Other Leagues

ယူနိုက်တက်ကထွက်ပြီးနောက် ပိုကောင်းမွန်တဲ့ကစားသမားဖြစ်လာတယ်လို့ ပြောခဲ့တဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကနေ အငြင်းပွားဖွယ် ထွက်ခွာခဲ့ရပြီးနောက် ပိုမိုကောင်းမွန်တဲ့သူဖြစ်လာတယ်လို့ ခံစားရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နည်းပြ ဆိုးလ်ရှား လက်အောက်မှာ ချက်ချင်းပဲ ခြေစွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ၃၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၄ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ်က အနာဂတ်ဟာ အိုင်းယက်စ်နည်းပြ အဲရစ် တန်ဟက်က ပြီးခဲ့တဲ့နွေရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီးနောက် မရေရာ မသေချာဖြစ်လာခဲ့တာဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပုံမှန်ပွဲကစားချိန် ရရှိဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ ဒတ်ချ်လူမျိုးနည်းပြကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းက ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီး ပေါ်တူဂီဂန္တဝင်ုတိက်စစ်မှူးဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နာဆာအသင်းနဲ့ မက်မောလောက်ဖွယ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စကားပြောဆိုရာမှာ ပေါ်တူဂီကြယ်ပွင့်က “တစ်ခါတလေမှာ ကျွန်တော့်ဘက်က ဘယ်သူရှိနေလဲဆိုတာကို သိရဖို့အတွက် အချို့အရာတွေကို ခင်ဗျား ဖြတ်သန်းရမှာပဲ။ ကျွန်တော့်မှာ ဆိုးရွားတဲ့ ကစားသမားဘဝအချိန်ကာလတွေရှိခဲ့တယ်ဆိုတာကို ပြောဖို့ ဘာမှ ပြဿနာမရှိပါဘူ။ ဒါပေမယ့် နောင်တရနေဖို့လည်း အချိန်မရှိပါဘူး။

ဘဝက ဆက်သွားနေမှာဖြစ်ပြီး ကောင်းကောင်း လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ အဲဒါက ကျွန်တော့် ကြီးထွားမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ တောင်ထိပ်မှာ ရှိနေတဲ့အချိန်မှာ အောက်မှာ ဘာရှိလဲဆိုတာ မမြင်ရတတ်ပါဘူး။ အခု ကျွန်တော် ပိုပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လေ့လာသင်ယူနေတယ်။ ဒါက အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကလို ကျွန်တော် တစ်ခါမှ မဖြစ်ခဲ့ဖူးလို့ပါ။ အခု ကျွန်တော်က ပိုပြီးကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ကေန အျငင္းပြားဖြယ္ ထြက္ခြာခဲ့ရၿပီးေနာက္ ပိုမိုေကာင္းမြန္တဲ့သူျဖစ္လာတယ္လို႔ ခံစားရတဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္မွာ ဂ်ဴဗင္တပ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး နည္းျပ ဆိုးလ္ရွား လက္ေအာက္မွာ ခ်က္ခ်င္းပဲ ေျခစြမ္း ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ၂၀၂၁-၂၀၂၂ ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၃၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၄ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီမွာ နည္းျပ ဆိုးလ္ရွား ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အိုးထရက္ဖို႔ဒ္က အနာဂတ္ဟာ အိုင္းယက္စ္နည္းျပ အဲရစ္ တန္ဟက္က ၿပီးခဲ့တဲ့ေႏြရာသီမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရၿပီးေနာက္ မေရရာ မေသခ်ာျဖစ္လာခဲ့တာျဖစ္ၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပုံမွန္ပြဲကစားခ်ိန္ ရရွိဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ ဒတ္ခ်္လူမ်ိဳးနည္းျပကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ၿပီး ေပၚတူဂီဂႏၲဝင္ုတိက္စစ္မႉးဟာ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နာဆာအသင္းနဲ႔ မက္ေမာေလာက္ဖြယ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ စကားေျပာဆိုရာမွာ ေပၚတူဂီၾကယ္ပြင့္က “တစ္ခါတေလမွာ ကြၽန္ေတာ့္ဘက္က ဘယ္သူရွိေနလဲဆိုတာကို သိရဖို႔အတြက္ အခ်ိဳ႕အရာေတြကို ခင္ဗ်ား ျဖတ္သန္းရမွာပဲ။ ကြၽန္ေတာ့္မွာ ဆိုး႐ြားတဲ့ ကစားသမားဘဝအခ်ိန္ကာလေတြရွိခဲ့တယ္ဆိုတာကို ေျပာဖို႔ ဘာမွ ျပႆနာမရွိပါဘူ။ ဒါေပမယ့္ ေနာင္တရေနဖို႔လည္း အခ်ိန္မရွိပါဘူး။

ဘဝက ဆက္သြားေနမွာျဖစ္ၿပီး ေကာင္းေကာင္း လုပ္ႏိုင္သည္ျဖစ္ေစ၊ မလုပ္ႏိုင္သည္ျဖစ္ေစ အဲဒါက ကြၽန္ေတာ့္ ႀကီးထြားမႈရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ကြၽန္ေတာ္တို႔ ေတာင္ထိပ္မွာ ရွိေနတဲ့အခ်ိန္မွာ ေအာက္မွာ ဘာရွိလဲဆိုတာ မျမင္ရတတ္ပါဘူး။ အခု ကြၽန္ေတာ္ ပိုၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး ေလ့လာသင္ယူေနတယ္။ ဒါက အေရးႀကီးတယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့လအနည္းငယ္တုန္းကလို ကြၽန္ေတာ္ တစ္ခါမွ မျဖစ္ခဲ့ဖူးလို႔ပါ။ အခု ကြၽန္ေတာ္က ပိုၿပီးေကာင္းမြန္တဲ့သူတစ္ေယာက္ ျဖစ္ေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.