International World Cup

အသင်းခေါင်းဆောင်ဖြစ်ပြီးတဲ့နောက် ဂရစ်ဇ်မန်းကို ပျားရည်နဲ့ ဝမ်းချခဲ့တဲ့ ဥက္ကဌကြီး

ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့်စ်ဟာ အသင်းခေါင်းဆောင်သစ်အဖြစ် ဂရစ်ဇ်မန်းကို ကျော်ပြီး ခီလီယန် အမ်ဘာပေကို ရွေးချယ်ခဲ့တာကြောင့် အဝတ်လဲခန်းထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်ခြေ မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကစားသမား ၂ ဦးဟာ နောက်ကွယ်မှာ ကွဲပြားခြားနားမှုတွေဖြစ်လာနိုင်တဲ့ကိစ္စတွေကို ဖြေရှင်းခဲ့ပြီးသားဖြစ်တယ်လို့ AS  ဖော်ပြခဲ့ပြီး အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂရစ်ဇ်မန်းနဲ့ သီးသန့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးက အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရတဲ့နောက် ဂရစ်ဇ်မန်းရဲ့ စိတ်ပျက်မှုကို နားလည်ကြောင်း အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမ်ဘာပေက အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကို လာမယ့်နှစ်တွေအတွင်းမှာ လက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လာမယ်လို့ အားကိုးထားကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်က လက်ရွေးစင်အသင်းထဲမှာ အသင်းခေါင်းဆောင် လက်ပတ်မဝတ်ဆင်ထားဘဲလည်း ခေါင်းဆောင်မှုပေးနိုင်တဲ့ကစားသမားတွေ အများအပြားရှိနေတယ်လို့ ထင်မြင်နေကြောင်း L’Equipe က ဖော်ပြခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ အမ်ဘာပေထက် ၈ နှစ် ပိုမို စီနီယာကျသူဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပြင်သစ်အသင်းအတွက် နိုင်ငံတကာအဆင့်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူ ဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်အောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္လက္ေ႐ြးစင္နည္းျပ ေဒး႐ႊမ့္စ္ဟာ အသင္းေခါင္းေဆာင္သစ္အျဖစ္ ဂရစ္ဇ္မန္းကို ေက်ာ္ၿပီး ခီလီယန္ အမ္ဘာေပကို ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ အဝတ္လဲခန္းထဲမွာ စိတ္ဝမ္းကြဲမႈေတြ ျဖစ္လာႏိုင္ေျခ ျမင့္တက္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ကစားသမား ၂ ဦးဟာ ေနာက္ကြယ္မွာ ကြဲျပားျခားနားမႈေတြျဖစ္လာႏိုင္တဲ့ကိစၥေတြကို ေျဖရွင္းခဲ့ၿပီးသားျဖစ္တယ္လို႔ AS  ေဖာ္ျပခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဂရစ္ဇ္မန္းနဲ႔ သီးသန႔္ ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးက အသင္းေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ျခင္း မခံခဲ့ရတဲ့ေနာက္ ဂရစ္ဇ္မန္းရဲ႕ စိတ္ပ်က္မႈကို နားလည္ေၾကာင္း အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္နဲ႔ ေတြ႕ဆုံခ်ိန္မွာ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

အမ္ဘာေပက အသက္ ၃၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို လာမယ့္ႏွစ္ေတြအတြင္းမွာ လက္ေ႐ြးစင္အသင္းရဲ႕ ေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္လာမယ္လို႔ အားကိုးထားေၾကာင္း ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္က လက္ေ႐ြးစင္အသင္းထဲမွာ အသင္းေခါင္းေဆာင္ လက္ပတ္မဝတ္ဆင္ထားဘဲလည္း ေခါင္းေဆာင္မႈေပးႏိုင္တဲ့ကစားသမားေတြ အမ်ားအျပားရွိေနတယ္လို႔ ထင္ျမင္ေနေၾကာင္း L’Equipe က ေဖာ္ျပခဲ့ပါတယ္။

ဂရစ္ဇ္မန္းဟာ အမ္ဘာေပထက္ ၈ ႏွစ္ ပိုမို စီနီယာက်သူျဖစ္ၿပီး ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ျပင္သစ္အသင္းအတြက္ ႏိုင္ငံတကာအဆင့္မွာ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူ ျဖစ္သလို ၂၀၁၈ ကမာၻ႔ဖလားမွာ ဗိုလ္စြဲႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ၂၀၁၆ ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တဲ့ ျပင္သစ္အသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး ေပၚတူဂီကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.