Premier League

ဂရေဟမ် ပေါ့တာထက်အရင် အူဘာမီယန်းကို ကန်ထုတ်တော့မယ့် ချဲလ်ဆီး

နည်းပြ ဂရေဟမ် ပေါ့တာလက်ထက်မှာ အရေးပါမှု မရှိတော့သလို ကစားခွင့်လည်း လုံးဝနီးပါး မရှိတော့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် မပီသတဲ့ လုပ်ရပ်ကြောင့် ချဲလ်ဆီးအသင်းကနေ ကန်ထုတ်ခံရတော့မယ်လို့ သိရပြီး အတွင်းသတင်းအရ ငွေကြေးဂရုစိုက်စရာ မလိုတဲ့ ပိုင်ရှင်တွေအနေနဲ့ ရလဒ်တွေ ဆိုးနေတဲ့ နည်းပြထက်အရင် သူ့ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းထွက်နေခဲ့ပါတယ်။

ဒီတစ်ခါပါဆိုရင်တော့ ဂါဘွန်တိုက်စစ်မှူးအနေနဲ့ အသင်းတွေကနေ စာချုပ်ဖျက်သိမ်းခံရတာ ဒုတိယအကြိမ် ဖြစ်လာနိုင်ပြီး သူ့ကို တိုက်ဆိုင်စွာပဲ လန်ဒန်အသင်းတွေရဲ့ ညီညွတ်စွာ ကန်ထုတ်မှုဖြစ်လာနိုင်သလို အသက် ၃၃ နှစ်အရွယ် အာဆင်နယ်တိုက်စစ်မှူးဟောင်းအနေနဲ့ သူ့ရဲ့ စည်းမဲ့ကမ်းမဲ့နဲ့ လေးစားမှု ကင်းမဲ့ပုံကြောင့် ကစားသမားဘဝကို ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားရနိုင်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ဆောင်းရာသီတုန်းက အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ အာဆင်နယ်အသင်းကနေ ခပ်တည်တည်ပဲ ဘာစီလိုနာကို ခရီးထွက်သွားပြီးတဲ့နောက် ဂန်းနားတာဝန်ရှိသူတွေအနေနဲ့ မကောင်းတတ်လို့ သူ့ကို စာချုပ်ဖျက်ပေးခဲ့ရသလို နူးကမ့်မှာတော့ တစ်ပတ်ကို ယူရို ၅၀၀၀ သာ ယူမယ်ဆိုပြီး အောက်လျှိုးဝင်သွားခဲ့တဲ့အတွက် နည်းပြ ဇာဗီရဲ့ ခိုင်းကောင်းတဲ့သူလို့ သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းမှာ လာလီဂါ ၁၈ ပွဲကစား ၁၁ ဂိုး သွင်းယူပြီး ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ နွေရာသီမှာတော့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူခဲ့ရာမှာ ဘေးရောက်သွားရတဲ့ အခန်းကဏ္ဍကြောင့် နူးကမ့်ကနေ ပြန်ထွက်ခဲ့ရပေမယ့် သူ့စိတ်ထဲမှာတော့ ဒီအသင်းနဲ့ သံယောဇဉ် မပြတ်တဲ့ ပုံစံကို ပြသခဲ့တာပါ။

ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာတို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ နူးကမ့်ရဲ့ အဝတ်လဲခန်းထဲကို ဝင်ရောက်အောင်ပွဲခံခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေနဲ့ အင်္ဂလန်က ဘောလုံးသုံးသပ်သူတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရသလို ပရော်ဖက်ရှင်နယ်ပီသမှုအတွက် မေးခွန်းထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့တော့ သူ့ကို ၂၀၂၄ နွေရာသီရှိတဲ့ စာချုပ်ကနေ ဖျက်သိမ်းပြီး စတမ်းဖို့ဘရစ်ချ်ကနေ ကန်ထုတ်သွားဖို့ ရှိနေသလို လန်ဒန် အသင်းတွေအတွက်တော့ ငွေကြေးတစ်ပြားမှ ရှာမပေးနိုင်တဲ့ အကျိုးအမြတ် မရှိသူအဖြစ် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဘာစီလိုနာတို့ကတော့ ခြောက်လခေါ်ပြီး ပေါင် ၁၀ သန်း အကျိုးရှိခဲ့တာပါ။

နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ချဲလ်ဆီးကို ရောက်လာခဲ့ပြီး ပေါ့တာလက်ထက်မှာတော့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးအပါအဝင် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သလို စပါးစ်ကို ရှုံးနိမ့်ခဲ့တဲ့ လန်ဒန်ဒါဘီမှာ နောက်ဆုံးအနေနဲ့ လူစားဝင် ကစားခဲ့ပြီးတဲ့နောက် အူဘာမီယန်းအနေနဲ့ အင်္ဂလန်မြေကို နောက်တစ်ကြိမ် နှုတ်ဆက်ရဖို့ နီးစပ်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နည္းျပ ဂေရဟမ္ ေပါ့တာလက္ထက္မွာ အေရးပါမႈ မရွိေတာ့သလို ကစားခြင့္လည္း လုံးဝနီးပါး မရွိေတာ့တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ မပီသတဲ့ လုပ္ရပ္ေၾကာင့္ ခ်ဲလ္ဆီးအသင္းကေန ကန္ထုတ္ခံရေတာ့မယ္လို႔ သိရၿပီး အတြင္းသတင္းအရ ေငြေၾကးဂ႐ုစိုက္စရာ မလိုတဲ့ ပိုင္ရွင္ေတြအေနနဲ႔ ရလဒ္ေတြ ဆိုးေနတဲ့ နည္းျပထက္အရင္ သူ႔ကို ဖယ္ရွားဖို႔ ဆုံးျဖတ္လိုက္ၿပီလို႔ သတင္းထြက္ေနခဲ့ပါတယ္။

