Other Leagues

လာမယ့် ၇ နှစ်အတွင်း ဆော်ဒီလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လာမယ်လို့ ပြောခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဆော်ဒီ ပရိုလိဂ်ဟာ လာမယ့် ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်အတွင်းမှာ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်တွေထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အယ်နာဆာအသင်းအတွက် ၈ ပွဲ ကစားထားရာမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးက ဆော်ဒီ ပရိုလိဂ်နဲ့ပတ်သက်ပြီး အံ့အားသင့်မိတဲ့အကြောင်းကို ဝန်ခံ ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းက ဘောလုံးပြိုင်ပွဲဟာ လာမယ့် ၅ နှစ်၊ ၇ နှစ်အတွင်းမှာ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လိဂ်တွေထဲက တစ်ခုဖြစ်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ဝမ်းပန်းတသာနဲ့ပဲ အံ့အားသင့်မိခဲ့ပါတယ်။ ပြည်ပကစားသမားတွေက မတူညီတဲ့ အရည်အသွေးတွေ ရှိကြပါတယ်။ ၅ နှစ်၊ ၇ နှစ်အတွင်း ဒီစီမံကိန်းအတိုင်း ဆက်သွားမယ်ဆိုရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် ဒါမှမဟုတ် ပဉ္စမမြောက် ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် ကစားနေတယ်။ ကျွန်တော် ပွဲကစားချိန် ရနေပါတယ်“လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီမှာ ကစားနေတဲ့ တစ်ဦးတည်းသော နာမည်ကြီးကစားသမားတော့မဟုတ်ဘဲ ဒေးဗစ် အော့စပီနာ၊ လူးဝီးဇ် ဂူစတာဗို၊ ခရစ်ရှန် တယ်လို၊ အဲဗား ဘနီဂါတို့လည်း ဆော်ဒီ ပရိုလိဂ်မှာ ကစားနေတာ ဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက “၅၆၇ နှစ်ကြာရင်လား”လို့ ဟာသဖောက်ခဲ့ပြီး နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း “၅၆၇ နှစ်လို့ ပြောရင်တောင်မှ သူလိမ်နေတာပဲ ဖြစ်လိမ့်မယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်းရဲ့ အပြောင်းအရွှေ့က ဥရောပက ကြယ်ပွင့်တွေကို ပြောင်းရွှေ့ချင်လာအောင် လှုံ့ဆော်မှုတစ်ခု ဖြစ်လာမလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ေဆာ္ဒီ ပ႐ိုလိဂ္ဟာ လာမယ့္ ၅ ႏွစ္၊ ၆ ႏွစ္၊ ၇ ႏွစ္အတြင္းမွာ ကမာၻေပၚက ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးလိဂ္ေတြထဲက တစ္ခုျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အယ္နာဆာအသင္းအတြက္ ၈ ပြဲ ကစားထားရာမွာ ၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးက ေဆာ္ဒီ ပ႐ိုလိဂ္နဲ႔ပတ္သက္ၿပီး အံ့အားသင့္မိတဲ့အေၾကာင္းကို ဝန္ခံ ေျပာၾကားခဲ့ၿပီး အေရွ႕အလယ္ပိုင္းက ေဘာလုံးၿပိဳင္ပြဲဟာ လာမယ့္ ၅ ႏွစ္၊ ၇ ႏွစ္အတြင္းမွာ ကမာၻေပၚက ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံး လိဂ္ေတြထဲက တစ္ခုျဖစ္လာမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဝမ္းပန္းတသာနဲ႔ပဲ အံ့အားသင့္မိခဲ့ပါတယ္။ ျပည္ပကစားသမားေတြက မတူညီတဲ့ အရည္အေသြးေတြ ရွိၾကပါတယ္။ ၅ ႏွစ္၊ ၇ ႏွစ္အတြင္း ဒီစီမံကိန္းအတိုင္း ဆက္သြားမယ္ဆိုရင္ ကမာၻေပၚမွာ စတုတၳေျမာက္ ဒါမွမဟုတ္ ပၪၥမေျမာက္ ယွဥ္ၿပိဳင္မႈအျပင္းထန္ဆုံးလိဂ္ျဖစ္လာပါလိမ့္မယ္။ ကြၽန္ေတာ္ ကစားေနတယ္။ ကြၽန္ေတာ္ ပြဲကစားခ်ိန္ ရေနပါတယ္“လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီမွာ ကစားေနတဲ့ တစ္ဦးတည္းေသာ နာမည္ႀကီးကစားသမားေတာ့မဟုတ္ဘဲ ေဒးဗစ္ ေအာ့စပီနာ၊ လူးဝီးဇ္ ဂူစတာဗို၊ ခရစ္ရွန္ တယ္လို၊ အဲဗား ဘနီဂါတို႔လည္း ေဆာ္ဒီ ပ႐ိုလိဂ္မွာ ကစားေနတာ ျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက “၅၆၇ ႏွစ္ၾကာရင္လား”လို႔ ဟာသေဖာက္ခဲ့ၿပီး ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “၅၆၇ ႏွစ္လို႔ ေျပာရင္ေတာင္မွ သူလိမ္ေနတာပဲ ျဖစ္လိမ့္မယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီး ၎ရဲ႕ အေျပာင္းအေ႐ႊ႕က ဥေရာပက ၾကယ္ပြင့္ေတြကို ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ လႈံ႕ေဆာ္မႈတစ္ခု ျဖစ္လာမလားဆိုတာကို ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.