International World Cup

ဥက္ကကြီးကို ကပ္ပတိန်ပေးလို့ ပေါက်ကွဲနေတဲ့ စီနီယာကစားသမား

အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ဂရစ်ဇ်မန်းဟာ နည်းပြ ဒေးရွှမ့်စ်က ၎င်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ငြင်းပယ်ခဲ့ပြီးနောက် လက်ရွေးစင်နဲ့အနာဂတ် မရေရာတော့ဘူးလို့ သိရပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်အသင်းအတွက် မျှော်မှန်းချက်တွေကို ဆန့်ကျင်ပြီး အထင်ကြီးဖွယ် ခြေစွမ်း ပြသနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ နည်းပြ ဒေးရွှမ့်စ်လက်အောက်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသပေးခဲ့တာဖြစ်ပါတယ်။

ရုရှားက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ အသင်းခေါင်းဆောင်ရာထူးအတွက် ထည့်သွင်းစဉ်းစားခြင်းမခံခဲ့ရတာကြောင့် လက်ရွေးစင်အသင်းကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဒေးရွှမ့်စ်ဟာ တနင်္လာနေ့ညနေမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အကြောင်း ပြင်သစ်အသင်းသားတွေကို အသိပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယခုရာသီမှာ ပီအက်စ်ဂျီရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ အမ်ဘာပေဟာ ဟူဂို လိုရစ်က ကမ္ဘာ့ဖလားအပြီး လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူကြောင်း ကြေညာခဲ့ပြီးနောက် အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်ခြင်းခံရတော့မယ်လို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရမှာဖြစ်ပေမယ့်လည်း Le Figaro ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ဒေးရွှမ့်စ်ရဲ့ လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက် နာကျင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြင်သစ်သတင်းစာက ဂရစ်ဇ်မန်းဟာ အမ်ဘာပေက လိုရစ်ရဲ့ အသင်းခေါင်းဆောင်ရာထူးအတွက် ၎င်းကို ကျော်ဖြတ်ပြီး ဆက်ခံသွားပြီးနောက် လက်ရွေးစင်အသင်းနဲ့ အနာဂတ်ကို စဉ်းစားနေပြီလို့ ဖော်ပြခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဟာ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေပေမယ့်လည်း နိုင်ငံတကာအားလပ်ရက်အတွက် အသင်းဖော်တွေနဲ့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ဂရစ္ဇ္မန္းဟာ နည္းျပ ေဒး႐ႊမ့္စ္က ၎ကို အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ လက္ေ႐ြးစင္နဲ႔အနာဂတ္ မေရရာေတာ့ဘူးလို႔ သိရပါတယ္။

ဂရစ္ဇ္မန္းဟာ ၂၀၂၂ ကမာၻ႔ဖလား ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ျပင္သစ္အသင္းအတြက္ ေမွ်ာ္မွန္းခ်က္ေတြကို ဆန႔္က်င္ၿပီး အထင္ႀကီးဖြယ္ ေျခစြမ္း ျပသႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး အသက္ ၃၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ နည္းျပ ေဒး႐ႊမ့္စ္လက္ေအာက္မွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသေပးခဲ့တာျဖစ္ပါတယ္။

႐ုရွားက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔အတူ ကမာၻ႔ဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ဂရစ္ဇ္မန္းဟာ အသင္းေခါင္းေဆာင္ရာထူးအတြက္ ထည့္သြင္းစဥ္းစားျခင္းမခံခဲ့ရတာေၾကာင့္ လက္ေ႐ြးစင္အသင္းကေန ႏုတ္ထြက္ဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

ေဒး႐ႊမ့္စ္ဟာ တနလၤာေန႔ညေနမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တဲ့အေၾကာင္း ျပင္သစ္အသင္းသားေတြကို အသိေပးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ယခုရာသီမွာ ပီအက္စ္ဂ်ီရဲ႕ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတဲ့ အမ္ဘာေပဟာ ဟူဂို လိုရစ္က ကမာၻ႔ဖလားအၿပီး လက္ေ႐ြးစင္ကစားသမားအျဖစ္ကေန အနားယူေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ရာထူးကို ေပးအပ္ျခင္းခံရေတာ့မယ္လို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့သူ ျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံရမွာျဖစ္ေပမယ့္လည္း Le Figaro ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ေဒး႐ႊမ့္စ္ရဲ႕ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ေဒါသထြက္ နာက်င္ခဲ့ရတယ္လို႔ သိရပါတယ္။

ျပင္သစ္သတင္းစာက ဂရစ္ဇ္မန္းဟာ အမ္ဘာေပက လိုရစ္ရဲ႕ အသင္းေခါင္းေဆာင္ရာထူးအတြက္ ၎ကို ေက်ာ္ျဖတ္ၿပီး ဆက္ခံသြားၿပီးေနာက္ လက္ေ႐ြးစင္အသင္းနဲ႔ အနာဂတ္ကို စဥ္းစားေနၿပီလို႔ ေဖာ္ျပခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံဟာ အနာဂတ္နဲ႔ပတ္သက္ၿပီး မေရမရာျဖစ္ေနေပမယ့္လည္း ႏိုင္ငံတကာအားလပ္ရက္အတြက္ အသင္းေဖာ္ေတြနဲ႔ ပူးေပါင္းခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.