြက္ တင္ရွိထားတဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီးေနာက္ ဂႏၲဝင္တိုက္စစ္မႉး ဝိန္း ႐ူနီက ဂုဏ္ျပဳစကား ေျပာၾကားခဲ့ပါတယ္။

တစ္ခ်ိန္ခ်ိန္မွာ ျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းထားခဲ့ၿပီးသားျဖစ္ၿပီး ဟာရီ ကိန္းသာ ဒီဇင္ဘာလမွာ လုပ္ေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ အဂၤလန္အသင္းအေနနဲ႔ ကမာၻ႔ဖလားရေကာင္း ရႏိုင္ခဲ့မွာျဖစ္ေပမယ့္လည္း ၾကာသပေတးေန႔မွာ စပါးစ္ၾကယ္ပြင့္ဟာ အဂၤလန္ရဲ႕တသက္တာထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ကာတာမွာတုန္းက ျပင္သစ္နဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္တုန္းက ပုံမွန္ က်ိန္းေသေပါက္ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့တဲ့ ပင္နယ္တီကန္သြင္းမႈကို အဆုံးမသတ္ႏိုင္ခဲ့ေပမယ့္လည္း အီတလီနဲ႔ပြဲမွာေတာ့ ေမးခြန္းထုတ္စရာမရွိခဲ့တာျဖစ္ပါတယ္။ ဂ်ီအိုဗန္နီ ဒီ လိုရန္းဇိုးက ပထမပိုင္းမွာ ပင္နယ္တီ ဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိခဲ့ၿပီးေနာက္ ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္ စစ္ေဆးၿပီး အဂၤလန္အသင္းကို ပင္နယ္တီ ကန္သြင္းခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဒီကလန္ ႐ိုက္စ္ရဲ႕ အဖြင့္ဂိုးမွာ ပါဝင္ပတ္သက္ခဲ့ၿပီးေနာက္ အဂၤလန္အသင္းအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ယခုရာသီအေစာပိုင္းတုန္းက ဟာရီ ကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အဂၤလန္အသင္းရဲ႕ စံခ်ိန္ကိုပါ ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ၂၀၁၅ ခုႏွစ္တုန္းက ေဘာ္ဘီ ခ်ာလ္တန္ရဲ႕စံခ်ိန္ကို ဝိန္း ႐ူနီ ပင္နယ္တီကေန ဂိုးကန္သြင္းယူၿပီး ႐ိုက္ခ်ိဳးခဲ့ခ်ိန္တုန္းက ကြင္းထဲမွာ ရွိေနခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္နဲ႔ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဟာရီ ကိန္းဟာ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဝိန္း ႐ူနီရဲ႕ သြင္းဂိုးစံခ်ိန္ကို ပြဲ ၄၀ ဝန္းက်င္ ေလ်ာ့ၿပီး ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ၿပီး ဒီစီယူႏိုက္တက္နည္းျပက လူမႈကြန္ရက္ေပၚမွာ ၎ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းအတြက္ ဂုဏ္ျပဳစကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အဂၤလန္ရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့တဲ့အတြက္ ဟာရီ ကိန္းကို ဂုဏ္ျပဳပါတယ္။ အဲဒါက သိပ္ၾကာမွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ သိခဲ့ေပမယ့္လည္း ထင္ထားတာထက္ ျမန္ခဲ့ပါတယ္။ အရမ္းေတာ္တဲ့လူ။ မယုံႏိုင္ဖြယ္ ဂိုးသြင္းရွင္နဲ႔ အဂၤလန္ဂႏၲဝင္ကစားသမားပါ။ ဂုဏ္ျပဳပါတယ္ ဟာရီ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.