International World Cup

ထရော့ဆာ့ဒ်နဲ့ပတ်သက်ပြီး ဝန်ခံခဲ့တဲ့ ဟာဇက်

အီဒင် ဟာဇက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်း ပွဲထွက်လူစာရင်းမှာ ထရော့ဆာ့ဒ်ကို ဘာကြောင့် ပွဲထွက်ခွင့်ပေးခဲ့တာလဲလို့ မေးခွန်းထုတ်ခဲ့ဖူးတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဟာဇက်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယမ်ရဲ့ စိတ်ပျက်ဖွယ် ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲထွက်ကစားချိန် မရရှိခဲ့ပေမယ့်လည်း ဟာဇက်ဟာ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဥ် ၂ ပွဲမှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး မာတီနက်ဇ်ရဲ့အသင်းဟာ ကနေဒါကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်တောင်ပံကစားသမားဟာ ဘယ်လ်ဂျီယမ်ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ထရော့ဆာ့ဒ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးပွဲထွက်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ထရော့ဆာ့ဒ်ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမစမီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးပြီး ဘရိုက်တန်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနေခဲ့သူဖြစ်တာကြောင့် ဟာဇက်က အသက် ၂၈ နှစ်အရွယ်ကစားသမားအနေနဲ့ ကာတာမှာ ပုံမှန်ပွဲထွက်ကစားချိန် ပိုမို ရှိခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လူတွေက ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းနဲ့ အချိန်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အဆုံးသတ်သွားပြီလို့ ပြောဆိုခဲ့တာကြောင့် နာကျင်ခဲ့ရလားလို့ မေးမြန်းခဲ့ရာမှာ ဟာဇက်က “လုံးဝ မနာကျင်ပါဘူး။ ကျွန်တော့်နေရာမှာ အစားထိုးခဲ့တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်ဆိုတဲ့ နာမည်အကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ သူက ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေခဲ့တာပါ။ သူ အရန်ခုံထိုင်ခဲ့ရတဲ့အချိန်မှာ ကျွန်တော် ဘာကြောင့် ကစားနေခဲ့ရတာလဲလို့တောင် သိချင်ခဲ့တာပါ။ လူတွေအဲဒီလိုတွေးတာက သာမန်ပါပဲ။ အထူးသဖြင့် အီဂျစ်နဲ့ပွဲအပြီးမှာဖြစ်ပြီး ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ ကျွန်တော်လည်း ပွဲကောင်း တစ်ပွဲမကစားနိုင်ခဲ့ပါဘူး။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားနောက်ဆုံးပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ မကစားခဲ့ရဘူး”

“ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီနဲ့အတူ ရှိနေသေးပြီး ဘယ်လ်ဂျီယမ်နဲ့အတူ အီဒင်ရှိနေတာထက်တောင် အများကြီးပိုပါသေးတယ်။ ဒါက ဘောလုံးပါ။ ကြီးပြင်းလာတဲ့ လူငယ်တွေ အများကြီးရှိနေပြီး သူတို့က နေရာလိုချင်ကြတယ်။ ကျွန်တော် အသက် ၁၆ နှစ်သားတုန်းက လီလ်နဲ့ စကစားတဲ့အချိန်တုနး်က ကျွန်တော် မီချယ် ဘက်စတို့စ် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ရဲ့ နေရာကို ယူခဲ့တယ်။ အဲဒီမှာ ရှိခဲ့တဲ့ ကစားသမားတွေက နေရာဖယ်ပေးကြတယ်။ အဲဒါက သာမန်ပဲ။ အဲဒါက ဘောလုံးပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီဒင္ ဟာဇက္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အသင္း ပြဲထြက္လူစာရင္းမွာ ထေရာ့ဆာ့ဒ္ကို ဘာေၾကာင့္ ပြဲထြက္ခြင့္ေပးခဲ့တာလဲလို႔ ေမးခြန္းထုတ္ခဲ့ဖူးတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဟာဇက္ဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယမ္ရဲ႕ စိတ္ပ်က္ဖြယ္ ရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ပိုင္း လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ပြဲထြက္ကစားခ်ိန္ မရရွိခဲ့ေပမယ့္လည္း ဟာဇက္ဟာ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အသင္းရဲ႕ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္ ၂ ပြဲမွာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီး မာတီနက္ဇ္ရဲ႕အသင္းဟာ ကေနဒါကို ၁-၀ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ေတာင္ပံကစားသမားဟာ ဘယ္လ္ဂ်ီယမ္ရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ခ႐ိုေအးရွားနဲ႔ပြဲစဥ္မွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ထေရာ့ဆာ့ဒ္ကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးပြဲထြက္ကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ထေရာ့ဆာ့ဒ္ဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမစမီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၇ ဂိုးအထိ သြင္းယူေပးၿပီး ဘ႐ိုက္တန္အသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္း ျပသေနခဲ့သူျဖစ္တာေၾကာင့္ ဟာဇက္က အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားအေနနဲ႔ ကာတာမွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ ပိုမို ရွိခဲ့သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