ဒီတစ္ခါပါဆိုရင္ေတာ့ ဂါဘြန္တိုက္စစ္မႉးအေနနဲ႔ အသင္းေတြကေန စာခ်ဳပ္ဖ်က္သိမ္းခံရတာ ဒုတိယအႀကိမ္ ျဖစ္လာႏိုင္ၿပီး သူ႔ကို တိုက္ဆိုင္စြာပဲ လန္ဒန္အသင္းေတြရဲ႕ ညီၫြတ္စြာ ကန္ထုတ္မႈျဖစ္လာႏိုင္သလို အသက္ ၃၃ ႏွစ္အ႐ြယ္ အာဆင္နယ္တိုက္စစ္မႉးေဟာင္းအေနနဲ႔ သူ႔ရဲ႕ စည္းမဲ့ကမ္းမဲ့နဲ႔ ေလးစားမႈ ကင္းမဲ့ပုံေၾကာင့္ ကစားသမားဘဝကို ႐ုပ္ပ်က္ဆင္းပ်က္ အဆုံးသတ္သြားရႏိုင္တာပါ။

ၿပီးခဲ့တဲ့ ၂၀၂၁ ေဆာင္းရာသီတုန္းက အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးအခ်ိန္မွာ အာဆင္နယ္အသင္းကေန ခပ္တည္တည္ပဲ ဘာစီလိုနာကို ခရီးထြက္သြားၿပီးတဲ့ေနာက္ ဂန္းနားတာဝန္ရွိသူေတြအေနနဲ႔ မေကာင္းတတ္လို႔ သူ႔ကို စာခ်ဳပ္ဖ်က္ေပးခဲ့ရသလို ႏူးကမ့္မွာေတာ့ တစ္ပတ္ကို ယူ႐ို ၅၀၀၀ သာ ယူမယ္ဆိုၿပီး ေအာက္လွ်ိဳးဝင္သြားခဲ့တဲ့အတြက္ နည္းျပ ဇာဗီရဲ႕ ခိုင္းေကာင္းတဲ့သူလို႔ သတ္မွတ္ျခင္းကိုလည္း ခံခဲ့ရပါတယ္။

ဘာစီလိုနာအသင္းမွာ လာလီဂါ ၁၈ ပြဲကစား ၁၁ ဂိုး သြင္းယူၿပီး ၿပိဳင္ပြဲစုံ ၂၃ ပြဲမွာ ၁၃ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ အူဘာမီယန္းဟာ ေႏြရာသီမွာေတာ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူခဲ့ရာမွာ ေဘးေရာက္သြားရတဲ့ အခန္းက႑ေၾကာင့္ ႏူးကမ့္ကေန ျပန္ထြက္ခဲ့ရေပမယ့္ သူ႔စိတ္ထဲမွာေတာ့ ဒီအသင္းနဲ႔ သံေယာဇဥ္ မျပတ္တဲ့ ပုံစံကို ျပသခဲ့တာပါ။

ၿပီးခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကို ဘာစီလိုနာတို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာေတာ့ ႏူးကမ့္ရဲ႕ အဝတ္လဲခန္းထဲကို ဝင္ေရာက္ေအာင္ပြဲခံခဲ့ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ အဂၤလန္က ေဘာလုံးသုံးသပ္သူေတြရဲ႕ အမ်က္ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရသလို ပေရာ္ဖက္ရွင္နယ္ပီသမႈအတြက္ ေမးခြန္းထုတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ေတာ့ သူ႔ကို ၂၀၂၄ ေႏြရာသီရွိတဲ့ စာခ်ဳပ္ကေန ဖ်က္သိမ္းၿပီး စတမ္းဖို႔ဘရစ္ခ်္ကေန ကန္ထုတ္သြားဖို႔ ရွိေနသလို လန္ဒန္ အသင္းေတြအတြက္ေတာ့ ေငြေၾကးတစ္ျပားမွ ရွာမေပးႏိုင္တဲ့ အက်ိဳးအျမတ္ မရွိသူအျဖစ္ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ဘာစီလိုနာတို႔ကေတာ့ ေျခာက္လေခၚၿပီး ေပါင္ ၁၀ သန္း အက်ိဳးရွိခဲ့တာပါ။

နည္းျပေဟာင္း ေသာမတ္စ္ တူဟယ္လ္ရဲ႕ ေနာက္ဆုံးပြဲစဥ္ေတြမွာ ခ်ဲလ္ဆီးကို ေရာက္လာခဲ့ၿပီး ေပါ့တာလက္ထက္မွာေတာ့ ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ ပရီးမီးယားလိဂ္ဂိုးတစ္ဂိုးအပါအဝင္ ၃ ဂိုးသာ သြင္းယူႏိုင္ခဲ့သလို စပါးစ္ကို ရႈံးနိမ့္ခဲ့တဲ့ လန္ဒန္ဒါဘီမွာ ေနာက္ဆုံးအေနနဲ႔ လူစားဝင္ ကစားခဲ့ၿပီးတဲ့ေနာက္ အူဘာမီယန္းအေနနဲ႔ အဂၤလန္ေျမကို ေနာက္တစ္ႀကိမ္ ႏႈတ္ဆက္ရဖို႔ နီးစပ္ေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.