Premier League

ဒိုင်လူကြီးကို ဒိုင်လုပ်မိလို့ ကွင်းထဲကနေ ထွက်သွားဖို့ အပြောခံခဲ့ရတဲ့ မာရီနာ

ပရီးမီးယားလိဂ်ဒိုင်လူကြီး အန်ဒရီ မာရီနာဟာ ၎င်းရဲ့ စကားလုံးအသုံးအနှုန်းကြောင့် ယူ-၉ ပွဲစဉ်အတွင်း ကွင်းထဲကနေ ထွက်ခွာဖို့ ပြောကြားခြင်း ခံခဲ့ရပါတယ်။

မာရီနာဟာ ၎င်းရဲ့သားဖြစ်သူ ဘောလုံးကစားနေတာကို ကြည့်ရှုနေချိန်အတွင်း ဒိုင်လူကြီးကို ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်ပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အန်ဒရီ မာရီနာဟာ ၎င်းရဲ့ အပြုအမူကြောင့် ကွင်းဘေးစည်းကနေ ထွက်သွားဖို့ ညွှန်ကြားခြင်းခံခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အန်ဒရီ မာရီနာဟာ ပရီးမီးယားလိဂ်ဒိုင်လူကြီးသက်တမ်းတလျှောက်လုံး အရေးကြီးတဲ့အခိုက်အတန့်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲထိန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်သတင်းကြီးခဲ့သူဖြစ်ပေမယ့်လည်း သားဖြစ်သူရဲ့ ပွဲမှာတော့ စိတ်မထိန်းနိုင်ဖြစ်ခဲ့ပုံပေါ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးဖြစ်လာခဲ့တဲ့အချိန်ကတည်းက မာရီနာဟာ ပွဲပေါင်း ၃၈၆ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ စုစုပေါင်း အဝါကတ် ၁၁၉၇ ကတ်၊ အနီကတ် ၆၇ ကတ် ပြသခဲ့သူဖြစ်ပြီး ၎င်းရဲ့ နာမည်အကြီးဆုံးပွဲစဉ်ဟာ ၂၀၁၄ ခုနှစ်တုန်းက ချဲလ်ဆီးက အာဆင်နယ်ကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ဖြစ်နိုင်ပါတယ်။

အဲဒီပွဲစဉ်အတွင်း ဂန်းနားကြယ်ပွင့် ချိန်ဘာလိန်က ဟာဇက်ရဲ့ ဂိုးကန်သွင်းမှုကို လက်နဲ့ ပုတ်ထုတ်ကာကွယ်ခဲ့ပေမယ့်လည်း မာရီနာက ကီရန် ဂစ်ဘ်စ်ကို မှားယွင်းပြီး အနီကတ် ပြသခဲ့တာ ဖြစ်ပါတယ်။

မာရီနာအနေနဲ့ ချိန်ဘာလိန်နဲ့ ကီရန် ဂစ်ဘ်စ်တို့က ကတုံးဆံပင်ပေါက်ပုံစံရော ကိုယ်ခန္ဓာ အလုံးအထည်ကပါ မတိမ်းမယိမ်းဖြစ်နေတာကြောင့် မှားယွင်းခဲ့ပုံပေါ်ပြီး ချိန်ဘာလိန်ကိုယ်တိုင်က ဘောလုံးကို လက်နဲ့ပုတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် လက်မခံဘဲ ဂစ်ဘ်စ်ကိုသာ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ဒိုင္လူႀကီး အန္ဒရီ မာရီနာဟာ ၎ရဲ႕ စကားလုံးအသုံးအႏႈန္းေၾကာင့္ ယူ-၉ ပြဲစဥ္အတြင္း ကြင္းထဲကေန ထြက္ခြာဖို႔ ေျပာၾကားျခင္း ခံခဲ့ရပါတယ္။

မာရီနာဟာ ၎ရဲ႕သားျဖစ္သူ ေဘာလုံးကစားေနတာကို ၾကည့္ရႈေနခ်ိန္အတြင္း ဒိုင္လူႀကီးကို ႐ိုင္း႐ိုင္းစိုင္းစိုင္း ေအာ္ဟစ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အန္ဒရီ မာရီနာဟာ ၎ရဲ႕ အျပဳအမူေၾကာင့္ ကြင္းေဘးစည္းကေန ထြက္သြားဖို႔ ၫႊန္ၾကားျခင္းခံခဲ့ရတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။

အန္ဒရီ မာရီနာဟာ ပရီးမီးယားလိဂ္ဒိုင္လူႀကီးသက္တမ္းတေလွ်ာက္လုံး အေရးႀကီးတဲ့အခိုက္အတန႔္ေတြမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ပြဲထိန္းႏိုင္ခဲ့တဲ့အတြက္ ဂုဏ္သတင္းႀကီးခဲ့သူျဖစ္ေပမယ့္လည္း သားျဖစ္သူရဲ႕ ပြဲမွာေတာ့ စိတ္မထိန္းႏိုင္ျဖစ္ခဲ့ပုံေပၚပါတယ္။

ပရီးမီးယားလိဂ္မွာ ဒိုင္လူႀကီးျဖစ္လာခဲ့တဲ့အခ်ိန္ကတည္းက မာရီနာဟာ ပြဲေပါင္း ၃၈၆ ပြဲ တာဝန္ယူကိုင္တြယ္ခဲ့ရာမွာ စုစုေပါင္း အဝါကတ္ ၁၁၉၇ ကတ္၊ အနီကတ္ ၆၇ ကတ္ ျပသခဲ့သူျဖစ္ၿပီး ၎ရဲ႕ နာမည္အႀကီးဆုံးပြဲစဥ္ဟာ ၂၀၁၄ ခုႏွစ္တုန္းက ခ်ဲလ္ဆီးက အာဆင္နယ္ကို ၆-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ျဖစ္ႏိုင္ပါတယ္။

အဲဒီပြဲစဥ္အတြင္း ဂန္းနားၾကယ္ပြင့္ ခ်ိန္ဘာလိန္က ဟာဇက္ရဲ႕ ဂိုးကန္သြင္းမႈကို လက္နဲ႔ ပုတ္ထုတ္ကာကြယ္ခဲ့ေပမယ့္လည္း မာရီနာက ကီရန္ ဂစ္ဘ္စ္ကို မွားယြင္းၿပီး အနီကတ္ ျပသခဲ့တာ ျဖစ္ပါတယ္။

မာရီနာအေနနဲ႔ ခ်ိန္ဘာလိန္နဲ႔ ကီရန္ ဂစ္ဘ္စ္တို႔က ကတုံးဆံပင္ေပါက္ပုံစံေရာ ကိုယ္ခႏၶာ အလုံးအထည္ကပါ မတိမ္းမယိမ္းျဖစ္ေနတာေၾကာင့္ မွားယြင္းခဲ့ပုံေပၚၿပီး ခ်ိန္ဘာလိန္ကိုယ္တိုင္က ေဘာလုံးကို လက္နဲ႔ပုတ္ခဲ့တယ္လို႔ ဝန္ခံခဲ့ေပမယ့္ လက္မခံဘဲ ဂစ္ဘ္စ္ကိုသာ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.