Bundesliga La Liga Ligue1 Other Leagues Premier League Serie A UCL&UEL

ခ်န္ပီယံလိဂ္ ၂၀၂၀-၂၁ အုပ္စုအဆင့္ မဲခြဲမွဳနဲ႔ အေကာင္းဆုံးဆုမ်ား ထြက္ေပၚလာ

၂၀၂၀-၂၁ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲမွဳနဲ႔ အေကာင္းဆုံးကစားသမားဆုေတြကိုေတာ့ ဒီေန႔ညမွာ ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်ီနီဗာၿမဳိ႕မွာ ထုတ္ျပန္သြားခဲ့ၿပီး အေကာင္းဆုံး ေဘာလုံးသမားဆုကိုေတာ့ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ၁၅ ဂိုး သြင္းယူခဲ့တဲ့ တုိက္စစ္မွဴး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ရရွိသြားခဲ့ပါတယ္။

အုပ္စု(A)မွာေတာ့ လက္ရွိခ်န္ပီယံ ၁။ ဘုိင္ယန္ျမဴးနစ္ (ဂ်ာမနီ)၊ ၂။ အက္သလက္တီကို မက္ဒရစ္ (စပိန္)၊ ၃။ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ (ၾသစႀတီးယား)နဲ႔ ၄။ လိုကိုမိုးတစ္ ေမာ္စကို (႐ုရွား)တုိ႔ ပါဝင္ခဲ့ၾကၿပီး ဦးစားေပး ၁ နဲ႔ ၂ အသင္းေတြကေတာ့ ေနာက္တစ္ဆင့္ကို တက္ဖို႔ ေရပန္းစားေနမွာ ျဖစ္ပါတယ္။

အုပ္စု(B)မွာေတာ့ ၁။ ရီးရဲလ္မက္ဒရစ္ (စပိန္)၊ ၂။ ရွက္တာဒိုးနက္စ္ခ္ (ယူကရိန္း)၊ ၃။ အင္တာမီလန္ (အီတလီ)၊ ၄။ မိုခ်န္ဂလာဘက္ခ်္ (ဂ်ာမနီ)တုိ႔ ပါဝင္ေနၾကၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ အရင္လို မဟုတ္ေတာ့တဲ့ အေျခအေနမွာ ဒီအုပ္စုကတက္မယ့္ ႏွစ္သင္းဟာ ဘယ္အသင္းမဆုိ ျဖစ္သြားႏုိင္တဲ့ အေနအထားလည္းျဖစ္ပါတယ္။

အုပ္စု(C)မွာေတာ့ ၁။ ေပၚတို (ေပၚတူဂီ)၊ ၂။ မန္ခ်က္စတာစီးတီး (အဂၤလန္)၊ ၃။ အိုလံပီယာေကာ့စ္ (ဂရိ)၊ ၄။ မာေဆးလ္ (ျပင္သစ္)တို႔ ပါဝင္ေနၾကၿပီး မန္ခ်က္စတာစီးတီးအသင္းက ဒုတိယဦးစားေပးအျဖစ္သာ သတ္မွတ္ခံရေပမယ့္ အုပ္စုေခ်ာင္တယ္လို႔ ေျပာရမွာျဖစ္ၿပီး က်န္တဲ့ တစ္ေနရာကိုေတာ့ ေပၚတုိက ေရပန္းစားသလို အုိလံပီယာေကာ့စ္နဲ႔ မာေဆးလ္တုိ႔ကေတာ့ ယူ႐ိုပါလိဂ္ကို သြားႏုိင္ဖို႔ ႀကဳိးပမ္းရမွာပဲျဖစ္ပါတယ္။

အုပ္စု(D)မွာေတာ့ ၁။ လီဗာပူးလ္ (အဂၤလန္)၊ ၂။ အုိင္းယက္စ္ (နယ္သာလန္)၊ ၃။ အတၱလန္တာ (အီတလီ)၊ ၄။ မစ္ဒ္ဂ်ယ္လန္း (ဒိန္းမတ္)တို႔ ပါဝင္ေနၾကၿပီး လီဗာပူးလ္က အုပ္စုဗိုလ္အျဖစ္ ေနာက္တစ္ဆင့္တက္ဖို႔ အားလုံး တစ္ညီတစ္ညြတ္တည္း လက္ခံထားၾကမွာျဖစ္သလို ဒုတိယေနရာကိုေတာ့ မထင္တာေတြ လုပ္ျပတတ္ၾကတဲ့ အုိင္းယက္စ္နဲ႔ အတၱလန္တာတုိ႔ လုၾကရမွာပါ။

