Other Leagues

ရော်နယ်လ်ဒိုရဲ့အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့တဲ့ ဆော်ဒီ ဝန်ကြီး

ဆော်ဒီ အာရေဗျ အားကစားဝန်ကြီး မင်းသား အဗ္ဗဒူလာလ်ဇစ် ဘင်တာကီ အယ်လ် ဖိုက်ဇဲလ်က မကြာသေးမီက အယ်လ်နာဆာကို ပြောင်းရွှေ့လာပြီးကတည်းက ခရစ္စတီယာနို ရော်နယ်လ်ဒို ပြသခဲ့တဲ့ အကျိုးသက်ရောက်မှုကို ချီးကျူး ပြောကြားခဲ့ပါတယ်။

ဆော်ဒီ ပရိုလိဂ်ဟာ အခုလိုမျိုး ကမ္ဘာတလွှားက ကျယ်ကျယ်ပြန့်ပြန့် မသိရှိခဲ့ကြတဲ့ လိဂ်တစ်ခုဖြစ်ပြီး ရော်နယ်လ်ဒို အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့လာမှုကြောင့် လူသိများကျော်ကြားမှုက သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဆော်ဒီ ပရိုလိဂ်ကို လက်ရှိမှာတော့ ကမ္ဘာတလွှားက မတူညီတဲ့ ၁၃၇ နိုင်ငံမှာ ထုတ်လွှင့်ပြသနေပြီဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုမျိုး စူပါစတားကစားသမားရောက်ရှိလာမှုက လိဂ်ကို ကြီးကြီးမားမား လူသိများစေခဲ့တာဖြစ်ပါတယ်။

မင်းသား အယ်လ် ဖိုက်ဇဲလ်က ပေါ်တူဂီကြယ်ပွင့်ရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး “ကျွန်တော် ခင်ဗျားကို ဥပမာတစ်ခုပေးမယ်။ ရော်နယ်လ်ဒို ရောက်လာရုံနဲ့ ကျွန်​တော်တို့ ဆော်ဒီလိဂ်ကို ကမ္ဘာတလွှား ထုတ်လွှင့်ပြသတဲ့ ချန်နယ် ၁၃၇ ခု ရှိလာတယ်။ အစကတည်းက ကျွန်တော်တို့ အဲဒီလို ထုတ်လွှင့်ပြသချင်ခဲ့ပေမယ့်လည်း သူတို့တွေက စိတ်မဝင်စားဘူးလို့ ပြောခဲ့ကြတယ်”

“ဒါပေမယ့် ကစားသမားတစ်ယောက်ရောက်လာပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာကြပြီ။ နေရာသစ်ကို ရောက်လာပြီး အားကစား ဖွံ့ဖြိုးတိုးတက်မှုတွေ ကြီးထားလာဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်​တော်တို့ အဲဒါကို ရော်နယ်လ်ဒို ရောက်လာတဲ့အချိန်မှာ အဲဒါကို မြင်တွေ့ခဲ့ပြီး တကမ္ဘာလုံးမှာ ဘယ်လိုဆွဲဆောင်မှုမျိုး ဖြစ်ခဲ့လဲဆိုတာကိုလည်း တွေ့ခဲ့တယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မကြာသေးမီက ပထမဆုံး အိမ်ကွင်းသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကိုက် ၃၀ အကွာကနေ ဒုံးပျံတစ်စင်း ပစ်လွှတ်လိုက်တဲ့အတိုင်း အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အကျိုးသက်ရောက်မှုဟာ ကွင်းပြင်ပမှာတင် မဟုတ်ခဲ့ဘဲ အယ်လ်နာဆာ အသင်းရဲ့ တိုက်စစ်ကိုလည်း အကျိုးသက်ရောက်မှု ကြီးကြီးမားမား​ပြသနေခဲ့တာဖြစ်ပြီး ယခုရာသီ ၁၀ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာ္ဒီ အာေရဗ် အားကစားဝန္ႀကီး မင္းသား အဗၺဒူလာလ္ဇစ္ ဘင္တာကီ အယ္လ္ ဖိုက္ဇဲလ္က မၾကာေသးမီက အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒို ျပသခဲ့တဲ့ အက်ိဳးသက္ေရာက္မႈကို ခ်ီးက်ဴး ေျပာၾကားခဲ့ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္ဟာ အခုလိုမ်ိဳး ကမာၻတလႊားက က်ယ္က်ယ္ျပန႔္ျပန႔္ မသိရွိခဲ့ၾကတဲ့ လိဂ္တစ္ခုျဖစ္ၿပီး ေရာ္နယ္လ္ဒို အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕လာမႈေၾကာင့္ လူသိမ်ားေက်ာ္ၾကားမႈက သိသိသာသာ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္ကို လက္ရွိမွာေတာ့ ကမာၻတလႊားက မတူညီတဲ့ ၁၃၇ ႏိုင္ငံမွာ ထုတ္လႊင့္ျပသေနၿပီျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလိုမ်ိဳး စူပါစတားကစားသမားေရာက္ရွိလာမႈက လိဂ္ကို ႀကီးႀကီးမားမား လူသိမ်ားေစခဲ့တာျဖစ္ပါတယ္။

