International World Cup

ကမ္ဘာ့ဖလားမရပေမယ့် ယူရိုတော့ ရနိုင်တယ်လို့ ပြောလိုက်တဲ့ အင်္ဂလန်ကြယ်ပွင့်

မန်ချက်စတာစီးတီးကြယ်ပွင့် ဂျက်ခ် ဂရီးလစ်ရှ်က အင်္ဂလန်အသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်ခဲ့ရပေမယ့်လည်း ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာ စိတ်ပျက်ဖွယ် ခြေစွမ်းကြောင့် နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ လိဂ် A ကနေ တန်းဆင်းခဲ့ရတာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်မှာပဲ ပြင်သစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်္ဂလန်အသင်းဟာ ယခုအပတ်နှောင်းပိုင်းမှာ အီတလီ၊ ယူကရိန်းတို့နဲ့ ယူရို ခြေစစ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အီတလီနဲ့ပွဲမတိုင်ခင် ဂျက် ဂရီးလစ်ရှ်က လာမယ့်နှစ်မှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်က အနိုင်ယူနိုင်တယ်လို့ ထောက်ခံပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော် တွေးမိခဲ့တာက ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကျွန်တော်နဲ့အတူတူ ကစားတဲ့တခြား နိုင်ငံက လူတွေက ကျွန်တော်တို့ ကမ္ဘာ့ဖလားရမယ်လို့ သူတို့ထင်ခဲ့တယ်လို့ ပြောခဲ့ကြတယ်။ အဲဒီပွဲက(ပြင်သစ်နဲ့ပွဲ)ကျွန်တော်တို့ ရှုံးနိမ့်ခဲ့လို့ ကြေကွဲဝမ်းနည်းခဲ့ရတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ဒီလို ခြေစစ်ပွဲတွေကို ကစားသွားဖို့ ယုံကြည်မှုတွေ မြင့်တက်စေပါတယ်”

“ကျွန်တော်တို့ ဒီမှာ အရမ်းကောင်းတဲ့အသင်းလည်း ရှိနေပါတယ်။ ခင်ဗျား ကြည့်လိုက်ပါ။ ကစားသမားအများအပြားက တကယ်ကောင်းမွန်တဲ့ပုံစံမှာ ရှိနေတယ်။ ဟာရီက ကိန်း၊ ဆာကာ၊ ဘယ်လင်ဟမ်၊ ကျွန်တော်ကိုယ်တိုင်ရော၊ လုခ် ရှောလိုမျိုးလူတွေတောင် သူတို့အသင်းတွေအတွက် ကောင်းကောင်း ကစားပေးနေပါတယ်။ ကျွန်တော်တို့က အခုအချိန်မှာ တကယ်ကောင်းမွန်တဲ့နေရာတစ်ခုမှာရှိနေတယ်လို့ ခံစားရတယ်”

ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ နောက်ပိုင်းအဆင့်တွေအထိ ရောက်ရှိခဲ့တာက အင်္ဂလန်အသင်းကို ၂၀၂၄ ယူရိုပြိုင်ပွဲမှာ နည်းလမ်းပေါင်းစုံနဲ့ ဗိုလ်စွဲနိုင်အောင်လုပ်ဖို့ တွန်းအားဖြစ်လာစေနိုင်တယ်လီု့ ရှင်းလင်းခဲ့ပါတယ်။

“ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ နီးစပ်ခဲ့တယ်။ နောက်ဆုံးပြိုင်ပွဲ ၃ ခုမှာ ဆီမီး၊ ကွာတား၊ ဗိုလ်လုပွဲအထိ ရောက်ခဲ့တယ်။ ဗိုလ်စွဲဖို့က ကျွန်တော်တို့ လုပ်ချင်တဲ့အရာဆိုတာ သိသာပါတယ်။ လာမယ့်ပြိုင်ပွဲက ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဖြစ်လိမ့်မယ်လို့ ခံစားရတယ်။ အားလုံးကလည်း သူတို့ရဲ့ အကောင်းဆုံးအချိန်မှာ ရှိနေကြမှာဖြစ်ပြီး ကျွန်တော်တို့အားလုံးပြိုင်ပွဲမှာ အနိုင်ရချင်တယ်ဆိုတာက လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာတော့ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဂ်က္ခ္ ဂရီးလစ္ရွ္က အဂၤလန္အသင္းအေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စိတ္ပ်က္ခဲ့ရေပမယ့္လည္း ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာ စိတ္ပ်က္ဖြယ္ ေျခစြမ္းေၾကာင့္ ေနးရွင္းလိဂ္ ၿပိဳင္ပြဲရဲ႕ လိဂ္ A ကေန တန္းဆင္းခဲ့ရတာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ကြာတားဖိုင္နယ္အဆင့္မွာပဲ ျပင္သစ္ကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဂၤလန္အသင္းဟာ ယခုအပတ္ေႏွာင္းပိုင္းမွာ အီတလီ၊ ယူကရိန္းတို႔နဲ႔ ယူ႐ို ေျခစစ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အီတလီနဲ႔ပြဲမတိုင္ခင္ ဂ်က္ ဂရီးလစ္ရွ္က လာမယ့္ႏွစ္မွာ က်င္းပမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ အဂၤလန္က အႏိုင္ယူႏိုင္တယ္လို႔ ေထာက္ခံေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေတြးမိခဲ့တာက ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုလုံးမွာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ ကြၽန္ေတာ္နဲ႔အတူတူ ကစားတဲ့တျခား ႏိုင္ငံက လူေတြက ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားရမယ္လို႔ သူတို႔ထင္ခဲ့တယ္လို႔ ေျပာခဲ့ၾကတယ္။ အဲဒီပြဲက(ျပင္သစ္နဲ႔ပြဲ)ကြၽန္ေတာ္တို႔ ရႈံးနိမ့္ခဲ့လို႔ ေၾကကြဲဝမ္းနည္းခဲ့ရတဲ့ ပြဲျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက ဒီလို ေျခစစ္ပြဲေတြကို ကစားသြားဖို႔ ယုံၾကည္မႈေတြ ျမင့္တက္ေစပါတယ္”

“ကြၽန္ေတာ္တို႔ ဒီမွာ အရမ္းေကာင္းတဲ့အသင္းလည္း ရွိေနပါတယ္။ ခင္ဗ်ား ၾကည့္လိုက္ပါ။ ကစားသမားအမ်ားအျပားက တကယ္ေကာင္းမြန္တဲ့ပုံစံမွာ ရွိေနတယ္။ ဟာရီက ကိန္း၊ ဆာကာ၊ ဘယ္လင္ဟမ္၊ ကြၽန္ေတာ္ကိုယ္တိုင္ေရာ၊ လုခ္ ေရွာလိုမ်ိဳးလူေတြေတာင္ သူတို႔အသင္းေတြအတြက္ ေကာင္းေကာင္း ကစားေပးေနပါတယ္။ ကြၽန္ေတာ္တို႔က အခုအခ်ိန္မွာ တကယ္ေကာင္းမြန္တဲ့ေနရာတစ္ခုမွာရွိေနတယ္လို႔ ခံစားရတယ္”

ဂရီးလစ္ရွ္က ၿပီးခဲ့တဲ့ၿပိဳင္ပြဲေတြမွာ ေနာက္ပိုင္းအဆင့္ေတြအထိ ေရာက္ရွိခဲ့တာက အဂၤလန္အသင္းကို ၂၀၂၄ ယူ႐ိုၿပိဳင္ပြဲမွာ နည္းလမ္းေပါင္းစုံနဲ႔ ဗိုလ္စြဲႏိုင္ေအာင္လုပ္ဖို႔ တြန္းအားျဖစ္လာေစႏိုင္တယ္လီု႔ ရွင္းလင္းခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အႀကိမ္ေပါင္းမ်ားစြာ နီးစပ္ခဲ့တယ္။ ေနာက္ဆုံးၿပိဳင္ပြဲ ၃ ခုမွာ ဆီမီး၊ ကြာတား၊ ဗိုလ္လုပြဲအထိ ေရာက္ခဲ့တယ္။ ဗိုလ္စြဲဖို႔က ကြၽန္ေတာ္တို႔ လုပ္ခ်င္တဲ့အရာဆိုတာ သိသာပါတယ္။ လာမယ့္ၿပိဳင္ပြဲက ကြၽန္ေတာ္တို႔ရဲ႕ ၿပိဳင္ပြဲျဖစ္လိမ့္မယ္လို႔ ခံစားရတယ္။ အားလုံးကလည္း သူတို႔ရဲ႕ အေကာင္းဆုံးအခ်ိန္မွာ ရွိေနၾကမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔အားလုံးၿပိဳင္ပြဲမွာ အႏိုင္ရခ်င္တယ္ဆိုတာက လွ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။ ဒီၿပိဳင္ပြဲမွာေတာ့ ဗိုလ္စြဲႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ တကယ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.