အုပ္စု(E)မွာေတာ့ ၁။ ဆီဗီလာ (စပိန္)၊ ၂။ ခ်ဲလ္ဆီး (အဂၤလန္)၊ ၃။ ခရက္စ္ႏိုဒါ (႐ုရွား)၊ ၄။ ရင္းေနး (ျပင္သစ္)တို႔ ပါဝင္ေနၾကၿပီး ဆီဗီလာနဲ႔ ခ်ဲလ္ဆီးတုိ႔ ဗိုလ္လုတဲ့အခါမွာ မွားတဲ့အသင္းက ဒုတိယျဖစ္သြားႏုိင္သလို က်န္တဲ့ႏွစ္သင္းကေတာ့ ယူ႐ိုပါလိဂ္အတြက္ပဲ ယွဥ္ၿပဳိင္ရမွာျဖစ္ပါတယ္။

အုပ္စု(F)မွာေတာ့ ၁။ ဇင္းနစ္ (႐ုရွား)၊ ၂။ ေဒါ့မြန္ (ဂ်ာမနီ)၊ ၃။ လာဇီယို (အီတလီ)၊ ၄။ ကလပ္ဘ႐ုဂ်္ (ဘယ္လ္ဂ်ီယမ္)တုိ႔ ပါဝင္ေနၾကၿပီး အင္အားမွ်တတဲ့ အုပ္စုလို႔ ဆိုႏုိင္သလို ဇင္းနစ္ကိုလည္း ႐ုရွားေျမက ပြဲေတြအတြက္ ေလွ်ာ့တြက္လို႔ မရတာမို႔ အုပ္စုဗိုလ္ျဖစ္လို႔ ေဒါ့မြန္နဲ႔ လာဇီယိုတို႔ အႀကိတ္အနယ္ ယွဥ္ၿပဳိင္ရႏိုင္ပါတယ္။

အုပ္စု(G)မွာေတာ့ ၁။ ဂ်ဴဗင္တပ္စ္ (အီတလီ)၊ ၂။ ဘာစီလိုနာ (စပိန္)၊ ၃။ ဒိုင္နမိုကိဗ္ (ယူကရိန္း)၊ ၄။ ဖီရင္ဗာ႐ို႕စ္ (ဟန္ေဂရီ)တုိ႔ ပါဝင္ေနၾကၿပီး ဖီရင္ဗာ႐ို႕စ္ကေတာ့ ၂၀၀၉-၁၀ ရာသီက ဒီဘရီဆင္ေနာက္ပုိင္း ဟန္ေဂရီကလပ္ေတြ ဆယ္ရာသီတိုင္တုိင္ ေပ်ာက္ဆုံးေနရာက ပထမဆုံး ျပန္ပါလာခဲ့တာျဖစ္ၿပီး ဒီအုပ္စုကေတာ့ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတုိ႔ ျပန္လည္ေတြ႕ဆုံမွာကို စိတ္ဝင္စားစရာျဖစ္ေနသလို သူတုိ႔ရဲ႕ ဂ်ဴဗီနဲ႔ ဘာဆာႏွစ္သင္းပဲ ဗိုလ္လုရမွာျဖစ္ပါတယ္။

အုပ္စု(H)မွာေတာ့ ၁။ ပီအက္စ္ဂ်ီ (ျပင္သစ္)၊ ၂။ မန္ခ်က္စတာယူႏုိက္တက္ (အဂၤလန္)၊ ၃။ RB လိုက္ပ္ဇစ္ (ဂ်ာမနီ)၊ ၄။ အစၥတန္ဘူလ္ ဘာရွက္ရွီဟာ (တူရကီ)တုိ႔ ပါဝင္ေနၾကၿပီး အုပ္စုဗိုလ္ေနရာအတြက္ တူရကီကလပ္ကလြဲလုိ႔ သုံးသင္းစလုံးမွာ အခြင့္အေရးရွိေနတဲ့အတြက္ ဒီအုပ္စုကို Group of Death လုိ႔လည္း သုံးသပ္ေနၾကသလို သူတုိ႔သုံးသင္းကို အစၥတန္ဘူလ္ ဘာရွက္ရွီဟာကကလည္း ဒုကၡေပးႏုိင္တာျဖစ္လို႔ ဘယ္သူဗိုလ္အျဖစ္ ေနာက္တစ္ဆင့္တက္မလဲထက္ အမွားလုပ္မိတဲ့အသင္း ယူ႐ိုပါလိဂ္ကစားရမယ္လုိ႔ ဆုိရမယ့္ အုပ္စုလည္းျဖစ္ပါတယ္။

တစ္ဦးခ်င္းဆုေတြအတြက္ေတာ့ ဂိုးသမားဆုကို မန္ညဴယယ္ ႏြဳိင္ယာ (ဘုိင္ယန္ျမဴးနစ္)၊ ေနာက္ခံလူဆုကို ဂ်ဳိရွဴအာ ကင္းမစ္ခ်္ (ဘုိင္ယန္ျမဴးနစ္)၊ ကြင္းလယ္လူဆုကို ကီဗင္ ဒီဘ႐ိုင္နား (မန္ခ်က္စတာစီးတီး)၊ ေရွ႕တန္းဆုနဲ႔ အေကာင္းဆုံးဆုႏွစ္ဆုစလုံးကို ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး (ဘုိင္ယန္ျမဴးနစ္)တုိ႔က ရရွိသြားခဲ့ၿပီး အေကာင္းဆုံးနည္းျပဆုကိုေတာ့ ဟန္ဆီ ဖလစ္ခ္ (ဘိုင္ယန္ျမဴးနစ္)က ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

အမ်ဳိးသမီးဆုေတြကိုေတာ့ ဂိုးသမားဆုကို ဆာရာ ဘူဟာဒီဒီ (လီယြန္)၊ ေနာက္ခံလူဆုကို ဝင္ဒီ ရီနာ့ဒ္ (လီယြန္)၊ ကြင္းလယ္လူဆုကို ဂ်င္နီဖာ မာ႐ိုဇန္ (လီယြန္)၊ ေရွ႕တန္းဆုနဲ႔ အေကာင္းဆုံးဆုႏွစ္ဆုစလုံးကိုေတာ့ ခ်ဲလ္ဆီးေရာက္တုိက္စစ္မွဴး ပါနီးလီ ဟာဒါ (ဝုလ္ဖ္စ္ဘတ္)တုိ႔က ရရွိသြားခဲ့ၿပီး အေကာင္းဆုံးနည္းျပဆုကိုေတာ့ ယြန္-လု ဗက္ဆာ (လီယြန္)က သိမ္းပုိက္သြားႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: UEFA UCL DRAW TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ၂၀၂၀-၂၁ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုနဲ့ အကောင်းဆုံးကစားသမားဆုတွေကိုတော့ ဒီနေ့ညမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ထုတ်ပြန်သွားခဲ့ပြီး အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၁၅ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ရရှိသွားခဲ့ပါတယ်။

အုပ်စု(A)မှာတော့ လက်ရှိချန်ပီယံ ၁။ ဘိုင်ယန်မြူးနစ် (ဂျာမနီ)၊ ၂။ အက်သလက်တီကို မက်ဒရစ် (စပိန်)၊ ၃။ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ် (သြစတြီးယား)နဲ့ ၄။ လိုကိုမိုးတစ် မော်စကို (ရုရှား)တို့ ပါဝင်ခဲ့ကြပြီး ဦးစားပေး ၁ နဲ့ ၂ အသင်းတွေကတော့ နောက်တစ်ဆင့်ကို တက်ဖို့ ရေပန်းစားနေမှာ ဖြစ်ပါတယ်။

