Premier League

အာဆင်နယ်နဲ့ယူနိုက်တက်တို့ကြား အလုပ်ကျင့်ဝတ်ကွာခြားမှုကို ပြောပြခဲ့တဲ့ ကစားသမားဟောင်း

ရော်ဘင် ဗန်ပါစီက မန်ချက်စတာယူနိုက်တက်က ကစားသမားတွေရဲ့ အလုပ်ကျင့်ဝတ်က အာဆင်နယ်က ကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ကွာခြားမှုရှိနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗန်ပါစီဟာ မြောက်လန်ဒန်မှာ ၇ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို အငြင်းပွားဖွယ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်လက်အောက် မန်ချက်စတာယူနိက်တက်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပက်ထရစ် အီဗရာရဲ့ ပြောကြားချက်အရ ဗန်ပါစီဟာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့ လေ့ကျင့်ရေးက ကြိုးစားအားထုတ်မှုတွေကို အာဆင်နယ်က ကစားသမားတွေနဲ့ နှိုင်းယှဉ်ပြီး တော်တော်လေး အထင်ကြီးခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ဗန်ပါစီရဲ့ ပထမဆုံး အမြင်ကို အီဗရာက Vibe with FIVE YouTube ချန်နယ်ကို ပြောကြားခဲ့ပြီး “ရော်ဘင်က ပက်ထရစ်ရေ ကျွန်တော် ဘယ်တုန်းကမှ အရမ်း ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတွေကို မမြင်ခဲ့ဖူးဘူး။ ခင်ဗျားတို့ လေကျင့်ရေးအစီအစဉ်မှာ လေ့ကျင့်နေတဲ့ပုံစံက အရမ်းပရော်ဖက်ရှင်နယ်ဆန်တာပဲလို့ ပြောခဲ့တယ်။ သူ လေ့ကျင့်ရေးအစီအစဉ်ပြီးတော့ အားလုံးက အလေးမရုံထဲမှာ ရှိနေကြတယ်လို့ ပြောခဲ့တယ်။ လေ့ကျင့်ရေးမတိုင်ခင်တုန်းကလည်းရှိတယ်။ လေ့ကျင့်ရေးပြီးသွားတော့လည်း ရှိနေတယ်တဲ့။ အဲဒါကြောင့်ပဲ သူ့ပုံစံက ကျွန်တော်အာဆင်နယ်မှာ ကစားခဲ့တုန်းက ကျွန်တော်က ကွင်းထဲမှာ လေ့ကျင့်တုန်းပဲရှိသေးတယ်။ ကလေးတွေက ကလေးစီးကားတွေနဲ့ ကွင်းထဲမှာ ပတ်မောင်းနေတာကို မြင်ခဲ့ရတယ်ဆိုပြီး အံ့အားသင့်သွားတဲ့ပုံပဲ”

ဗန်ပါစီဟာ ၂၀၁၂-၂၀၁၃ ရာသီမှာ လိဂ်သွင်းဂိုး ၂၆ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဒုတိယနေရာကအသင်းကို ၁၁ မှတ်ဖြတ် ချန်ပီယံဖြစ်ခဲ့ပြီး အာဆင်နယ်ကတော့ မန်ယူနိုက်တက်နဲ့ ၁၆ မှတ်အကွာအဆင့် ၄ နေရာမှာ ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အီဗရာက ဖာဂူဆန်က ဗန်ပါစီကို တခြား မန်ယူနိုက်တက် ကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး ပျော့ပျောင်းခဲ့တဲ့အကြောင်း ပြောပြခဲ့ပြီး စကော့လူမျိုးနည်းပြကြီးဟာ ဒတ်ချ်တိုက်စစ်မှူးကို ဒဏ်ရာကင်းရှင်းအောင် လုပ်ဆောင်ဖို့ လိုအပ်ခဲ့တယ်လို့ ရှင်းပြခဲ့တဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။

“ခင်ဗျား မှတ်မိမလားတော့ မသိဘူ။ ဖာဂူဆန်က ဗန်ပါစီကို ကိုင်တွယ်တဲ့ပုံစံကိုလေ။ ”လို့ အီဗရာက အသင်းဖော်ဟောင်း ဖာဒီနန်ကို မေးမြန်းခဲ့ပါတယ်။ ”ကျွန်တော်တို့က အကြမ်းပတမ်းကောင်တွေဆိုတာ သူ သိတယ်။ တစ်စုံတယောက်ကသာ လေ့ကျင့်ရေးမလုပ်ဘူးဆိုတာနဲ့ ကျွန်တော်တို့က အဲဒီကောင်က ကစားခွင့်ရဖို့ မထိုက်တန်ဘူးလို့ ပြောကြမှာ သူသိတယ်။ ဗန်ပါစီနဲ့ကျတော့သူက ငါ့ကောင်တွေ၊ ဒီကောင်လေးက နေ့တိုင်း လေ့ကျင့်ရေး ဆင်းမှာမဟုတ်ဘူး။ တစ်ခါတလေ သူ ကွင်းဘေးမှာ သူ့ရဲ့ ကိုယ်ပိုင် ခန္ဓာဗေဒပညာရှင်နဲ့အတူ လေ့ကျင့်နေလိမ့်မယ်။ ငါ သူ့ရဲ့ ဒဏ်ရာပြဿနာကို ကိုင်တွယ်ရမယ်။ ဒါပေမယ့် ဒီကောင်လေးက ငါတို့အတွက် လိဂ်ဖလားကို ရယူပေးလိမ့်မယ်ဆိုပြီး ပြောခဲ့တာဗျာ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရာ္ဘင္ ဗန္ပါစီက မန္ခ်က္စတာယူႏိုက္တက္က ကစားသမားေတြရဲ႕ အလုပ္က်င့္ဝတ္က အာဆင္နယ္က ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ရင္ ႀကီးမားတဲ့ ကြာျခားမႈရွိေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဗန္ပါစီဟာ ေျမာက္လန္ဒန္မွာ ၇ ႏွစ္ၾကာ ဆုဖလားလက္မဲ့ျဖစ္ခဲ့ၿပီးေနာက္ ၂၀၁၂ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို အျငင္းပြားဖြယ္ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္ မန္ခ်က္စတာယူနိက္တက္ရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ဖလားကို ရယူရာမွာ အဓိကအခန္းက႑ကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။

ပက္ထရစ္ အီဗရာရဲ႕ ေျပာၾကားခ်က္အရ ဗန္ပါစီဟာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြရဲ႕ ေလ့က်င့္ေရးက ႀကိဳးစားအားထုတ္မႈေတြကို အာဆင္နယ္က ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ၿပီး ေတာ္ေတာ္ေလး အထင္ႀကီးခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ဗန္ပါစီရဲ႕ ပထမဆုံး အျမင္ကို အီဗရာက Vibe with FIVE YouTube ခ်န္နယ္ကို ေျပာၾကားခဲ့ၿပီး “ေရာ္ဘင္က ပက္ထရစ္ေရ ကြၽန္ေတာ္ ဘယ္တုန္းကမွ အရမ္း ပေရာ္ဖက္ရွင္နယ္ဆန္တဲ့လူေတြကို မျမင္ခဲ့ဖူးဘူး။ ခင္ဗ်ားတို႔ ေလက်င့္ေရးအစီအစဥ္မွာ ေလ့က်င့္ေနတဲ့ပုံစံက အရမ္းပေရာ္ဖက္ရွင္နယ္ဆန္တာပဲလို႔ ေျပာခဲ့တယ္။ သူ ေလ့က်င့္ေရးအစီအစဥ္ၿပီးေတာ့ အားလုံးက အေလးမ႐ုံထဲမွာ ရွိေနၾကတယ္လို႔ ေျပာခဲ့တယ္။ ေလ့က်င့္ေရးမတိုင္ခင္တုန္းကလည္းရွိတယ္။ ေလ့က်င့္ေရးၿပီးသြားေတာ့လည္း ရွိေနတယ္တဲ့။ အဲဒါေၾကာင့္ပဲ သူ႔ပုံစံက ကြၽန္ေတာ္အာဆင္နယ္မွာ ကစားခဲ့တုန္းက ကြၽန္ေတာ္က ကြင္းထဲမွာ ေလ့က်င့္တုန္းပဲရွိေသးတယ္။ ကေလးေတြက ကေလးစီးကားေတြနဲ႔ ကြင္းထဲမွာ ပတ္ေမာင္းေနတာကို ျမင္ခဲ့ရတယ္ဆိုၿပီး အံ့အားသင့္သြားတဲ့ပုံပဲ”

