La Liga Match Report

အယ်လ်ကလာစီကိုမှာ ရီးရဲလ်ကို အနိုင်ရပြီး ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိသွားတဲ့ ဘာဆာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ ခရစ္စတင်ဆန်၊ အာရူဟိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဆာဂျီ ရော်ဘတ်တိုနဲ့ ဒီယုံးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂါဗီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ ရူဒီဂါ၊ ကာဗာဟယ်လ်နဲ့ နာချို ဖာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ တိုနီ ခရူးစ်နဲ့ မိုဒရစ်ချ်တို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အီတာလျံသားကြီး အန်ချယ်လော့တီအနေနဲ့ အသင်းဥက္ကဌ ပီရက်ဇ်နဲ့ သဘောထားကွဲလွဲခဲ့တယ်လို့ ကြားထားခဲ့တဲ့အတိုင်း အသင်းလူစာရင်းမှာ အဘိုးကြီးတွေကို အခြေခံထားတဲ့ ခေါင်းမာမှုကို ရှေ့ဆက်နေခဲ့ချိန်မှာ နုပျိုငယ်ရွယ်တဲ့ ဘာစီလိုနာအသင်းနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့ပေမယ့် ဇာဗီကလည်း ဒီနေ့မှာတော့ ဘူးစ်ကွက်စ်တို့လို ဝါရင့်တွေကို ပြန်သုံးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာတို့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် သိပ်ပြီးတော့ အသာမရဘဲရှိနေခဲ့သလို နှစ်ဖက်တိုက်စစ်မှူး အဘိုးကြီးတွေဖြစ်ကြတဲ့ ဘင်ဇီးမားနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကတော့ ပွဲအစမိနစ်ပိုင်းတွေမှာ ဂိုးသမားတွေကို အဝေးကန်ချက်တွေနဲ့ တစ်ကြိမ်စီ အကဲစမ်းခဲ့ကြပြီး အိမ်ရှင် ကာတာလန်သားတွေအနေနဲ့ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး ရာဖင်ညာတစ်ယောက် အဖွင့်ဂိုးနဲ့ အတော်လေး နီးစပ်ခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာကတည်းက ရီးရဲလ်မက်ဒရစ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘာစီလိုနာခံစစ်ကို ကျော်ထွက်လာတဲ့ ကာမာဗင်ဂါ ပေးတာကို ဗီနီးရှပ်စ်က ဖြတ်တင်ပေးခဲ့ရာမှာ ဘောလုံးက ပိတ်ဆို့ဖို့ ကြိုးစားတဲ့ အာရူဟိုနဲ့ ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကို ဂိုးသမား တာစတီဂန် ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာ ဂိုးပြန်ရဖို့ ကြိုးစားနေခဲ့တဲ့ ဘာစီလိုနာတို့ အခွင့်အရေးတွေကို လွဲချော်နေခဲ့သလို လီဗန်ဒေါ့ဗ်စကီးကတော့ ရီးရဲလ်တို့ရဲ့ ခံစစ်ရှေ့မှာ ရုန်းကန်နေခဲ့ရပြီး ဒီယုံးနဲ့ ခရစ္စတင်ဆန်တို့ အနီးကပ် ကန်သွင်းခွင့်တွေမှာ လွဲချော်နေခဲ့သလို ညာတောင်ပံက ရာဖင်ညာကလည်း ကန်လိုက်တိုင်း ဂိုးသမား ပုတ်ထုတ်ဖို့ပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဘာစီလိုနာတို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အာရူဟိုရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ဒီယုံး နောက်ပြန်ချပေးတာကို ရာဖင်ညာ ကန်သွင်းရာမှာ လူထိပြီး ပြန်ထွက်လာတာကို ဆာဂျီ ရော်ဘတ်တိုက အားလုံးထက်ဦးအောင် ပိတ်သွင်းနိုင်ခဲ့လို့ ဂိုးသမား ကူတွာ မမီလိုက်ဘဲ ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ခြေသိပ်မကွာခဲ့သလို ရီးရဲလ်တို့ဘက်က အရင် အပြောင်းအလဲလုပ်ခဲ့ပြီး တိုနီ ခရူးစ်၊ နာချို၊ ကာမာဗင်ဂါ၊ ဗယ်လ်ဗာဒီနဲ့ မိုဒရစ်ချ်တို့အစား ရိုဒရီဂို၊ ဖယ်လွန် မန်ဒီ၊ ချွာမင်နီ၊ အဆန်စီယိုနဲ့ စီဘာယော့စ်တို့ကို ထည့်ခဲ့သလို ဘာစီလိုနာတို့ဘက်ကတော့ ဆာဂျီ ရော်ဘတ်တို၊ ရာဖင်ညာနဲ့ ဂါဗီတို့အစား ကက်ဆီယေး၊ ဖယ်ရန် တောရက်စ်နဲ့ အန်ဆူ ဖာတီတို့ကို ထည့်သွင်းသွားခဲ့တာပါ။

