Premier League

ဟာလန်းထက် ကြမ်းတဲ့တိုက်စစ်မှူးအတွက် ယူရိုသန်း ၅၀ ပေးသွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရတဲ့ အတ္တလန္တာ တိုက်စစ်မှူး ရာ့စ်မွတ်စ် ဟိုရီလွန်းကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ စီးရီးအေမှာ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်နေတဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ပွဲထွက် ၁၁ ဦးစာရင်းထဲကို ပါဝင်ခွင့်ရရှိခဲ့ပေမယ့်လည်း စီးရီးအေသွင်းဂိုး ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဟိုရီလွန်းဟာ ပြီးခဲ့တဲ့နှစ်ကမှ အတ္တလန္တာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်လည်း ဒိန်းမတ် တိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ သတိမပြုဘဲ မနေနိင်အောင် ဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Tutto Atlanta ရဲ့ ဖော်ပြချက်အရ ကလပ်အသင်းအများအပြားဟာ ဒိန်းမတ်တိုက်စစ်မှူးကို ခေါ်ယူချင်နေပြီး ဂန်းနားတွေက ပြိုင်ပွဲထဲမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူတွေဟာ အတ္တလန္တာတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ယူရိုသန်း ၅၀ အထိ ပေးချေသွားလိုတဲ့ဆန္ဒရှိတယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး ဟိုရီလွန်းဟာ စကင်ဒီနေးဗီးယန်းနွယ်ဖွားမျိုးရိုးကနေ ဆင်းသက်လာမှု၊ အရပ်အမောင်းနဲ့ နာမည်တွေကြောင့် မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမားဟောင်း မိုက်ခ် ဂရယ်လာက ဒီကစားသမား ၂ ဦးကြား နှိုင်းယှဉ်မှုတွေဟာ လိုတာထက်ပိုတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယုံကြည်နေပေမယ့် ဟိုရီလွန်းက ဟာလန်းထက်တောင် ပိုလုပ်နိုင်သေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော် ဟာလန်းနဲ့ နှိုင်းယှဉ်မှုကို ပေါ့ပေါ့ပါးပါးပဲ လုပ်မှာပါ။ ဘာလို့လဲဆိုတော့ သူက အကောင်းဆုံးတွေထဲက တစ်ဦးမို့လို့ပါ။ သူတို့ကြားမှာ အနည်းငယ် ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ သူက ဟာလန်းထက် ပိုလုပ်နိုင်တယ်။ ဟာလန်းက ဗဟိုခံစစ်ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဂိုးတွေ အများကြီး သွင်းယူတဲ့ပုံစံမျိုးပါ။ ဟိုရီလွန်းက ပြိုင်ဘက်တွေကို လိမ်ခေါက်ဖြတ်ကျော်နိုင်တယ်။ သူက ဘောလုံးကို ပိုကောင်းကောင်း ထိန်းသိမ်းထားနိုင်တယ်။ ဟိုရီလွန်းက အသင်းကို ပင်နယ်တီဧရိယာအစွန်မှာ ဒါမှမဟုတ် အဲဒီထက် ပိုပြီးနောက်ရောက်တဲ့ နေရာမှာ အသင်းကို ပိုကောင်းကောင်း ကူညီပေးနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: