Premier League

ဂန်းနားတို့ ဖလားရဖို့ အထောက်အပံ့ဖြစ်လာမယ့် ဟာလန်းလွဲချော်နိုင်တဲ့ ၈ ပွဲ

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ စပိန်၊ ဂျော်ဂျီယာတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် နော်ဝေလက်ရွေးစင်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီး ရက်သတ္တပတ်အများအပြား အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဆုဖလား အခွင့်အရေးအတွက် အားတက်စရာ ဖြစ်လာခဲ့ပြီး လက်ရှိမှာတော့ စီးတီးဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးမပါဘဲ ရာသီကုန် အရေးကြီးတဲ့ပွဲစဉ်တွေကို ကစားသွားရတော့မှာ ဖြစ်ပါတယ်။

ပေါင်ခြံဒဏ်ရာဟာ အဆင့် ၁ ကနေ ၃ အထိ သတ်မှတ်ထားပြီး ဒဏ်ရာ ဘယ်လောက်အထိ ပြင်းထန်လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ၃ ပတ်ကနေ ၆ ပတ်အထိ ပြန်လည်သက်သာလာဖို့ အချိန်ယူရနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ လာမယ့် ၄၈ နာရီအတွင်း ပြုလုပ်သွားမယ့် ဟာလန်းရဲ့ ဒဏ်ရာအခြေအနေ အကဲဖြတ်မှု အပြည့်အစုံကို သိရဖို့ စောင့်ဆိုင်းရတော့မှာဖြစ်ပြီး နော်ဝေကြယ်ပွင့်ရဲ့ ဒဏ်ရာသာ သိသိသာသာ ကြီးမားခဲ့မယ်ဆိုရင် အချိန်ကာလ အတော်ကြာ အနားယူရမှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး အာဆင်နယ်နဲ့လည်း ပရီးမီးယားလိဂ်ဖလားအတွက် ပြင်းထန်တဲ့ တိုက်ပွဲ ဆင်နွှဲနေရတာ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းကတော့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲအပေါ်မှာသာ အာရုံစိုက်သွားဖို့ ရှိနေတာဖြစ်ပြီး မန်စီးတီးဟာ တစ်ပွဲလျော့နေတာကြောင့် ဧပြီလမှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်စရင် ဂန်းနားတွေနဲ့ ရမှတ်ကွာဟမှုကို ၅ မှတ်အထိ ပြန်လည်လျှော့ချဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

တကယ်လို့ ဟာလန်းသာ ပေါင်ခြံဒဏ်ရာ အဆင့် ၃ ဒဏ်ရာကို ခံစားခဲ့ရမယ်ဆိုရင် ဘယ်ပွဲစဉ်တွေကို လွဲချော်နိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လီဗာပူးလ်(အိမ်)-ပရီးမီးယားလိဂ်- ဧပြီ ၁

ဆောက်သမ်တန်(အဝေး)-ပရီးမီးယားလိဂ်- ဧပြီ ၈

ဘိုင်ယန်မြူးနစ်(အိမ်)-ချန်ပီယံလိဂ်- ဧပြီ ၁၁(အဆင့် ၁ ဒဏ်ရာဆိုရင် ပြန်လာနိုင်ပြီဖြစ်)

လက်စတာစီးတီး(အိမ်)-ပရီးမီးယားလိဂ်- ဧပြီ ၁၅

ဘိုင်ယန်မြူးနစ်(အဝေး)-ချန်ပီယံလိဂ်- ဧပြီ ၁၉

ရှက်ဖီး ယူနိုက်တက်(အိမ်)-အက်ဖ်အေ- ဧပြီ ၂၂

အာဆင်နယ်(အိမ်)-ပရီးမီးယားလိဂ်- ဧပြီ ၂၆

ဖူလ်ဟမ်(အဝေး)- ပရီးမီးယားလိဂ်- ဧပြီ ၃၀

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းဟာ စပိန္၊ ေဂ်ာ္ဂ်ီယာတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ေနာ္ေဝလက္ေ႐ြးစင္အသင္းရဲ႕ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲစဥ္ေတြအတြက္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေပါင္ၿခံဒဏ္ရာ ရရွိခဲ့ၿပီး ဒဏ္ရာ ျပင္းထန္မႈအေျခအေနေပၚမူတည္ၿပီး ရက္သတၱပတ္အမ်ားအျပား အနားယူရေတာ့မွာ ျဖစ္ပါတယ္။ ဒီသတင္းဟာ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ဆုဖလား အခြင့္အေရးအတြက္ အားတက္စရာ ျဖစ္လာခဲ့ၿပီး လက္ရွိမွာေတာ့ စီးတီးဟာ ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးမပါဘဲ ရာသီကုန္ အေရးႀကီးတဲ့ပြဲစဥ္ေတြကို ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။

ေပါင္ၿခံဒဏ္ရာဟာ အဆင့္ ၁ ကေန ၃ အထိ သတ္မွတ္ထားၿပီး ဒဏ္ရာ ဘယ္ေလာက္အထိ ျပင္းထန္လဲဆိုတဲ့အေပၚမွာ မူတည္ၿပီး ၃ ပတ္ကေန ၆ ပတ္အထိ ျပန္လည္သက္သာလာဖို႔ အခ်ိန္ယူရႏိုင္တာ ျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ မန္စီးတီးတို႔ဟာ လာမယ့္ ၄၈ နာရီအတြင္း ျပဳလုပ္သြားမယ့္ ဟာလန္းရဲ႕ ဒဏ္ရာအေျခအေန အကဲျဖတ္မႈ အျပည့္အစုံကို သိရဖို႔ ေစာင့္ဆိုင္းရေတာ့မွာျဖစ္ၿပီး ေနာ္ေဝၾကယ္ပြင့္ရဲ႕ ဒဏ္ရာသာ သိသိသာသာ ႀကီးမားခဲ့မယ္ဆိုရင္ အခ်ိန္ကာလ အေတာ္ၾကာ အနားယူရမွာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အက္ဖ္ေအဖလား၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ၿပီး အာဆင္နယ္နဲ႔လည္း ပရီးမီးယားလိဂ္ဖလားအတြက္ ျပင္းထန္တဲ့ တိုက္ပြဲ ဆင္ႏႊဲေနရတာ ျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းကေတာ့ လက္က်န္ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ပြဲအေပၚမွာသာ အာ႐ုံစိုက္သြားဖို႔ ရွိေနတာျဖစ္ၿပီး မန္စီးတီးဟာ တစ္ပြဲေလ်ာ့ေနတာေၾကာင့္ ဧၿပီလမွာ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စရင္ ဂန္းနားေတြနဲ႔ ရမွတ္ကြာဟမႈကို ၅ မွတ္အထိ ျပန္လည္ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

တကယ္လို႔ ဟာလန္းသာ ေပါင္ၿခံဒဏ္ရာ အဆင့္ ၃ ဒဏ္ရာကို ခံစားခဲ့ရမယ္ဆိုရင္ ဘယ္ပြဲစဥ္ေတြကို လြဲေခ်ာ္ႏိုင္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

လီဗာပူးလ္(အိမ္)-ပရီးမီးယားလိဂ္- ဧၿပီ ၁

ေဆာက္သမ္တန္(အေဝး)-ပရီးမီးယားလိဂ္- ဧၿပီ ၈

ဘိုင္ယန္ျမဴးနစ္(အိမ္)-ခ်န္ပီယံလိဂ္- ဧၿပီ ၁၁(အဆင့္ ၁ ဒဏ္ရာဆိုရင္ ျပန္လာႏိုင္ၿပီျဖစ္)

လက္စတာစီးတီး(အိမ္)-ပရီးမီးယားလိဂ္- ဧၿပီ ၁၅

ဘိုင္ယန္ျမဴးနစ္(အေဝး)-ခ်န္ပီယံလိဂ္- ဧၿပီ ၁၉

ရွက္ဖီး ယူႏိုက္တက္(အိမ္)-အက္ဖ္ေအ- ဧၿပီ ၂၂

အာဆင္နယ္(အိမ္)-ပရီးမီးယားလိဂ္- ဧၿပီ ၂၆

ဖူလ္ဟမ္(အေဝး)- ပရီးမီးယားလိဂ္- ဧၿပီ ၃၀

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.