နှစ်ဖက်ကစားသမားတွေအနေနဲ့ ဝါရင့်နဲ့ ထိပ်တန်းကစားသမားတွေပီပီ အယ်လ်ကလာစီကိုမှာ ဘောလုံးပညာရော ဘောင်ထဲကနေ ညစ်တဲ့ပညာပါ ပြိုင်ခဲ့ကြသလို အပြန်အလှန် ထိုးဖောက်ကစားမှုတွေကလည်း အကြိတ်အနယ် ရှိခဲ့ပေမယ့် ဂိုးရှေ့ရောက်ရင် အဆုံးသတ် မကောင်းကြတဲ့ ပြဿနာကတော့ မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဂိုးစီသရေကျနေစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အိမ်ရှင် ဘာဆာတို့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဘောလုံးရလာခဲ့တဲ့ အဲလက်စ် ဘာလ်ဒီက လီဗန်ဒေါ့ဗ်စကီးနဲ့ အပေးအယူလုပ်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ရီးရဲလ်ခံစစ်က မဖျက်နိုင်ခဲ့ကြလို့ ကွင်းလယ်ကနေ ပြေးဝင်လာတဲ့ ကက်ဆီယေးက ညာဘက်တိုင်ခြေကို ကန်သွင်းရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘာစီလိုနာတို့က ရီးရဲလ်မက်ဒရစ်တို့ကို အယ်လ်ကလာစီကိုမှာ ကက်ဆီယေးရဲ့ ပထမဆုံး လာလီဂါဂိုးနဲ့အတူ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ကာတာလန်သားတွေအနေနဲ့ လက်ရှိချန်ပီယံတို့ကို ၁၂ မှတ်ဖြတ်လိုက်ပြီး စပိန်ချန်ပီယံအဖြစ် တစ်ကျော့ပြန် ရယူနိုင်ဖို့ အခွင့်အရေး ပိုကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ကြန္ဒီ၊ ခရစၥတင္ဆန္၊ အာ႐ူဟိုနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ ဒီယုံးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဂါဗီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္ဒါ မီလီတို၊ ႐ူဒီဂါ၊ ကာဗာဟယ္လ္နဲ႔ နာခ်ိဳ ဖာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာဗင္ဂါ၊ တိုနီ ခ႐ူးစ္နဲ႔ မိုဒရစ္ခ်္တို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

အီတာလ်ံသားႀကီး အန္ခ်ယ္ေလာ့တီအေနနဲ႔ အသင္းဥကၠဌ ပီရက္ဇ္နဲ႔ သေဘာထားကြဲလြဲခဲ့တယ္လို႔ ၾကားထားခဲ့တဲ့အတိုင္း အသင္းလူစာရင္းမွာ အဘိုးႀကီးေတြကို အေျခခံထားတဲ့ ေခါင္းမာမႈကို ေရွ႕ဆက္ေနခဲ့ခ်ိန္မွာ ႏုပ်ိဳငယ္႐ြယ္တဲ့ ဘာစီလိုနာအသင္းနဲ႔ေတာ့ ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ေနခဲ့ေပမယ့္ ဇာဗီကလည္း ဒီေန႔မွာေတာ့ ဘူးစ္ကြက္စ္တို႔လို ဝါရင့္ေတြကို ျပန္သုံးခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာတို႔ ေဘာလုံးကိုင္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ သိပ္ၿပီးေတာ့ အသာမရဘဲရွိေနခဲ့သလို ႏွစ္ဖက္တိုက္စစ္မႉး အဘိုးႀကီးေတြျဖစ္ၾကတဲ့ ဘင္ဇီးမားနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကေတာ့ ပြဲအစမိနစ္ပိုင္းေတြမွာ ဂိုးသမားေတြကို အေဝးကန္ခ်က္ေတြနဲ႔ တစ္ႀကိမ္စီ အကဲစမ္းခဲ့ၾကၿပီး အိမ္ရွင္ ကာတာလန္သားေတြအေနနဲ႔ အခြင့္အေရးေတြ ပိုမိုဖန္တီးႏိုင္ခဲ့ၿပီး