Bundesliga Match Report Serie A UCL&UEL

စီးရီးအေမှာ ဆရာကျပြီး ချန်ပီယံလိဂ်ကို ခြိမ်းခြောက်ဖို့ ကွာတားတက်တဲ့ နာပိုလီ

နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ရာမာနီ၊ ဂင်မင်းဂျယ်၊ ဒီလော်ရန်ဇိုနဲ့ မာရီယို ရူအီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပိုလီတာနို၊ ကဗာရတ်စခီလီယာနဲ့ အိုဆီမင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖရန့်ဖတ်တို့ကတော့ ဂိုးသမား ထရက်ပ်၊ ခံစစ်မှာ အန်ဒစ်ကာ၊ တူတာ၊ အော်ရယ်လီယို ဘူတာနဲ့ လင့်ဇ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒါ၊ ဂျီဘရီလ် ဆိုး၊ ဂေါ့ဇား၊ ခနော့ဖ်နဲ့ ကာမာဒါတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဘော်ရီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

စပါးစ်၊ မာဆေးလ်နဲ့ စပို့တင်း လစ္စဘွန်းတို့နဲ့ အုပ်စု(D)မှာ တစ်အုပ်စုတည်း ကျခဲ့ရာကနေ နောက်ဆုံးပွဲမှာ ကံကောင်းပြီး နောက်တစ်ဆင့် တက်လာခဲ့တဲ့ ဖရန့်ဖတ်တို့ကတော့ အုပ်စု(A)မှာ လီဗာပူးလ်ကို ကျော်ပြီး အုပ်စုဗိုလ်ယူခဲ့တဲ့ အီတလီစီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီတို့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘဲ ဂျာမန်မြေမှာ ရှုံးနိမ့်ထားခဲ့သလို အဝေးကွင်းမှာလည်း ကောင်တာကိုပဲ အားပြုခဲ့ရတာဖြစ်ပါတယ်။

နာပိုလီတို့ ဖိကစားခဲ့ပေမယ့် တော်တော်နဲ့ ဂိုးမရဘဲဖြစ်နေခဲ့သလို ဘယ်ခြမ်းက ကဗာရတ်စခီလီယာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ တိုင်မင်တချို့ လွဲနေခဲ့တာကြောင့် ဖရန့်ဖတ်ခံစစ်နဲ့ ဂိုးသမား ထရက်ပ်တို့ရဲ့ ကာကွယ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဒီလိုနဲ့ ပထမပိုင်းမှာ ဂိုးမရှိသရေကျမယ်လို့ပါ ထင်နေခဲ့ရတာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဂိုးမြူးနေတဲ့ အိုဆီမင်က နာပိုလီတို့ကို ပျော်ရွှင်စေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ပိုလီတာနိုရဲ့ တောင်ပံက ဖြတ်တင်ပေးမှုကို ခေါင်းတိုက်မယ်မှန်း သိသိကြီးနဲ့ အဆင်သင့်မရှိဘဲ နှေးကွေးနေခဲ့တဲ့ ဂိုးသမား ထရက်ပ်ရဲ့ ဘယ်ဘက်ထောင့်ကို နိုင်ဂျီးရီယားတိုက်စစ်မှူးက သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ နာပိုလီတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေပဲ ပိုလီတာနိုက ခင်းပေးတာကို ဧရိယာထဲ ပြေးဝင်လာခဲ့တဲ့ နောက်ခံလူ ဒီလော်ရန်ဇိုက ဂိုးရှေ့ဖြတ်ပို့ပေးရာမှာ အိုဆီမင်က လျှောထိုးပိတ်သွင်းယူခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် လက်တစ်ဖက်က ကိုယ်လုံးအောက်မှာ ညပ်ပြီး နာသွားခဲ့တာကတော့ ပရိသတ်တွေ စိုးရိမ်စရာဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို နာပိုလီတို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဇီလင်စကီးကို ဧရိယာထဲမှာ ခြေချိတ်မိခဲ့တဲ့ ဖရန့်ဖတ်ကွင်းလယ်လူ ဂျီဘရီလ် ဆိုးကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဇီလင်စကီးက ကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပြီး ဂိုးသမား ဒိုက်ပစ်လို့ လွတ်သွားတဲ့ အလယ်တည့်တည့်ကို ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