အုပ်စု(B)မှာတော့ ၁။ ရီးရဲလ်မက်ဒရစ် (စပိန်)၊ ၂။ ရှက်တာဒိုးနက်စ်ခ် (ယူကရိန်း)၊ ၃။ အင်တာမီလန် (အီတလီ)၊ ၄။ မိုချန်ဂလာဘက်ချ် (ဂျာမနီ)တို့ ပါဝင်နေကြပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အရင်လို မဟုတ်တော့တဲ့ အခြေအနေမှာ ဒီအုပ်စုကတက်မယ့် နှစ်သင်းဟာ ဘယ်အသင်းမဆို ဖြစ်သွားနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။

အုပ်စု(C)မှာတော့ ၁။ ပေါ်တို (ပေါ်တူဂီ)၊ ၂။ မန်ချက်စတာစီးတီး (အင်္ဂလန်)၊ ၃။ အိုလံပီယာကော့စ် (ဂရိ)၊ ၄။ မာဆေးလ် (ပြင်သစ်)တို့ ပါဝင်နေကြပြီး မန်ချက်စတာစီးတီးအသင်းက ဒုတိယဦးစားပေးအဖြစ်သာ သတ်မှတ်ခံရပေမယ့် အုပ်စုချောင်တယ်လို့ ပြောရမှာဖြစ်ပြီး ကျန်တဲ့ တစ်နေရာကိုတော့ ပေါ်တိုက ရေပန်းစားသလို အိုလံပီယာကော့စ်နဲ့ မာဆေးလ်တို့ကတော့ ယူရိုပါလိဂ်ကို သွားနိုင်ဖို့ ကြိုးပမ်းရမှာပဲဖြစ်ပါတယ်။

အုပ်စု(D)မှာတော့ ၁။ လီဗာပူးလ် (အင်္ဂလန်)၊ ၂။ အိုင်းယက်စ် (နယ်သာလန်)၊ ၃။ အတ္တလန်တာ (အီတလီ)၊ ၄။ မစ်ဒ်ဂျယ်လန်း (ဒိန်းမတ်)တို့ ပါဝင်နေကြပြီး လီဗာပူးလ်က အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ဖို့ အားလုံး တစ်ညီတစ်ညွတ်တည်း လက်ခံထားကြမှာဖြစ်သလို ဒုတိယနေရာကိုတော့ မထင်တာတွေ လုပ်ပြတတ်ကြတဲ့ အိုင်းယက်စ်နဲ့ အတ္တလန်တာတို့ လုကြရမှာပါ။

အုပ်စု(E)မှာတော့ ၁။ ဆီဗီလာ (စပိန်)၊ ၂။ ချဲလ်ဆီး (အင်္ဂလန်)၊ ၃။ ခရက်စ်နိုဒါ (ရုရှား)၊ ၄။ ရင်းနေး (ပြင်သစ်)တို့ ပါဝင်နေကြပြီး ဆီဗီလာနဲ့ ချဲလ်ဆီးတို့ ဗိုလ်လုတဲ့အခါမှာ မှားတဲ့အသင်းက ဒုတိယဖြစ်သွားနိုင်သလို ကျန်တဲ့နှစ်သင်းကတော့ ယူရိုပါလိဂ်အတွက်ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အုပ်စု(F)မှာတော့ ၁။ ဇင်းနစ် (ရုရှား)၊ ၂။ ဒေါ့မွန် (ဂျာမနီ)၊ ၃။ လာဇီယို (အီတလီ)၊ ၄။ ကလပ်ဘရုဂျ် (ဘယ်လ်ဂျီယမ်)တို့ ပါဝင်နေကြပြီး အင်အားမျှတတဲ့ အုပ်စုလို့ ဆိုနိုင်သလို ဇင်းနစ်ကိုလည်း ရုရှားမြေက ပွဲတွေအတွက် လျှော့တွက်လို့ မရတာမို့ အုပ်စုဗိုလ်ဖြစ်လို့ ဒေါ့မွန်နဲ့ လာဇီယိုတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ပါတယ်။

