Premier League

ယူနိုက်တက်က ၁၀ ယောက်နဲ့ကစားနေရတယ်လို့ ဝေဖန်ခံခဲ့ရမှုကို တုံ့ပြန်ခဲ့တဲ့ ကစားသမား

ဗက်ဟော့စ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ၎င်းရဲ့ ခြေစွမ်းကို ကာကွယ်ခဲ့ပြီး အသင်းအတွက် ကောင်းမွန်တဲ့အလုပ်တွေကို လုပ်နေပြီး နည်းပြတန်ဟက်ဆီက ယုံကြည်မှုကို ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်ကို အငှားနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။

ဗက်ဟော့စ်ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကြောင့် မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဆီကနေ ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး ပေါလ် စခိုးက ဒတ်ချ်တိုက်စစ်မှူးဟာ မန်ယူနိုက်တက်အတွက်ကစားပေးဖို့ လိုအပ်တဲ့ အရည်အသွေးမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်ကလည်း ပေါလ် စခိုးရဲ့ ပြောဆိုမှုကို သဘောတူခဲ့ပြီး ဗက်ဟော့စ်ဟာ တန်ဟက်ရဲ့ လူစာရင်းထဲမှာ အဆိုးရွားဆုံးကစားသမားလို့ ဝေဖန်ခဲ့ပါတယ်။

ရုပ်သံစီစဉ်တင်ဆက်သူ ရစ်ချက် ကီးစ်ကလည်း ဗက်ဟော့စ်ဟာ မန်ချက်စတာယူနိုက်တက်ဂျာစီနဲ့ မြင်တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးကစားသမားလို့ သတ်မှတ်ခဲ့ပြီး တန်ဟက်ရဲ့အသင်းဟာ ဒတ်ချ်တိုက်စစ်မှူးနဲ့ဆိုရင် ၁၀ ယောက်နဲ့ ကစားနေရသလိုပဲလို့ ပြောကြားခဲ့တာဖြစပါတယ်။

ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်အချို့ဆီကနေ ဝေဖန်မှုတွေ ခံနေရပေမယ့်လည်း တန်ဟက်က ဗက်ဟော့စ်ဘက်ကနေ ဆက်လက်ကာကွယ်ပေးခဲ့ပြီး ဒတ်ချ်တိုက်စစ်မှူးဟာ အသင်းအတွက် သွင်းဂိုးတွေထက် ပိုတာတွေကို ယူဆောင်ပေးနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗက်ဟော့စ်က အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မန်ချက်စတာယူနိုက်တက်အသင်းက လိဂ်ဖလားကို အနိုင်ရရှိခဲ့ပြီး အက်ဖ်အေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာလည်း နောက်ပိုင်းအဆင့်တွေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

“ကျွန်တော် ပွဲတွေ အများကြီး ကစားခဲ့ပြီး အဲဒါက ကျွန်တော့်ကို ယုံကြည်မှုရှိတယ်ဆိုတာကို ပြသနေတာပါ။ ကျွန်တော်က အသင်းအတွက် ကောင်းမွန်တဲ့အလုပ်ကို လုပ်နေတယ်ဆိုတာကိုလည်း ပြသနေတာပါ။ ဒါက ကျွန်တော်ဒီကိုလာခဲ့တဲ့အချိန်မှာ လိုချင်ခဲ့တဲ့အရာပဲ။ အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးချင်ခဲ့တာပါ။ ကျွန်တော်တို့မှာ အခု ဖလားတစ်လုံးရှိနေပြီ။ ကျွန်တော်တို့ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ၂ လုံးထက် ဆက်ပြီး ကြိုးပမ်းသွားရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာလည်း တတ်နိုင်သလောက် အဆင့် မြင့်မြင့်မှာ ရပ်တည်ချင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး ၄ နေရာထဲမှာ ကျိန်းသေပေါက် ပြီးဆုံးချင်ပါတယ်။ အဲဒီတော့ ကျွန်တော်က ဒီကြိုးပမ်းမှုတွေမှာ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာကို ပြသနေတာပါ။ အောင်မြင်မှုနဲ့ အသိအမှတ်ပြုခံရမှုမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပြီး အဲဒါက ကောင်းမွန်တဲ့အရာ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗက္ေဟာ့စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၎ရဲ႕ ေျခစြမ္းကို ကာကြယ္ခဲ့ၿပီး အသင္းအတြက္ ေကာင္းမြန္တဲ့အလုပ္ေတြကို လုပ္ေနၿပီး နည္းျပတန္ဟက္ဆီက ယုံၾကည္မႈကို ရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