သုံးဂိုးရအပြီးမှာတော့ နာပိုလီတို့ဘက်က ဂင်မင်းဂျယ်၊ ပိုလီတာနို၊ ကဗာရတ်စခီလီယာ၊ ဇီလင်စကီးနဲ့ အိုဆီမင်တို့ကို အနားပေးသွားခဲ့ကြပြီး ဟွမ်ဂျေဆူးစ်၊ လိုဇာနို၊ အဲလ်မတ်စ်၊ အန်ဒွမ်ဘီလီနဲ့ ဆီမီယွန်နီတို့ကို ထည့်သွင်းသွားခဲ့ကြသလို ဖရန့်ဖတ်တို့ဘက်ကတော့ ခနော့ဖ်၊ လင့်ဇ်နဲ့ ရိုဒါတို့အစား အာလီဒူး၊ ဖိလစ်မက်စ်နဲ့ ယာကစ်ချ်တို့ကို လူစားလဲသွားခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ နာပိုလီတို့က ဖရန့်ဖတ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ကြသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး စီးရီးအေ ထိပ်ဆုံးမှာ ဦးဆောင်နေတာဟာ အိမ်ကျယ်သာ မဟုတ်ကြောင်းနဲ့ ဥရောပမှာ ဗိုလ်ဝင်ခံတော့မယ်ဆိုတာကို ပြိုင်ဘက်တွေကို သတိပေးလိုက်သလိုလည်းဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာပိုလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မီရက္၊ ခံစစ္မွာ ရာမာနီ၊ ဂင္မင္းဂ်ယ္၊ ဒီေလာ္ရန္ဇိုနဲ႔ မာရီယို ႐ူအီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပိုလီတာႏို၊ ကဗာရတ္စခီလီယာနဲ႔ အိုဆီမင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဖရန႔္ဖတ္တို႔ကေတာ့ ဂိုးသမား ထရက္ပ္၊ ခံစစ္မွာ အန္ဒစ္ကာ၊ တူတာ၊ ေအာ္ရယ္လီယို ဘူတာနဲ႔ လင့္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒါ၊ ဂ်ီဘရီလ္ ဆိုး၊ ေဂါ့ဇား၊ ခေနာ့ဖ္နဲ႔ ကာမာဒါတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ေဘာ္ရီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

စပါးစ္၊ မာေဆးလ္နဲ႔ စပို႔တင္း လစၥဘြန္းတို႔နဲ႔ အုပ္စု(D)မွာ တစ္အုပ္စုတည္း က်ခဲ့ရာကေန ေနာက္ဆုံးပြဲမွာ ကံေကာင္းၿပီး ေနာက္တစ္ဆင့္ တက္လာခဲ့တဲ့ ဖရန႔္ဖတ္တို႔ကေတာ့ အုပ္စု(A)မွာ လီဗာပူးလ္ကို ေက်ာ္ၿပီး အုပ္စုဗိုလ္ယူခဲ့တဲ့ အီတလီစီးရီးေအ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ နာပိုလီတို႔အတြက္ ၿပိဳင္ဘက္ မဟုတ္ခဲ့ဘဲ ဂ်ာမန္ေျမမွာ ရႈံးနိမ့္ထားခဲ့သလို အေဝးကြင္းမွာလည္း ေကာင္တာကိုပဲ အားျပဳခဲ့ရတာျဖစ္ပါတယ္။