ဗန္ပါစီဟာ ၂၀၁၂-၂၀၁၃ ရာသီမွာ လိဂ္သြင္းဂိုး ၂၆ ဂိုးနဲ႔ ေ႐ႊဖိနပ္ဆုကို ရရွိခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ဒုတိယေနရာကအသင္းကို ၁၁ မွတ္ျဖတ္ ခ်န္ပီယံျဖစ္ခဲ့ၿပီး အာဆင္နယ္ကေတာ့ မန္ယူႏိုက္တက္နဲ႔ ၁၆ မွတ္အကြာအဆင့္ ၄ ေနရာမွာ ရာသီၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

အီဗရာက ဖာဂူဆန္က ဗန္ပါစီကို တျခား မန္ယူႏိုက္တက္ ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေတာ္ေတာ္ေလး ေပ်ာ့ေပ်ာင္းခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ၿပီး စေကာ့လူမ်ိဳးနည္းျပႀကီးဟာ ဒတ္ခ်္တိုက္စစ္မႉးကို ဒဏ္ရာကင္းရွင္းေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ခဲ့တယ္လို႔ ရွင္းျပခဲ့တဲ့အေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား မွတ္မိမလားေတာ့ မသိဘူ။ ဖာဂူဆန္က ဗန္ပါစီကို ကိုင္တြယ္တဲ့ပုံစံကိုေလ။ ”လို႔ အီဗရာက အသင္းေဖာ္ေဟာင္း ဖာဒီနန္ကို ေမးျမန္းခဲ့ပါတယ္။ ”ကြၽန္ေတာ္တို႔က အၾကမ္းပတမ္းေကာင္ေတြဆိုတာ သူ သိတယ္။ တစ္စုံတေယာက္ကသာ ေလ့က်င့္ေရးမလုပ္ဘူးဆိုတာနဲ႔ ကြၽန္ေတာ္တို႔က အဲဒီေကာင္က ကစားခြင့္ရဖို႔ မထိုက္တန္ဘူးလို႔ ေျပာၾကမွာ သူသိတယ္။ ဗန္ပါစီနဲ႔က်ေတာ့သူက ငါ့ေကာင္ေတြ၊ ဒီေကာင္ေလးက ေန႔တိုင္း ေလ့က်င့္ေရး ဆင္းမွာမဟုတ္ဘူး။ တစ္ခါတေလ သူ ကြင္းေဘးမွာ သူ႔ရဲ႕ ကိုယ္ပိုင္ ခႏၶာေဗဒပညာရွင္နဲ႔အတူ ေလ့က်င့္ေနလိမ့္မယ္။ ငါ သူ႔ရဲ႕ ဒဏ္ရာျပႆနာကို ကိုင္တြယ္ရမယ္။ ဒါေပမယ့္ ဒီေကာင္ေလးက ငါတို႔အတြက္ လိဂ္ဖလားကို ရယူေပးလိမ့္မယ္ဆိုၿပီး ေျပာခဲ့တာဗ်ာ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.