International World Cup

ရင်သပ်ရှုမောဖွယ် ဖရီးကစ်နဲ့ ကစားသမားဘဝမိုင်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၈၉ မိနစ်မှာ အလွတ်တည်ကန်ဘောကနေ ရင်သပ်ရှုမောဖွယ် တိုက်ရိုက်ကန်သွင်းပြီး ကစားသမားဘဝ သွင်းဂိုး ၈၀၀ ပြည့်မြောက်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံတွေဟာ ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဖလားအောင်ပွဲအပြီးမှာ ပနားမားအသင်းနဲ့ ပထမဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ကမ္ဘာ့ချန်ပီယံတွေကို ကြောက်မက်ဖွယ် ကြိုဆိုခဲ့ကြတာကြောင့် ပွဲမတိုင်ခင် နိုင်ငံတော်သီချင်းဆိုချိန်မှာ လီယွန်နယ် မက်ဆီဟာ မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြင်သစ်ကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲလူစာရင်းအတိုင်း ပွဲထွက်လာခ့တာဖြစ်ပြီး ပရိသတ်တွေဟာ ပထမဆုံးသွင်းဂိုးကို မြင်တွေ့ရဖို့အတွက် ၇၈ မိနစ်အထိ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီသွင်းဂိုးဟာ လီယွန်နယ် မက်ဆီရဲ့ အလွတ်တည်ကန်ဘောကနေတဆင့် ရရှိသွားခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့ပြီးနောက် သီယေဂို အယ်လ်မာဒါက ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံးအခိုက်အတန့်ကတော့ ၈၉ မိနစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်က နောက်ထပ်တစ်ကြိမ် အလွတ်တည်ကန်ဘောကနေ ဂိုးကန်သွင်းယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အရင်တုန်းကလည်း အလွတ်တည်ကန်ဘောကနေ အကြိမ်ပေါင်းများစွာ ဂိုးသွင်းယူနိုင်သူဖြစ်ပြီး အာဂျင်တီးနားမှော်ဆရာဟာ လူတံတိုင်းကို ကျော်ပြီး ကန်သွင်းယူနိုင်ခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်ပဲ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ပနားမားဂိုးသမားဟာ လီယွန်နယ် မက်ဆီရဲ့ ဂိုးကန်သွင်းချက်ကို ပုတ်ထုတ်ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးညာဘက်အပေါ်ထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ လီယွန်နယ် မက်ဆီအတွက် ကလပ်အသင်းးနဲ့ နိုင်ငံအသင်းအတွက် ကစားသမားဘဝတလျှောက် သွင်းဂိုး ၈၀၀ ပြည့်မြောက်တဲ့သွင်းဂိုးဖြစ်ခဲ့ပြီး ကွင်းထဲက ပရိသတ်တွေအားလုံးဟာ မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီအတွက်တော့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝ ၉၉ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားကို ပြန်လာတဲ့ သူရဲကောင်းကို ဂုဏ်ပြုဖို့အတွက် အကောင်းဆုံးပုံစံဖြစ်ခဲ့သလို ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဘယ်လောက်အထိ ကြီးမြတ်တဲ့ကစားသမားလဲဆိုတာကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲပြီးဝီစီမှုတ်ပြီးနောက်မှာ ပနားမားကစားသမားတွေကတောင် လီယွန်နယ် မက်ဆီရဲ့ ခြေစွမ်းကို အထင်ကြီးခဲ့ကြပြီး အတူတူ ဓာတ်ပုံတွဲရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ ၈၉ မိနစ္မွာ အလြတ္တည္ကန္ေဘာကေန ရင္သပ္ရႈေမာဖြယ္ တိုက္႐ိုက္ကန္သြင္းၿပီး ကစားသမားဘဝ သြင္းဂိုး ၈၀၀ ျပည့္ေျမာက္ခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံေတြဟာ ဒီဇင္ဘာလတုန္းက ကမာၻ႔ဖလားေအာင္ပြဲအၿပီးမွာ ပနားမားအသင္းနဲ႔ ပထမဆုံးပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ကမာၻ႔ခ်န္ပီယံေတြကို ေၾကာက္မက္ဖြယ္ ႀကိဳဆိုခဲ့ၾကတာေၾကာင့္ ပြဲမတိုင္ခင္ ႏိုင္ငံေတာ္သီခ်င္းဆိုခ်ိန္မွာ လီယြန္နယ္ မက္ဆီဟာ မ်က္ရည္က်တဲ့အထိ ဝမ္းသာပီတိျဖစ္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ျပင္သစ္ကို အႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲလူစာရင္းအတိုင္း ပြဲထြက္လာခ့တာျဖစ္ၿပီး ပရိသတ္ေတြဟာ ပထမဆုံးသြင္းဂိုးကို ျမင္ေတြ႕ရဖို႔အတြက္ ၇၈ မိနစ္အထိ ေစာင့္ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီသြင္းဂိုးဟာ လီယြန္နယ္ မက္ဆီရဲ႕ အလြတ္တည္ကန္ေဘာကေနတဆင့္ ရရွိသြားခဲ့တာျဖစ္ၿပီး ဘလြန္ေဒါ ၇ ဆုရွင္ရဲ႕ကန္ခ်က္က တိုင္ထိထြက္ခဲ့ၿပီးေနာက္ သီေယဂို အယ္လ္မာဒါက ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အေကာင္းဆုံးအခိုက္အတန႔္ကေတာ့ ၈၉ မိနစ္မွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္က ေနာက္ထပ္တစ္ႀကိမ္ အလြတ္တည္ကန္ေဘာကေန ဂိုးကန္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ အရင္တုန္းကလည္း အလြတ္တည္ကန္ေဘာကေန အႀကိမ္ေပါင္းမ်ားစြာ ဂိုးသြင္းယူႏိုင္သူျဖစ္ၿပီး အာဂ်င္တီးနားေမွာ္ဆရာဟာ လူတံတိုင္းကို ေက်ာ္ၿပီး ကန္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ တည္တည္ၿငိမ္ၿငိမ္ပဲ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ပနားမားဂိုးသမားဟာ လီယြန္နယ္ မက္ဆီရဲ႕ ဂိုးကန္သြင္းခ်က္ကို ပုတ္ထုတ္ကာကြယ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေဘာလုံးက ဂိုးညာဘက္အေပၚေထာင့္ထဲကို တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာေၾကာင့္ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ လီယြန္နယ္ မက္ဆီအတြက္ ကလပ္အသင္းးနဲ႔ ႏိုင္ငံအသင္းအတြက္ ကစားသမားဘဝတေလွ်ာက္ သြင္းဂိုး ၈၀၀ ျပည့္ေျမာက္တဲ့သြင္းဂိုးျဖစ္ခဲ့ၿပီး ကြင္းထဲက ပရိသတ္ေတြအားလုံးဟာ မတ္တပ္ရပ္ လက္ခုပ္တီးဂုဏ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီအတြက္ေတာ့ အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမားဘဝ ၉၉ ဂိုးေျမာက္သြင္းဂိုးလည္း ျဖစ္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားကို ျပန္လာတဲ့ သူရဲေကာင္းကို ဂုဏ္ျပဳဖို႔အတြက္ အေကာင္းဆုံးပုံစံျဖစ္ခဲ့သလို ဘလြန္ေဒါ ၇ ဆုရွင္ဟာ ဘယ္ေလာက္အထိ ႀကီးျမတ္တဲ့ကစားသမားလဲဆိုတာကို ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပြဲၿပီးဝီစီမႈတ္ၿပီးေနာက္မွာ ပနားမားကစားသမားေတြကေတာင္ လီယြန္နယ္ မက္ဆီရဲ႕ ေျခစြမ္းကို အထင္ႀကီးခဲ့ၾကၿပီး အတူတူ ဓာတ္ပုံတြဲ႐ိုက္ခဲ့ၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.