Premier League

အာဆင်နယ် ကျိန်စာမိတော့မယ်ဆိုပြီး စိုးရိမ်နေတဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ အက်ဒီ နကီးတီးယားက နာမည်ကျော် တီဗီစတားကို ရှပ်လက်ဆောင်ပေးခဲ့ပြီးနောက် ကင် ကာဒါရှီယန် ကျိန်စာမိတော့မှာကို စိုးရိမ်နေကြပြီ ဖြစ်ပါတယ်။

ကင် ကာဒါရှီယန်ဟာ အာဆင်နယ်အသင်းက စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို မိသားစုလိုက် လာရောက်ကြည့်ရှုခဲ့တဲ့ပွဲစဉ်အတွင်း ဆာကာရဲ့ ပင်နယ်တီကို ဗီဒီယို ရိုက်ကူးနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဘက်ရှစ်တက်ရှ်ကနေ ထွက်ခွာချင်နေတဲ့ ဒယ်လီ အလီနဲ့လည်း တွေ့ဆုံခဲ့ပြီး စပါးစ်ကြယ်ပွင့်ဟောင်းဟာ ကင် ကာဒါရှီယန်တို့ မိသားစုနဲ့ ဓာတ်ပုံအတူတူ တွဲရိုက်ခဲ့တာ ဖြစ်ပါတယ်။

ကာဒါရှီယန်ဟာ မြောက်လန်ဒန်ဘောလုံးအသင်းတွေနဲ့ ဆက်နွယ်နေမှုကို ဗုဒ္ဓဟူးနေ့ညနေမှာ ဆက်လက်မြင်တွေ့ခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းတို့ရဲ့ တရားဝင် တစ်တော့အကောင့်မှာ အသက် ၄၂ နှစ်အရွယ် တီဗီစတားဟာ ဂန်းနားလူငယ်ကြယ်ပွင့် အက်ဒီ နကီးတီးယားဆီကနေ ရှပ်လက်ဆောင်ရရှိခဲ့တာကို တင်ခဲ့တာဖြစ်ပါတယ်။

ကင်က နကီးတီးယားကို လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြောနေတာကို မြင်တွေ့ခဲ့ရပြီး သူမရဲ့ အသက် ၇ နှစ်အရွယ်သားဖြစ်သူ စိန့်ကို ‘အမေ့ဆီကနေ ဒီဟာကို ခိုးဖို့ ကြိုးစားမှာလား’လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ စိန့်ဟာ အာဆင်နယ်အသင်း ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်မှာ ဂန်းနားဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် အာဆင်နယ်ပရိသတ်လို့ နားလည်ရပြီး ကျောဘက်က နာမည်ကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

အများစုက စိန့်ရဲ့ အာဆင်နယ်ရှပ်နောက်ကျောမှာ မာတင် အော်ဒီဂွါဒ် သို့မဟုတ် ဆာကာရဲ့နာမည်ကို မြင်တွေ့ရမယ်လို့ မျှော်မှန်းခဲ့ပေမယ့်လည်း အဆင်နယ်အမျိုးသမီးအသင်း တိုက်စစ်မှူး ကိတ် မက်ကိတ်ဘ်နာမည်ကိုသာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ အာဆင်နယ်အသင်းတင်ခဲ့တဲ့ ဗီဒီယိုကို တုံ့ပြန်ခဲ့ကြပြီး ကင် ကာဒါရှီယန်က ဂန်းနားတွေ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် နောက်ထပ်တစ်ကြိမ် အသင်းကို ကံဆိုးမှုတွေ ယူဆောင်လာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

“အင်း လိဂ်မှာပါ ကံဆိုးတော့မှာပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကင် ကျေးဇူးပြုပြီး ဝေးဝေးနေပေးပါ။ ငါတို့တွေ ကျိန်စာ မမိချင်ဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဂွါဒီယိုလာရဲ့အသင်းထက် ၁ ပွဲပိုကစားပြီး ၈ မှတ်ဖြတ် ဦးဆောင်နေတာဖြစ်ပါတယ်။ ဂန်းနားတွေနဲ့ မန်စီးတီးတို့ဟာ ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အများစုက အဲဒီပွဲစဉ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပရိသတ္ေတြဟာ အက္ဒီ နကီးတီးယားက နာမည္ေက်ာ္ တီဗီစတားကို ရွပ္လက္ေဆာင္ေပးခဲ့ၿပီးေနာက္ ကင္ ကာဒါရွီယန္ က်ိန္စာမိေတာ့မွာကို စိုးရိမ္ေနၾကၿပီ ျဖစ္ပါတယ္။

