Premier League

၂၀.၂.၂၀၂၀ အတြက္ တစ္ေန႔တာ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဖ်က္ထုတ္မွဳေတြ အားနည္းခဲ့တယ္လို႔ လီဗာပူးလ္ပရိသတ္ေတြက သုံးသပ္ေနၾကၿပီး ကြင္းလယ္မွာ နယ္သာလန္သား ေဂ်ာ္ဂ်င္နီယို ဗိန္နယ္လ္ဒြမ္အစား ပိုၿပီးလုပ္အားႏွဳန္းေကာင္းတဲ့ နာဘီ ကီတာကို ထည့္သြင္းဖို႔ အႀကံျပဳေနၾက။

– လာမယ့္ေႏြရာသီမွာ ကြင္းလယ္လူ အဒမ္ လယ္လာနာကို ေခၚယူဖို႔ လက္စတာစီးတီး ခ်ဥ္းကပ္ေနၿပီး လီဗာပူးလ္မွာ ကစားခြင့္နည္းပါးတဲ့ အေျခအေနေၾကာင့္ ေဆာက္သမ္တန္ကြင္းလယ္လူေဟာင္းအေနနဲ႔ အသင္းေျပာင္းေရႊ႕ႏိုင္။

– ဝါဒါဘရီမင္အသင္းရဲ႕ ယူ႐ို ၃၅ သန္းတန္ ကိုဆိုဗိုေတာင္ပံကစားသမား မီေလာ့ ရာရွီကာကို ေခၚယူဖို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ စိတ္ဝင္စားေနၿပီး ဂ်ာမန္ေျမကို အသင္းရဲ႕ ကင္းေထာက္ေတြကို ေစလႊတ္ထားခဲ့။

– အသင္းကေန ၿပီးခဲ့တဲ့ ႏွစ္ရာသီခန္႔က ထြက္ခြာသြားခဲ့တဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ဟို ျပန္လည္ေရာက္ရွိလာရင္ အသင္းသားေတြအေနနဲ႔ ႀကဳိဆုိၾကမွာျဖစ္တယ္လို႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ေျပာၾကား။

– ခ်န္ပီယံလိဂ္အေဝးကြင္းရွဳံးပြဲေတြဟာ လီဗာပူးလ္နဲ႔ နည္းျပျဖစ္သူ ယာဂန္ ကေလာ့ပ္တုိ႔ရဲ႕ အဓိက အားနည္းခ်က္ျဖစ္ေနတယ္လို႔ ပရိသတ္ေတြ သုံးသပ္ခဲ့ၾကၿပီး ေနာက္ဆုံး ၁၁ ပြဲမွာ ၇ ပြဲ ရွဳံးနိမ့္ထား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖျက်ထုတ်မှုတွေ အားနည်းခဲ့တယ်လို့ လီဗာပူးလ်ပရိသတ်တွေက သုံးသပ်နေကြပြီး ကွင်းလယ်မှာ နယ်သာလန်သား ဂျော်ဂျင်နီယို ဗိန်နယ်လ်ဒွမ်အစား ပိုပြီးလုပ်အားနှုန်းကောင်းတဲ့ နာဘီ ကီတာကို ထည့်သွင်းဖို့ အကြံပြုနေကြ။

– လာမယ့်နွေရာသီမှာ ကွင်းလယ်လူ အဒမ် လယ်လာနာကို ခေါ်ယူဖို့ လက်စတာစီးတီး ချဉ်းကပ်နေပြီး လီဗာပူးလ်မှာ ကစားခွင့်နည်းပါးတဲ့ အခြေအနေကြောင့် ဆောက်သမ်တန်ကွင်းလယ်လူဟောင်းအနေနဲ့ အသင်းပြောင်းရွှေ့နိုင်။

– ဝါဒါဘရီမင်အသင်းရဲ့ ယူရို ၃၅ သန်းတန် ကိုဆိုဗိုတောင်ပံကစားသမား မီလော့ ရာရှီကာကို ခေါ်ယူဖို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် စိတ်ဝင်စားနေပြီး ဂျာမန်မြေကို အသင်းရဲ့ ကင်းထောက်တွေကို စေလွှတ်ထားခဲ့။

– အသင်းကနေ ပြီးခဲ့တဲ့ နှစ်ရာသီခန့်က ထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ဟို ပြန်လည်ရောက်ရှိလာရင် အသင်းသားတွေအနေနဲ့ ကြိုဆိုကြမှာဖြစ်တယ်လို့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ပြောကြား။

– ချန်ပီယံလိဂ်အဝေးကွင်းရှုံးပွဲတွေဟာ လီဗာပူးလ်နဲ့ နည်းပြဖြစ်သူ ယာဂန် ကလော့ပ်တို့ရဲ့ အဓိက အားနည်းချက်ဖြစ်နေတယ်လို့ ပရိသတ်တွေ သုံးသပ်ခဲ့ကြပြီး နောက်ဆုံး ၁၁ ပွဲမှာ ၇ ပွဲ ရှုံးနိမ့်ထား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.