မင္းသား အယ္လ္ ဖိုက္ဇဲလ္က ေပၚတူဂီၾကယ္ပြင့္ရဲ႕ အက်ိဳးသက္ေရာက္မႈကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး “ကြၽန္ေတာ္ ခင္ဗ်ားကို ဥပမာတစ္ခုေပးမယ္။ ေရာ္နယ္လ္ဒို ေရာက္လာ႐ုံနဲ႔ ကြၽန္​ေတာ္တို႔ ေဆာ္ဒီလိဂ္ကို ကမာၻတလႊား ထုတ္လႊင့္ျပသတဲ့ ခ်န္နယ္ ၁၃၇ ခု ရွိလာတယ္။ အစကတည္းက ကြၽန္ေတာ္တို႔ အဲဒီလို ထုတ္လႊင့္ျပသခ်င္ခဲ့ေပမယ့္လည္း သူတို႔ေတြက စိတ္မဝင္စားဘူးလို႔ ေျပာခဲ့ၾကတယ္”

“ဒါေပမယ့္ ကစားသမားတစ္ေယာက္ေရာက္လာၿပီးတဲ့ေနာက္မွာ တစ္ကမာၻလုံးက စိတ္ဝင္စားလာၾကၿပီ။ ေနရာသစ္ကို ေရာက္လာၿပီး အားကစား ဖြံ႕ၿဖိဳးတိုးတက္မႈေတြ ႀကီးထားလာဖို႔ ျဖစ္ႏိုင္ေျခရွိပါတယ္။ ကြၽန္​ေတာ္တို႔ အဲဒါကို ေရာ္နယ္လ္ဒို ေရာက္လာတဲ့အခ်ိန္မွာ အဲဒါကို ျမင္ေတြ႕ခဲ့ၿပီး တကမာၻလုံးမွာ ဘယ္လိုဆြဲေဆာင္မႈမ်ိဳး ျဖစ္ခဲ့လဲဆိုတာကိုလည္း ေတြ႕ခဲ့တယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ မၾကာေသးမီက ပထမဆုံး အိမ္ကြင္းသြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ကိုက္ ၃၀ အကြာကေန ဒုံးပ်ံတစ္စင္း ပစ္လႊတ္လိုက္တဲ့အတိုင္း အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းမႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ကြင္းျပင္ပမွာတင္ မဟုတ္ခဲ့ဘဲ အယ္လ္နာဆာ အသင္းရဲ႕ တိုက္စစ္ကိုလည္း အက်ိဳးသက္ေရာက္မႈ ႀကီးႀကီးမားမား​ျပသေနခဲ့တာျဖစ္ၿပီး ယခုရာသီ ၁၀ ပြဲမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးထားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.