ကင္ ကာဒါရွီယန္ဟာ အာဆင္နယ္အသင္းက စပို႔တင္း လစၥဘြန္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ကို မိသားစုလိုက္ လာေရာက္ၾကည့္ရႈခဲ့တဲ့ပြဲစဥ္အတြင္း ဆာကာရဲ႕ ပင္နယ္တီကို ဗီဒီယို ႐ိုက္ကူးေနတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဒီခရီးစဥ္အတြင္းမွာ ဘက္ရွစ္တက္ရွ္ကေန ထြက္ခြာခ်င္ေနတဲ့ ဒယ္လီ အလီနဲ႔လည္း ေတြ႕ဆုံခဲ့ၿပီး စပါးစ္ၾကယ္ပြင့္ေဟာင္းဟာ ကင္ ကာဒါရွီယန္တို႔ မိသားစုနဲ႔ ဓာတ္ပုံအတူတူ တြဲ႐ိုက္ခဲ့တာ ျဖစ္ပါတယ္။

ကာဒါရွီယန္ဟာ ေျမာက္လန္ဒန္ေဘာလုံးအသင္းေတြနဲ႔ ဆက္ႏြယ္ေနမႈကို ဗုဒၶဟူးေန႔ညေနမွာ ဆက္လက္ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အာဆင္နယ္အသင္းက ၎တို႔ရဲ႕ တရားဝင္ တစ္ေတာ့အေကာင့္မွာ အသက္ ၄၂ ႏွစ္အ႐ြယ္ တီဗီစတားဟာ ဂန္းနားလူငယ္ၾကယ္ပြင့္ အက္ဒီ နကီးတီးယားဆီကေန ရွပ္လက္ေဆာင္ရရွိခဲ့တာကို တင္ခဲ့တာျဖစ္ပါတယ္။

ကင္က နကီးတီးယားကို လက္ေဆာင္အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာေနတာကို ျမင္ေတြ႕ခဲ့ရၿပီး သူမရဲ႕ အသက္ ၇ ႏွစ္အ႐ြယ္သားျဖစ္သူ စိန႔္ကို ‘အေမ့ဆီကေန ဒီဟာကို ခိုးဖို႔ ႀကိဳးစားမွာလား’လို႔ ေမးျမန္းခဲ့တာျဖစ္ပါတယ္။ စိန႔္ဟာ အာဆင္နယ္အသင္း ယူ႐ိုပါလိဂ္ကေန ထြက္ခြာခဲ့ရတဲ့ပြဲစဥ္မွာ ဂန္းနားဝတ္စုံကို ဝတ္ဆင္ထားတာေၾကာင့္ အာဆင္နယ္ပရိသတ္လို႔ နားလည္ရၿပီး ေက်ာဘက္က နာမည္ေၾကာင့္ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

အမ်ားစုက စိန႔္ရဲ႕ အာဆင္နယ္ရွပ္ေနာက္ေက်ာမွာ မာတင္ ေအာ္ဒီဂြါဒ္ သို႔မဟုတ္ ဆာကာရဲ႕နာမည္ကို ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္မွန္းခဲ့ေပမယ့္လည္း အဆင္နယ္အမ်ိဳးသမီးအသင္း တိုက္စစ္မႉး ကိတ္ မက္ကိတ္ဘ္နာမည္ကိုသာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ပရိသတ္ေတြဟာ အာဆင္နယ္အသင္းတင္ခဲ့တဲ့ ဗီဒီယိုကို တုံ႔ျပန္ခဲ့ၾကၿပီး ကင္ ကာဒါရွီယန္က ဂန္းနားေတြ ယူ႐ိုပါလိဂ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ အသင္းကို ကံဆိုးမႈေတြ ယူေဆာင္လာမွာကို စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

“အင္း လိဂ္မွာပါ ကံဆိုးေတာ့မွာပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကင္ ေက်းဇူးျပဳၿပီး ေဝးေဝးေနေပးပါ။ ငါတို႔ေတြ က်ိန္စာ မမိခ်င္ဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဂြါဒီယိုလာရဲ႕အသင္းထက္ ၁ ပြဲပိုကစားၿပီး ၈ မွတ္ျဖတ္ ဦးေဆာင္ေနတာျဖစ္ပါတယ္။ ဂန္းနားေတြနဲ႔ မန္စီးတီးတို႔ဟာ ဧၿပီလ ၂၆ ရက္ေန႔ အစ္တီဟတ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး အမ်ားစုက အဲဒီပြဲစဥ္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံကို အဆုံးအျဖတ္ေပးလိမ့္မယ္လို႔ ယုံၾကည္ေနၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.