နယ္သာလန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ မန္ခ်က္စတာယူႏိုက္တက္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၁၈ ပြဲ ပါဝင္ကစားေပးထားရာမွာ ၂ ဂိုးသာ သြင္းယူထားႏိုင္ေသးတာ ျဖစ္ပါတယ္။

ဗက္ေဟာ့စ္ရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေတြဆီကေန ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ၿပီး ေပါလ္ စခိုးက ဒတ္ခ်္တိုက္စစ္မႉးဟာ မန္ယူႏိုက္တက္အတြက္ကစားေပးဖို႔ လိုအပ္တဲ့ အရည္အေသြးမ်ိဳး မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဂိုးသမားႀကီး ပီတာ ရွမိုက္ကယ္ကလည္း ေပါလ္ စခိုးရဲ႕ ေျပာဆိုမႈကို သေဘာတူခဲ့ၿပီး ဗက္ေဟာ့စ္ဟာ တန္ဟက္ရဲ႕ လူစာရင္းထဲမွာ အဆိုး႐ြားဆုံးကစားသမားလို႔ ေဝဖန္ခဲ့ပါတယ္။

႐ုပ္သံစီစဥ္တင္ဆက္သူ ရစ္ခ်က္ ကီးစ္ကလည္း ဗက္ေဟာ့စ္ဟာ မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီနဲ႔ ျမင္ေတြ႕ဖူးသမွ်ထဲမွာ အဆိုး႐ြားဆုံးကစားသမားလို႔ သတ္မွတ္ခဲ့ၿပီး တန္ဟက္ရဲ႕အသင္းဟာ ဒတ္ခ်္တိုက္စစ္မႉးနဲ႔ဆိုရင္ ၁၀ ေယာက္နဲ႔ ကစားေနရသလိုပဲလို႔ ေျပာၾကားခဲ့တာျဖစပါတယ္။

ေဘာလုံးေဝဖန္သူေတြနဲ႔ ပရိသတ္အခ်ိဳ႕ဆီကေန ေဝဖန္မႈေတြ ခံေနရေပမယ့္လည္း တန္ဟက္က ဗက္ေဟာ့စ္ဘက္ကေန ဆက္လက္ကာကြယ္ေပးခဲ့ၿပီး ဒတ္ခ်္တိုက္စစ္မႉးဟာ အသင္းအတြက္ သြင္းဂိုးေတြထက္ ပိုတာေတြကို ယူေဆာင္ေပးေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗက္ေဟာ့စ္က အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ပဲ မန္ခ်က္စတာယူႏိုက္တက္အသင္းက လိဂ္ဖလားကို အႏိုင္ရရွိခဲ့ၿပီး အက္ဖ္ေအနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာလည္း ေနာက္ပိုင္းအဆင့္ေတြကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပြဲေတြ အမ်ားႀကီး ကစားခဲ့ၿပီး အဲဒါက ကြၽန္ေတာ့္ကို ယုံၾကည္မႈရွိတယ္ဆိုတာကို ျပသေနတာပါ။ ကြၽန္ေတာ္က အသင္းအတြက္ ေကာင္းမြန္တဲ့အလုပ္ကို လုပ္ေနတယ္ဆိုတာကိုလည္း ျပသေနတာပါ။ ဒါက ကြၽန္ေတာ္ဒီကိုလာခဲ့တဲ့အခ်ိန္မွာ လိုခ်င္ခဲ့တဲ့အရာပဲ။ အသင္းကို ဆုဖလား ေအာင္ျမင္မႈေတြ ရရွိေအာင္ ကူညီေပးခ်င္ခဲ့တာပါ။ ကြၽန္ေတာ္တို႔မွာ အခု ဖလားတစ္လုံးရွိေနၿပီ။ ကြၽန္ေတာ္တို႔ ယူ႐ိုပါလိဂ္နဲ႔ အက္ဖ္ေအဖလား ၂ လုံးထက္ ဆက္ၿပီး ႀကိဳးပမ္းသြားရမွာျဖစ္ၿပီး အမွတ္ေပးဇယားမွာလည္း တတ္ႏိုင္သေလာက္ အဆင့္ ျမင့္ျမင့္မွာ ရပ္တည္ခ်င္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္ဆုံး ၄ ေနရာထဲမွာ က်ိန္းေသေပါက္ ၿပီးဆုံးခ်င္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က ဒီႀကိဳးပမ္းမႈေတြမွာ အစိတ္အပိုင္းတစ္ခုျဖစ္ေနတယ္ဆိုတာကို ျပသေနတာပါ။ ေအာင္ျမင္မႈနဲ႔ အသိအမွတ္ျပဳခံရမႈမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ေနၿပီး အဲဒါက ေကာင္းမြန္တဲ့အရာ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.