Premier League

ဂန်းနားတွေကိုအမီလိုက်ဖို့ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်လိုက်ရပြီဖြစ်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ မာဘယ်လာက နော်ဝေလက်ရွေးစင်အသင်းလေ့ကျင့်ရေးစခန်းကို ပေါင်ခြံမှာ နာကျင်မှုအချို့ ခံစားခဲ့ရပြီးနောက် စွန့်ခွာခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ၃၇ ပွဲမှာ သွင်းဂိုး ၄၂ ဂိုး သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ နော်ဝေလက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်က ဟာလန်းရဲ့ ဒဏ်ရာသတင်းနဲ့ပတ်သက်ပြီး “စပိန်၊ ဂျော်ဂျီယာတို့နဲ့ ကစားမယ့်ပွဲစဉ်တွေကို ကံဆိုးစွာနဲ့ပဲ အာလင်း ဟာလန်းမပါဘဲ ကစားသွားရတော့မှာပါ။ သူက ဒဏ်ရာကြောင့် အိမ်ပြန်သွားခဲ့ပါတယ်။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်အသင်း ဆရာဝန် အိုလာ ဆန်းက ဟာလန်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီဒဏ်ရာက စနေနေ့အထိ ဆက်ပြီးသွားနိုင်မယ့် ဖြစ်နေကျဒဏ်ရာမျိုးလို့ မျှော်လင့်ခဲ့ပေမယ့် စမ်းသပ်မှုတွေအပြီး မနေ့မှာတော့ သူ့အနေနဲ့ စပိန်၊ ဂျော်ဂျီယာတို့နဲ့ပွဲမှာ ကစားပေးနိုင်မှာမဟုတ်ဘူးဆိုတာ ရှင်းလင်းလာခဲ့ပါတယ်။ သူ ကလပ်အသင်းမှာ နောက်ဆက်တွဲ လိုအပ်တဲ့ ကုသမှုတွေ ခံယူတာက ပိုကောင်းပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

နော်ဝေလက်ရွေးစင်နည်းပြ ဆိုဘက်ကင်းက ဟာလန်းက အသင်းအတွက် တိုက်ပွဲဝင်မပေးနိုင်တော့ဘူးဆိုတာကို သိရှိသွားတဲ့အချိန်မှာ လက်ခံဖို့ ခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကံကောင်းစွာနဲ့ပဲ လာမယ့်ပွဲစဉ်တွေမှာ ရမှတ်တွေ ရယူနိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ၊ အရည်အချင်းတွေ၊ စည်းလုံးမှုတွေ ဒီအစုအဖွဲ့ထဲမှာ  အများအပြားရှိနေပါသေးတယ်။ ကျွန်တော်တို့  စနေနေ့နဲ့ အင်္ဂါနေ့အတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်ဖို့ အလုပ်ဆက်လုပ်သွားမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ တိုက္စစ္မႉး အာလင္း ဟာလန္းဟာ မာဘယ္လာက ေနာ္ေဝလက္ေ႐ြးစင္အသင္းေလ့က်င့္ေရးစခန္းကို ေပါင္ၿခံမွာ နာက်င္မႈအခ်ိဳ႕ ခံစားခဲ့ရၿပီးေနာက္ စြန႔္ခြာခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ၃၇ ပြဲမွာ သြင္းဂိုး ၄၂ ဂိုး သြင္းယူထားတဲ့ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ေနာ္ေဝလက္ေ႐ြးစင္အသင္းရဲ႕ ေခၚယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္အသင္းရဲ႕ တရားဝင္တြစ္တာအေကာင့္က ဟာလန္းရဲ႕ ဒဏ္ရာသတင္းနဲ႔ပတ္သက္ၿပီး “စပိန္၊ ေဂ်ာ္ဂ်ီယာတို႔နဲ႔ ကစားမယ့္ပြဲစဥ္ေတြကို ကံဆိုးစြာနဲ႔ပဲ အာလင္း ဟာလန္းမပါဘဲ ကစားသြားရေတာ့မွာပါ။ သူက ဒဏ္ရာေၾကာင့္ အိမ္ျပန္သြားခဲ့ပါတယ္။”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္အသင္း ဆရာဝန္ အိုလာ ဆန္းက ဟာလန္းရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးအေျခအေနကို ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီဒဏ္ရာက စေနေန႔အထိ ဆက္ၿပီးသြားႏိုင္မယ့္ ျဖစ္ေနက်ဒဏ္ရာမ်ိဳးလို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ စမ္းသပ္မႈေတြအၿပီး မေန႔မွာေတာ့ သူ႔အေနနဲ႔ စပိန္၊ ေဂ်ာ္ဂ်ီယာတို႔နဲ႔ပြဲမွာ ကစားေပးႏိုင္မွာမဟုတ္ဘူးဆိုတာ ရွင္းလင္းလာခဲ့ပါတယ္။ သူ ကလပ္အသင္းမွာ ေနာက္ဆက္တြဲ လိုအပ္တဲ့ ကုသမႈေတြ ခံယူတာက ပိုေကာင္းပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္နည္းျပ ဆိုဘက္ကင္းက ဟာလန္းက အသင္းအတြက္ တိုက္ပြဲဝင္မေပးႏိုင္ေတာ့ဘူးဆိုတာကို သိရွိသြားတဲ့အခ်ိန္မွာ လက္ခံဖို႔ ခက္ခဲခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကံေကာင္းစြာနဲ႔ပဲ လာမယ့္ပြဲစဥ္ေတြမွာ ရမွတ္ေတြ ရယူႏိုင္ဖို႔ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈေတြ၊ အရည္အခ်င္းေတြ၊ စည္းလုံးမႈေတြ ဒီအစုအဖြဲ႕ထဲမွာ  အမ်ားအျပားရွိေနပါေသးတယ္။ ကြၽန္ေတာ္တို႔  စေနေန႔နဲ႔ အဂၤါေန႔အတြက္ အေကာင္းဆုံးႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔ အလုပ္ဆက္လုပ္သြားမွာပါ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.