Bundesliga

မာနေးနဲ့ပတ်သက်ပြီး လီဗာပူးလ်ကို ပြစ်တင်လိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့လာပြီးကတည်းက ဆာဒီယို မာနေးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့တဲ့ ၆ နှစ်တာကာလကို ဖြတ်သန်းပြီးနောက် မာနေးဟာ ဘိုင်ယန်မြူးနစ်ကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့ဖို့အတွက် အန်းဖီးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးရဲ့ နေရာမှာ အစားထိုးခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း မာနေးရဲ့ ပထမဆုံးရာသီဟာ ထင်ထားတာနဲ့ ကွာခြားနေခဲ့တာဖြစ်ပါတယ်။

ဆာဒီယို မာနေးဟာ ဒီနေ့အချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပြီး Sport1 ဂျာနယ်လစ် ကယ်ရီ ဟောင်က ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့နဲ့ အသင်းတာဝန်ရှိသူတွေဟာ မာနေးဆီကနေ ဒီထက်အများကြီး ပိုမိုမျှော်လင့်ထားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မာနေးဟာ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ တော်တော်များများ ရှုံးနိမ့်ခဲ့တယ်လို့ သိရပြီး လေ့ကျင့်ရေးမှာလည်း အဲဒီအပိုင်းက ဆက်တိုက်ဆိုသလို ပြဿနာဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက မာနေးဟာ လီဗာပူးလ်အသင်းနဲ့ ရှိခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာစေခဲ့တဲ့ မြန်နှုန်းနဲ့ တိုးအားမျိုး မရှိတော့ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

မာနေးရဲ့ မြန်နှုန်းကင်းမဲ့မှုဟာ ယာဂန် ကလော့ပ်ရဲ့ အတင်းဝင် အတင်းထွက် ကစားဟန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေနဲ့ သက်ဆိုင်ကောင်း သက်ဆိုင်ခဲ့မယ်လို့ ယူဆချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ မာနေးဟာ လီဗာပူးလ်အသင်းနဲ့ ရှိခဲ့တဲ့အချိန်တုန်းက တစ်ရာသီကို ပျမ်းမျှ ပွဲ ၅၀ လောက် ကစားခဲ့ရတာဖြစ်ပြီး အဲဒီလို သာမန်ထက် ပိုပြီး ကစားခဲ့ရတာကြောင့် စောစောစီးစီး စွမ်းဆောင်ရည် ကျသွားတာဖြစ်နိုင်ပါတယ်။

အဲဒီအပြင် ကယ်ရီ ဟောင်က မာနေးဟာ ယူလီယန် နာဂယ်စ်မန်းရဲ့ ကစားကွက်နဲ့ အသားကျဖို့ ခက်ခဲနေပြီး ဘိုင်ယန်မြူးနစ်အသင်းက ၎င်းရဲ့ နေရာအသစ်နဲ့ အံဝင်ဖို့လည်း ရုန်းကန်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘြန္ဒက္စ္လီဂါကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဆာဒီယို မာေနးရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

လီဗာပူးလ္အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ၆ ႏွစ္တာကာလကို ျဖတ္သန္းၿပီးေနာက္ မာေနးဟာ ဘိုင္ယန္ျမဴးနစ္ကို ေပါင္ ၄၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔အတြက္ အန္းဖီးကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ပိုလန္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးရဲ႕ ေနရာမွာ အစားထိုးေခၚယူျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း မာေနးရဲ႕ ပထမဆုံးရာသီဟာ ထင္ထားတာနဲ႔ ကြာျခားေနခဲ့တာျဖစ္ပါတယ္။

ဆာဒီယို မာေနးဟာ ဒီေန႔အခ်ိန္အထိ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၈ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္သာ ျပဳလုပ္ေပးထားႏိုင္ခဲ့တာျဖစ္ၿပီး Sport1 ဂ်ာနယ္လစ္ ကယ္ရီ ေဟာင္က ဘိုင္ယန္ျမဴးနစ္နည္းျပအဖြဲ႕နဲ႔ အသင္းတာဝန္ရွိသူေတြဟာ မာေနးဆီကေန ဒီထက္အမ်ားႀကီး ပိုမိုေမွ်ာ္လင့္ထားခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မာေနးဟာ တစ္ဦးခ်င္းရင္ဆိုင္တိုက္ပြဲေတြမွာ ေတာ္ေတာ္မ်ားမ်ား ရႈံးနိမ့္ခဲ့တယ္လို႔ သိရၿပီး ေလ့က်င့္ေရးမွာလည္း အဲဒီအပိုင္းက ဆက္တိုက္ဆိုသလို ျပႆနာျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက မာေနးဟာ လီဗာပူးလ္အသင္းနဲ႔ ရွိခဲ့တဲ့အခ်ိန္တုန္းက ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာေစခဲ့တဲ့ ျမန္ႏႈန္းနဲ႔ တိုးအားမ်ိဳး မရွိေတာ့ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

မာေနးရဲ႕ ျမန္ႏႈန္းကင္းမဲ့မႈဟာ ယာဂန္ ကေလာ့ပ္ရဲ႕ အတင္းဝင္ အတင္းထြက္ ကစားဟန္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ေတာင္းဆိုမႈေတြနဲ႔ သက္ဆိုင္ေကာင္း သက္ဆိုင္ခဲ့မယ္လို႔ ယူဆခ်က္ေတြလည္း ရွိေနတာျဖစ္ပါတယ္။ မာေနးဟာ လီဗာပူးလ္အသင္းနဲ႔ ရွိခဲ့တဲ့အခ်ိန္တုန္းက တစ္ရာသီကို ပ်မ္းမွ် ပြဲ ၅၀ ေလာက္ ကစားခဲ့ရတာျဖစ္ၿပီး အဲဒီလို သာမန္ထက္ ပိုၿပီး ကစားခဲ့ရတာေၾကာင့္ ေစာေစာစီးစီး စြမ္းေဆာင္ရည္ က်သြားတာျဖစ္ႏိုင္ပါတယ္။

အဲဒီအျပင္ ကယ္ရီ ေဟာင္က မာေနးဟာ ယူလီယန္ နာဂယ္စ္မန္းရဲ႕ ကစားကြက္နဲ႔ အသားက်ဖို႔ ခက္ခဲေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက ၎ရဲ႕ ေနရာအသစ္နဲ႔ အံဝင္ဖို႔လည္း ႐ုန္းကန္ေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.