Premier League

ဂန်းနားကြယ်ပွင့်ကို ငပျော့ကြီးလို့ ဝေဖန်လိုက်တဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ပီတစ်က ရော့ဘ် ဟိုးဒင်းကို နောက်ခံကစားသမားဖြစ်ဖို့အတွက် အရမ်းကို ပျော့ညံ့လွန်းတဲ့သူလို့ ပြစ်တင်ကြိမးမောင်းခဲ့ပါတယ်။

ဟိုးဒင်းဟာ ကြာသပတေးနေ့ညက စပို့တင်း လစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ဆာလီဘာရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ဂန်းနားတွေက ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်သွားခဲ့ရတဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ပြင်သစ်လက်ရွေးစင်လူစာရင်းကနေလည်း နုတ်ထွက်ခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေဟာ ဆာလီဘာအနေနဲ့ နိုင်ငံတကာပွဲစဉ်အားလ့ပ်ရက်အပြီးမှာ ပြန်လည်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

တိုမီယဆုကလည်း စပို့တင်း လစ္စဘွန်းနဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး တနင်္ဂနွေနေ့မှာ ညာနောက်ခံနေရာမှာ မပါဝင်နိုင်ခဲ့တာကြောင့် ဘန် ဝှိုက်ကပဲ ညာနောက်ခံနေရာမှာ ကစားခဲ့ရတာဖြစ်ပါတယ်။

တိုမီယဆုဟာ ယခုရာသီကုန်တဲ့အထိ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက ဂျပန်နောက်ခံလူဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

တိုမီယဆုနဲ့ ဆာလီဘာတို့ မပါဝင်နိုင်မှုကြောင့် ဟိုးဒင်းဟာ တနင်္ဂနွေနေ့က ပဲလေ့စ်နဲ့ပွဲမှာ မိနစ် ၉၀ အပြည့်ပါဝင်ကစားခဲ့ရပြီး အမ်းမရိတ်စ်မှာ ၄-၁ နဲ့ အနိုင်ရရှိအောင် အသင်းကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီတစ်က ဟိုးဒင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သဘောမကျခဲ့ဘဲ နောက်ခံကစားသမားတစ်ယောက်အတွက်ဆိုရင် အလွန် ပျော့လွန်းတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရော့ဘ် ဟိုးဒင်းကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သူကစားတာကို မကြိုက်ဘူး။ သူက နောက်ခံကစားသမားတစ်ယောက်အနေနဲ့ အရမ်းပျော့လွန်းတယ်လို့ ထင်တယ်။ တိုမီယဆု ဒဏ်ရာရသွားတာကို မြင်ရတာ နှမြောစရာကောင်းပါတယ်။ ကျွန်တော်ကတော့ ဘန် ဝှိုက်ကိုပဲ ဗဟိုခံစစ်ကစားသမားအဖြစ်နဲ့ ပိုပြီး ကစားစေချင်တယ် ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.