အုပ်စု(G)မှာတော့ ၁။ ဂျူဗင်တပ်စ် (အီတလီ)၊ ၂။ ဘာစီလိုနာ (စပိန်)၊ ၃။ ဒိုင်နမိုကိဗ် (ယူကရိန်း)၊ ၄။ ဖီရင်ဗာရို့စ် (ဟန်ဂေရီ)တို့ ပါဝင်နေကြပြီး ဖီရင်ဗာရို့စ်ကတော့ ၂၀၀၉-၁၀ ရာသီက ဒီဘရီဆင်နောက်ပိုင်း ဟန်ဂေရီကလပ်တွေ ဆယ်ရာသီတိုင်တိုင် ပျောက်ဆုံးနေရာက ပထမဆုံး ပြန်ပါလာခဲ့တာဖြစ်ပြီး ဒီအုပ်စုကတော့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ပြန်လည်တွေ့ဆုံမှာကို စိတ်ဝင်စားစရာဖြစ်နေသလို သူတို့ရဲ့ ဂျူဗီနဲ့ ဘာဆာနှစ်သင်းပဲ ဗိုလ်လုရမှာဖြစ်ပါတယ်။

အုပ်စု(H)မှာတော့ ၁။ ပီအက်စ်ဂျီ (ပြင်သစ်)၊ ၂။ မန်ချက်စတာယူနိုက်တက် (အင်္ဂလန်)၊ ၃။ RB လိုက်ပ်ဇစ် (ဂျာမနီ)၊ ၄။ အစ္စတန်ဘူလ် ဘာရှက်ရှီဟာ (တူရကီ)တို့ ပါဝင်နေကြပြီး အုပ်စုဗိုလ်နေရာအတွက် တူရကီကလပ်ကလွဲလို့ သုံးသင်းစလုံးမှာ အခွင့်အရေးရှိနေတဲ့အတွက် ဒီအုပ်စုကို Group of Death လို့လည်း သုံးသပ်နေကြသလို သူတို့သုံးသင်းကို အစ္စတန်ဘူလ် ဘာရှက်ရှီဟာကကလည်း ဒုက္ခပေးနိုင်တာဖြစ်လို့ ဘယ်သူဗိုလ်အဖြစ် နောက်တစ်ဆင့်တက်မလဲထက် အမှားလုပ်မိတဲ့အသင်း ယူရိုပါလိဂ်ကစားရမယ်လို့ ဆိုရမယ့် အုပ်စုလည်းဖြစ်ပါတယ်။

တစ်ဦးချင်းဆုတွေအတွက်တော့ ဂိုးသမားဆုကို မန်ညူယယ် နွိုင်ယာ (ဘိုင်ယန်မြူးနစ်)၊ နောက်ခံလူဆုကို ဂျိုရှူအာ ကင်းမစ်ချ် (ဘိုင်ယန်မြူးနစ်)၊ ကွင်းလယ်လူဆုကို ကီဗင် ဒီဘရိုင်နား (မန်ချက်စတာစီးတီး)၊ ရှေ့တန်းဆုနဲ့ အကောင်းဆုံးဆုနှစ်ဆုစလုံးကို ရောဘတ် လီဗန်ဒေါ့ဗ်စကီး (ဘိုင်ယန်မြူးနစ်)တို့က ရရှိသွားခဲ့ပြီး အကောင်းဆုံးနည်းပြဆုကိုတော့ ဟန်ဆီ ဖလစ်ခ် (ဘိုင်ယန်မြူးနစ်)က ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အမျိုးသမီးဆုတွေကိုတော့ ဂိုးသမားဆုကို ဆာရာ ဘူဟာဒီဒီ (လီယွန်)၊ နောက်ခံလူဆုကို ဝင်ဒီ ရီနာ့ဒ် (လီယွန်)၊ ကွင်းလယ်လူဆုကို ဂျင်နီဖာ မာရိုဇန် (လီယွန်)၊ ရှေ့တန်းဆုနဲ့ အကောင်းဆုံးဆုနှစ်ဆုစလုံးကိုတော့ ချဲလ်ဆီးရောက်တိုက်စစ်မှူး ပါနီးလီ ဟာဒါ (ဝုလ်ဖ်စ်ဘတ်)တို့က ရရှိသွားခဲ့ပြီး အကောင်းဆုံးနည်းပြဆုကိုတော့ ယွန်-လု ဗက်ဆာ (လီယွန်)က သိမ်းပိုက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: UEFA UCL DRAW TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.