International Premier League World Cup

အယ်လစ်ဆန် လက်ရွေးစင်မပါတာကို မှတ်ချက်ပေးလိုက်တဲ့ အီဒါဆင်

မန်ချက်စတာစီးတီးဂိုးသမား အီဒါဆင်က လီဗာပူးလ်ကြယ်ပွင့် အယ်လစ်ဆန်ဘာကြောင့် ဘရာဇီးလ်လက်ရွေးစင်လူစာရင်းထဲကနေ ချန်လှပ်ခြင်းခံခဲ့ရလဲဆိုတာ သေချာမသိဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဒါဆင်ဟာ နည်းပြဟောင်း တီတီက လီဗာပူးလ် ဂိုးသမားကို ပိုမို သဘောကျခဲ့တဲ့အတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ အယ်လစ်ဆန်ရဲ့ အရန်ဂိုးသမားအဖြစ် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးဂိုးသမား အီဒါဆင်ဟာ လက်ရှိ နိုင်ငံတကာ အားလပ်ရက်အတွင်းမှာ အထင်ကြီးဖွယ်လက်စွမ်းပြသဖို့အတွက် အခွင့်အရေး ရရှိတော့မှာဖြစ်ပြီး အယ်လစ်ဆန်ဟာ ယာယီနည်းပြ ရာမွန် မီနီဇိစ်ရဲ့ ဘရာဇီးလ်လက်ရွေးစင်လူစာရင်းထဲကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

မီနီဇိစ်ဟာ အက်သလက်တီကို ပါရာနာအန်ဆီ ဂိုးသမား မိုက်ခေးလ်၊ ပါးမီးရပ်စ်ဂိုးသမား ဝီဗာတန်တို့ကို စနေနေ့ မော်ရိုကိုနဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်အတွက် အီဒါဆင်နဲ့အတူ ရွေးချယ်ခဲ့တာဖြစ်ပြီး အယ်လစ်ဆန်ကိုတော့ လုံးဝ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

အယ်လစ်ဆန်ဟာ ယခုရာသီမှာ လီဗာပူးလ်အသင်းက ရုန်းကန်နေရပေမယ့်လည်း အထင်ကြီးဖွယ် လက်စွမ်း ဆက်လက်ပြသနေသူဖြစ်ပြီး အီဒါဆင်က ၎င်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဟာ ဘာကြောင့် မီနီဇိစ်ရဲ့ ချန်လှပ်ခြင်းခံခဲ့ရလဲဆိုတာကို သေချာမသိဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပထမဆုံး လူစာရင်းကို မြင်ခဲ့တဲ့အချိန်မှာ အံ့အားသင့်မိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက နည်းပြရဲ့ ဆုံးဖြတ်ချက်ပါ။ သူတို့တွေက ရွေးချယ်မှုတွေ ပြုလုပ်တာဖြစ်ပြီး အယ်လစ်ဆန်က စာရင်းထဲမှာ ပါလိမ့်မယ်လို့ ကျွန်တော် ထင်မိခဲ့တယ်။ ဒါပေမယ့် သူ မပါခဲ့ဘူး။ ဘာကြောင့်လဲ ကျွန်တော် မသိပါဘူး။ အဲဒါက လူငယ်ကစားသမားတွေအတွက် အခွင့်အရေးပေးတာလားတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်လုပ်ရမှာပါ။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို ပေးသွားရမှာပါ။ နေ့တိုင်း ပေးအပ်လာတဲ့တာဝန်ကို ယူနိုင်တဲ့ ကစားသမားကောင်းအသစ်တွေ ရှိနေပါတယ်။ ဘရာဇီးလ်ရဲ့ ကျောနံပါတ် ၁ ဂိုးသမားဖြစ်လာဖို့က ပြောဖို့ စောသေးတယ်လို့ ထင်ပါတယ်။

စက်ဝန်းတစ်ခုကို စတင်ဖို့က အမြဲတမ်း အရေးကြီးတာ အမှန်ပဲဖြစ်ပြီး ကျွန်တော့်အတွက်တော့ အဲဒါက ကွာခြားမှုမရှိပါဘူး။ ကျွန်တော် အကောင်းဆုံးဖြစ်နိုင်မယ့်ပုံစံနဲ့ စတင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲဒါက ရှည်လျားတဲ့ စက်ဝန်းတစ်ခုဆိုတာ သိနေပါတယ်။ အများကြီး ဖြစ်သွားနိုင်တယ်။ ခင်ဗျား ဒီကာလအပိုင်းအခြားအတွင်း အချိန်ကာလအများအပြားမှာ နေထိုင်နိုင်တယ်။ ခင်ဗျား တတ်နိုင်သလောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမှာပါ။ လက်စွမ်းတည်ငြိမ်မှုကို ထိန်းသိမ်းထားရမှာပါ။ အဲဒါမှ ခင်ဗျား ဒီမှာ များနိုင်သလောက် များများ ရှိနေနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: