International World Cup

နည်းပြသစ်ကြေညာဖို့နီးစပ်နေချိန်မှာ နည်းပြသစ်ကို ဖော်ကောင်လုပ်မိခဲ့တဲ့ အီဒါဆင်

အီဒါဆင်ဟာ မော်ရိုကိုနဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်း ဘရာဇီးလ်ရဲ့ နည်းပြသစ်က ဘယ်သူဖြစ်လာမလဲဆိုတာကို ဖော်ကောင်လုပ်ခဲ့ပုံပေါ်ပါတယ်။

အီဒါဆင်ဟာ လက်ရှိမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ စနေနေ့မှာ ကစားရမယ့် ခြေစမ်းပွဲစဉ်အတွက် ဘရာဇီးလ်အသင်းနဲ့ ပူးပေါင်းနေတာ ဖြစ်ပါတယ်။

ဘရာဇီးလ် ယူ-၂၀ အသင်းနည်းပြ ရာမွန် မီနီဇိစ်က နည်းပြ တီတီ ရာထူးကနေ နုတ်ထွက်ပြီးနောက်ပိုင်း လစ်လပ်နေတဲ့ ဘရာဇီးလ်လက်ရွေးစင်နည်းပြနေရာမှာ ယာယီတာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းလိုမျိုး ကမ္ဘာ့ဘောလုံးလောကမှာ အကြီးမားဆုံး လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ့်သူဟာ အတွေ့အကြုံအရင့်ကျက်ဆုံးဝါရင့်နည်းပြကြီးတွေထဲက တစ်ဦးဖြစ်မယ့်ပုံပေါ်ပြီး အီဒါဆင်ရဲ့ ပြောကြားချက်အရ အန်ချယ်လော့တီဟာ ဘရာဇီးလ်နည်းပြသစ် ဖြစ်လာမယ့်သူလို့ သိရပါတယ်။

“ကျွန်တော် ကာစီမီရို၊ ဗင်နီးရှပ်စ် ဂျူနီယာ၊ မီလီတာအိုတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ သူ လာဖို့အတွက် ကြီးမားတဲ့ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်က မြန်မြန် ဖြုတ်ပစ်နိုင်အောင် ကြိုးပမ်းရမှာပါ။ အဲဒါမှ အန်ချယ်လော့တီလည်း ဘရာဇီးလ်ကို မြန်မြန် လာလို့ရမှာပါ”

မန်ချက်စတာစီးတီးဂိုးသမားက ၎င်းရဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းဖော်တွေက အီတလီလူမျိုးနည်းပြက ထူးခြားတဲ့ နည်းပြဖြစ်ပြီး အောင်မြင်တဲ့ နည်းပြဘဝကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် အသင်းသားတွေအားလုံးက နှစ်သက်ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ သူ ဒီမှာ ရှိနေမလား၊ မရှိနေဘူးလားဆိုတာကို ချက်ချင်းပဲ သိရပါလိမ့်မယ်။ ကျွန်တော်တို့ နည်းနည်းသစ် မြန်မြန် ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ထင်ကြေးတွေကလည်း အများကြီးဖြစ်နေတာကြောင့် ကျွန်တော် စိတ်လှုပ်ရှားသလို ခံစားနေရပါတယ်။ ဘရာဇီးလ်သားလား ပြည်ပနည်းပြလား။ ကျွန်တော်တို့ အဲဒီ စိတ်ဖိစီးစရာကာလမှာ နေထိုင်နေရပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီဒါဆင္ဟာ ေမာ္႐ိုကိုနဲ႔ ကစားရမယ့္ ေျခစမ္းပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲအတြင္း ဘရာဇီးလ္ရဲ႕ နည္းျပသစ္က ဘယ္သူျဖစ္လာမလဲဆိုတာကို ေဖာ္ေကာင္လုပ္ခဲ့ပုံေပၚပါတယ္။

အီဒါဆင္ဟာ လက္ရွိမွာေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ေမာ္႐ိုကိုအသင္းနဲ႔ စေနေန႔မွာ ကစားရမယ့္ ေျခစမ္းပြဲစဥ္အတြက္ ဘရာဇီးလ္အသင္းနဲ႔ ပူးေပါင္းေနတာ ျဖစ္ပါတယ္။

ဘရာဇီးလ္ ယူ-၂၀ အသင္းနည္းျပ ရာမြန္ မီနီဇိစ္က နည္းျပ တီတီ ရာထူးကေန ႏုတ္ထြက္ၿပီးေနာက္ပိုင္း လစ္လပ္ေနတဲ့ ဘရာဇီးလ္လက္ေ႐ြးစင္နည္းျပေနရာမွာ ယာယီတာဝန္ယူ ကိုင္တြယ္သြားမွာ ျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းလိုမ်ိဳး ကမာၻ႔ေဘာလုံးေလာကမွာ အႀကီးမားဆုံး လက္ေ႐ြးစင္အသင္းကို ကိုင္တြယ္မယ့္သူဟာ အေတြ႕အႀကဳံအရင့္က်က္ဆုံးဝါရင့္နည္းျပႀကီးေတြထဲက တစ္ဦးျဖစ္မယ့္ပုံေပၚၿပီး အီဒါဆင္ရဲ႕ ေျပာၾကားခ်က္အရ အန္ခ်ယ္ေလာ့တီဟာ ဘရာဇီးလ္နည္းျပသစ္ ျဖစ္လာမယ့္သူလို႔ သိရပါတယ္။

“ကြၽန္ေတာ္ ကာစီမီ႐ို၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ မီလီတာအိုတို႔နဲ႔ ေဆြးေႏြးခဲ့ပါတယ္။ သူ လာဖို႔အတြက္ ႀကီးမားတဲ့ ျဖစ္ႏိုင္ေျခရွိပါတယ္။ ကြၽန္ေတာ္တို႔ ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္က ျမန္ျမန္ ျဖဳတ္ပစ္ႏိုင္ေအာင္ ႀကိဳးပမ္းရမွာပါ။ အဲဒါမွ အန္ခ်ယ္ေလာ့တီလည္း ဘရာဇီးလ္ကို ျမန္ျမန္ လာလို႔ရမွာပါ”

မန္ခ်က္စတာစီးတီးဂိုးသမားက ၎ရဲ႕ ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းေဖာ္ေတြက အီတလီလူမ်ိဳးနည္းျပက ထူးျခားတဲ့ နည္းျပျဖစ္ၿပီး ေအာင္ျမင္တဲ့ နည္းျပဘဝကို ပိုင္ဆိုင္ထားသူျဖစ္တာေၾကာင့္ အသင္းသားေတြအားလုံးက ႏွစ္သက္ၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူ႔ရဲ႕ ကိုယ္ေရးအက်ဥ္းကို ၾကည့္လိုက္ပါ။ ကြၽန္ေတာ္တို႔ သူ ဒီမွာ ရွိေနမလား၊ မရွိေနဘူးလားဆိုတာကို ခ်က္ခ်င္းပဲ သိရပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ နည္းနည္းသစ္ ျမန္ျမန္ ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ထင္ေၾကးေတြကလည္း အမ်ားႀကီးျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္ စိတ္လႈပ္ရွားသလို ခံစားေနရပါတယ္။ ဘရာဇီးလ္သားလား ျပည္ပနည္းျပလား။ ကြၽန္ေတာ္တို႔ အဲဒီ စိတ္ဖိစီးစရာကာလမွာ ေနထိုင္ေနရပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.