ရာဖင္ညာတစ္ေယာက္ အဖြင့္ဂိုးနဲ႔ အေတာ္ေလး နီးစပ္ခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက ရီးရဲလ္မက္ဒရစ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဘာစီလိုနာခံစစ္ကို ေက်ာ္ထြက္လာတဲ့ ကာမာဗင္ဂါ ေပးတာကို ဗီနီးရွပ္စ္က ျဖတ္တင္ေပးခဲ့ရာမွာ ေဘာလုံးက ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ အာ႐ူဟိုနဲ႔ ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာကို ဂိုးသမား တာစတီဂန္ ဟန္ခ်က္ပ်က္ၿပီး မကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေနာက္က လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာ ဂိုးျပန္ရဖို႔ ႀကိဳးစားေနခဲ့တဲ့ ဘာစီလိုနာတို႔ အခြင့္အေရးေတြကို လြဲေခ်ာ္ေနခဲ့သလို လီဗန္ေဒါ့ဗ္စကီးကေတာ့ ရီးရဲလ္တို႔ရဲ႕ ခံစစ္ေရွ႕မွာ ႐ုန္းကန္ေနခဲ့ရၿပီး ဒီယုံးနဲ႔ ခရစၥတင္ဆန္တို႔ အနီးကပ္ ကန္သြင္းခြင့္ေတြမွာ လြဲေခ်ာ္ေနခဲ့သလို ညာေတာင္ပံက ရာဖင္ညာကလည္း ကန္လိုက္တိုင္း ဂိုးသမား ပုတ္ထုတ္ဖို႔ပဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန အာ႐ူဟိုရဲ႕ ျဖတ္တင္ေဘာကတစ္ဆင့္ ဒီယုံး ေနာက္ျပန္ခ်ေပးတာကို ရာဖင္ညာ ကန္သြင္းရာမွာ လူထိၿပီး ျပန္ထြက္လာတာကို ဆာဂ်ီ ေရာ္ဘတ္တိုက အားလုံးထက္ဦးေအာင္ ပိတ္သြင္းႏိုင္ခဲ့လို႔ ဂိုးသမား ကူတြာ မမီလိုက္ဘဲ ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး ေျခသိပ္မကြာခဲ့သလို ရီးရဲလ္တို႔ဘက္က အရင္ အေျပာင္းအလဲလုပ္ခဲ့ၿပီး တိုနီ ခ႐ူးစ္၊ နာခ်ိဳ၊ ကာမာဗင္ဂါ၊ ဗယ္လ္ဗာဒီနဲ႔ မိုဒရစ္ခ်္တို႔အစား ႐ိုဒရီဂို၊ ဖယ္လြန္ မန္ဒီ၊ ခြၽာမင္နီ၊ အဆန္စီယိုနဲ႔ စီဘာေယာ့စ္တို႔ကို ထည့္ခဲ့သလို ဘာစီလိုနာတို႔ဘက္ကေတာ့ ဆာဂ်ီ ေရာ္ဘတ္တို၊ ရာဖင္ညာနဲ႔ ဂါဗီတို႔အစား ကက္ဆီေယး၊ ဖယ္ရန္ ေတာရက္စ္နဲ႔ အန္ဆူ ဖာတီတို႔ကို ထည့္သြင္းသြားခဲ့တာပါ။

ႏွစ္ဖက္ကစားသမားေတြအေနနဲ႔ ဝါရင့္နဲ႔ ထိပ္တန္းကစားသမားေတြပီပီ အယ္လ္ကလာစီကိုမွာ ေဘာလုံးပညာေရာ ေဘာင္ထဲကေန ညစ္တဲ့ပညာပါ ၿပိဳင္ခဲ့ၾကသလို အျပန္အလွန္ ထိုးေဖာက္ကစားမႈေတြကလည္း အႀကိတ္အနယ္ ရွိခဲ့ေပမယ့္ ဂိုးေရွ႕ေရာက္ရင္ အဆုံးသတ္ မေကာင္းၾကတဲ့ ျပႆနာကေတာ့ မိနစ္ ၉၀ ျပည့္တဲ့အထိ တစ္ဂိုးစီသေရက်ေနေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အိမ္ရွင္ ဘာဆာတို႔ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ေဘာလုံးရလာခဲ့တဲ့ အဲလက္စ္ ဘာလ္ဒီက လီဗန္ေဒါ့ဗ္စကီးနဲ႔ အေပးအယူလုပ္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ရီးရဲလ္ခံစစ္က မဖ်က္ႏိုင္ခဲ့ၾကလို႔ ကြင္းလယ္ကေန ေျပးဝင္လာတဲ့ ကက္ဆီေယးက ညာဘက္တိုင္ေျခကို ကန္သြင္းရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘာစီလိုနာတို႔က ရီးရဲလ္မက္ဒရစ္တို႔ကို အယ္လ္ကလာစီကိုမွာ ကက္ဆီေယးရဲ႕ ပထမဆုံး လာလီဂါဂိုးနဲ႔အတူ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒီပြဲရလဒ္ေၾကာင့္ ကာတာလန္သားေတြအေနနဲ႔ လက္ရွိခ်န္ပီယံတို႔ကို ၁၂ မွတ္ျဖတ္လိုက္ၿပီး စပိန္ခ်န္ပီယံအျဖစ္ တစ္ေက်ာ့ျပန္ ရယူႏိုင္ဖို႔ အခြင့္အေရး ပိုေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.