လူေတြက ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အသင္းနဲ႔ အခ်ိန္ေတြက ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း အဆုံးသတ္သြားၿပီလို႔ ေျပာဆိုခဲ့တာေၾကာင့္ နာက်င္ခဲ့ရလားလို႔ ေမးျမန္းခဲ့ရာမွာ ဟာဇက္က “လုံးဝ မနာက်င္ပါဘူး။ ကြၽန္ေတာ့္ေနရာမွာ အစားထိုးခဲ့တဲ့ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ဆိုတဲ့ နာမည္အေၾကာင္း ကြၽန္ေတာ္တို႔ ေျပာခဲ့ၾကပါတယ္။ သူက ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနခဲ့တာပါ။ သူ အရန္ခုံထိုင္ခဲ့ရတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဘာေၾကာင့္ ကစားေနခဲ့ရတာလဲလို႔ေတာင္ သိခ်င္ခဲ့တာပါ။ လူေတြအဲဒီလိုေတြးတာက သာမန္ပါပဲ။ အထူးသျဖင့္ အီဂ်စ္နဲ႔ပြဲအၿပီးမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ေကာင္းေကာင္း မကစားႏိုင္ခဲ့ဘဲ ကြၽန္ေတာ္လည္း ပြဲေကာင္း တစ္ပြဲမကစားႏိုင္ခဲ့ပါဘူး။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ကမာၻ႔ဖလားေနာက္ဆုံးပြဲမွာ ေပၚတူဂီအသင္းနဲ႔အတူ မကစားခဲ့ရဘူး”

“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ေပၚတူဂီနဲ႔အတူ ရွိေနေသးၿပီး ဘယ္လ္ဂ်ီယမ္နဲ႔အတူ အီဒင္ရွိေနတာထက္ေတာင္ အမ်ားႀကီးပိုပါေသးတယ္။ ဒါက ေဘာလုံးပါ။ ႀကီးျပင္းလာတဲ့ လူငယ္ေတြ အမ်ားႀကီးရွိေနၿပီး သူတို႔က ေနရာလိုခ်င္ၾကတယ္။ ကြၽန္ေတာ္ အသက္ ၁၆ ႏွစ္သားတုန္းက လီလ္နဲ႔ စကစားတဲ့အခ်ိန္တုနး္က ကြၽန္ေတာ္ မီခ်ယ္ ဘက္စတို႔စ္ ဒါမွမဟုတ္ တျခားတစ္ေယာက္ေယာက္ရဲ႕ ေနရာကို ယူခဲ့တယ္။ အဲဒီမွာ ရွိခဲ့တဲ့ ကစားသမားေတြက ေနရာဖယ္ေပးၾကတယ္။ အဲဒါက သာမန္ပဲ။ အဲဒါက ေဘာလုံးပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.