International World Cup

ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ နောက်ထပ်နိုင်ငံတကာစံချိန်ကို ရိုက်ချိုးဦးမယ့် ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းက ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်ကို စတင်ကစားသွားဖို့ ပြင်ဆင်နေပြီး ယခုအပတ်မှာ နောက်ထပ် နိုင်ငံတကာစံချိန်ကို ရိုက်ချိုးဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်နာဆာ ကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုအပတ်မှာ နိင်ငံတကာဘောလုံးသမိုင်းမှာ လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ ကြာသပတေးနေ့ညမှာ လစ်ချ်တင်စတိုင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်တိုက်စစ်မှူးဟောင်းဟာ တောက်ပတဲ့ ကစားသမားဘဝအတွင်း နိုင်ငံတကာပွဲစဉ်ပေါင်း ၁၉၆ ပွဲ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပြီး ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ကူဝိတ်တိုက်စစ်မှူး ဘာဒါ အယ်လ်-မူတာဝါနဲ့အတူ ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ စံချိန်ကို ပူးတွဲပိုင်ဆိုင်နေတာဖြစ်ပြီး ကူဝိတ်တိုက်စစ်မှူးဟာ လာမယ့်ပွဲစဉ်တွေအတွက် လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတာကြောင့် ပေါ်တူဂီကြယ်ပွင့်က လာမယ့်ရက်ပိုင်းအတွင်း စံချိန်သစ် ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်ပွဲထွက်လူစာရင်းထဲက ၎င်းရဲ့ နေရာကို ပြန်လည်ရရှိဖို့အတွက် နည်းပြသစ် ရော်ဘတ်တို မာတီနက်ဇ်ကို အထင်ကြီးအောင် လုပ်ပြနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အရန်ခုံမှာ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဂိုးသွင်းခြေစွမ်း ပြန်လည် ရရှိလာခဲ့သူဖြစ်ပြီး အယ်လ်နာဆာအသင်းအတွက် ပထမဆုံး ကစားပေးထားတဲ့ ၈ ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နိုင်ငံတကာဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၁၁၈ ဂိုးနဲ့ စံချိန်သစ် ရေးထိုးထားသူဖြစ်ပြီး ပေါ်တူဂီအသင်းဟာ ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းရာမှာ လျင်လျင်မြန်မြန်နဲ့ စတင်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းက ယူ႐ို ၂၀၂၄ ေျခစစ္ပြဲစဥ္ကို စတင္ကစားသြားဖို႔ ျပင္ဆင္ေနၿပီး ယခုအပတ္မွာ ေနာက္ထပ္ ႏိုင္ငံတကာစံခ်ိန္ကို ႐ိုက္ခ်ိဳးဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အယ္လ္နာဆာ ၾကယ္ပြင့္တိုက္စစ္မႉးဟာ ယခုအပတ္မွာ နိင္ငံတကာေဘာလုံးသမိုင္းမွာ လက္ေ႐ြးစင္အသင္းအတြက္ ပြဲအမ်ားဆုံး ကစားေပးထားတဲ့ ကစားသမားျဖစ္လာေတာ့မွာျဖစ္ၿပီး ေပၚတူဂီအသင္းဟာ ၾကာသပေတးေန႔ညမွာ လစ္ခ်္တင္စတိုင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္တိုက္စစ္မႉးေဟာင္းဟာ ေတာက္ပတဲ့ ကစားသမားဘဝအတြင္း ႏိုင္ငံတကာပြဲစဥ္ေပါင္း ၁၉၆ ပြဲ ပါဝင္ကစားေပးထားခဲ့တာျဖစ္ၿပီး ၂၀၁၆ ယူ႐ိုၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းကို ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ ကူဝိတ္တိုက္စစ္မႉး ဘာဒါ အယ္လ္-မူတာဝါနဲ႔အတူ ပြဲအမ်ားဆုံးပါဝင္ကစားေပးထားတဲ့ စံခ်ိန္ကို ပူးတြဲပိုင္ဆိုင္ေနတာျဖစ္ၿပီး ကူဝိတ္တိုက္စစ္မႉးဟာ လာမယ့္ပြဲစဥ္ေတြအတြက္ လူစာရင္းထဲကေန ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္က လာမယ့္ရက္ပိုင္းအတြင္း စံခ်ိန္သစ္ ေရးထိုးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီလက္ေ႐ြးစင္ပြဲထြက္လူစာရင္းထဲက ၎ရဲ႕ ေနရာကို ျပန္လည္ရရွိဖို႔အတြက္ နည္းျပသစ္ ေရာ္ဘတ္တို မာတီနက္ဇ္ကို အထင္ႀကီးေအာင္ လုပ္ျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္မွာ ေမာ္႐ိုကိုကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အရန္ခုံမွာ ထိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဂိုးသြင္းေျခစြမ္း ျပန္လည္ ရရွိလာခဲ့သူျဖစ္ၿပီး အယ္လ္နာဆာအသင္းအတြက္ ပထမဆုံး ကစားေပးထားတဲ့ ၈ ပြဲမွာ သြင္းဂိုး ၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ႏိုင္ငံတကာေဘာလုံးသမိုင္းမွာ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ၁၁၈ ဂိုးနဲ႔ စံခ်ိန္သစ္ ေရးထိုးထားသူျဖစ္ၿပီး ေပၚတူဂီအသင္းဟာ ၂၀၂၄ ယူ႐ိုၿပိဳင္ပြဲအတြက္ ဝင္ခြင့္ရရွိဖို႔ ႀကိဳးပမ္းရာမွာ လ်င္လ်င္ျမန္ျမန္နဲ႔ စတင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.