နာပိုလီတို႔ ဖိကစားခဲ့ေပမယ့္ ေတာ္ေတာ္နဲ႔ ဂိုးမရဘဲျဖစ္ေနခဲ့သလို ဘယ္ျခမ္းက ကဗာရတ္စခီလီယာ ထင္သေလာက္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ တိုင္မင္တခ်ိဳ႕ လြဲေနခဲ့တာေၾကာင့္ ဖရန႔္ဖတ္ခံစစ္နဲ႔ ဂိုးသမား ထရက္ပ္တို႔ရဲ႕ ကာကြယ္မႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ဒီလိုနဲ႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်မယ္လို႔ပါ ထင္ေနခဲ့ရတာပါ။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဂိုးျမဴးေနတဲ့ အိုဆီမင္က နာပိုလီတို႔ကို ေပ်ာ္႐ႊင္ေစႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ပိုလီတာႏိုရဲ႕ ေတာင္ပံက ျဖတ္တင္ေပးမႈကို ေခါင္းတိုက္မယ္မွန္း သိသိႀကီးနဲ႔ အဆင္သင့္မရွိဘဲ ေႏွးေကြးေနခဲ့တဲ့ ဂိုးသမား ထရက္ပ္ရဲ႕ ဘယ္ဘက္ေထာင့္ကို ႏိုင္ဂ်ီးရီယားတိုက္စစ္မႉးက သြင္းယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ နာပိုလီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေနပဲ ပိုလီတာႏိုက ခင္းေပးတာကို ဧရိယာထဲ ေျပးဝင္လာခဲ့တဲ့ ေနာက္ခံလူ ဒီေလာ္ရန္ဇိုက ဂိုးေရွ႕ျဖတ္ပို႔ေပးရာမွာ အိုဆီမင္က ေလွ်ာထိုးပိတ္သြင္းယူခဲ့ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ေပမယ့္ လက္တစ္ဖက္က ကိုယ္လုံးေအာက္မွာ ညပ္ၿပီး နာသြားခဲ့တာကေတာ့ ပရိသတ္ေတြ စိုးရိမ္စရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို နာပိုလီတို႔ သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဇီလင္စကီးကို ဧရိယာထဲမွာ ေျခခ်ိတ္မိခဲ့တဲ့ ဖရန႔္ဖတ္ကြင္းလယ္လူ ဂ်ီဘရီလ္ ဆိုးေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဇီလင္စကီးက ကိုယ္တိုင္ပဲ ကန္သြင္းယူခဲ့ၿပီး ဂိုးသမား ဒိုက္ပစ္လို႔ လြတ္သြားတဲ့ အလယ္တည့္တည့္ကို ကန္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

သုံးဂိုးရအၿပီးမွာေတာ့ နာပိုလီတို႔ဘက္က ဂင္မင္းဂ်ယ္၊ ပိုလီတာႏို၊ ကဗာရတ္စခီလီယာ၊ ဇီလင္စကီးနဲ႔ အိုဆီမင္တို႔ကို အနားေပးသြားခဲ့ၾကၿပီး ဟြမ္ေဂ်ဆူးစ္၊ လိုဇာႏို၊ အဲလ္မတ္စ္၊ အန္ဒြမ္ဘီလီနဲ႔ ဆီမီယြန္နီတို႔ကို ထည့္သြင္းသြားခဲ့ၾကသလို ဖရန႔္ဖတ္တို႔ဘက္ကေတာ့ ခေနာ့ဖ္၊ လင့္ဇ္နဲ႔ ႐ိုဒါတို႔အစား အာလီဒူး၊ ဖိလစ္မက္စ္နဲ႔ ယာကစ္ခ်္တို႔ကို လူစားလဲသြားခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ နာပိုလီတို႔က ဖရန႔္ဖတ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ငါးဂိုး-ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသား ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး စီးရီးေအ ထိပ္ဆုံးမွာ ဦးေဆာင္ေနတာဟာ အိမ္က်ယ္သာ မဟုတ္ေၾကာင္းနဲ႔ ဥေရာပမွာ ဗိုလ္ဝင္ခံေတာ့မယ္ဆိုတာကို ၿပိဳင္ဘက္ေတြကို သတိေပးလိုက္သလိုလည္းျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.