Premier League

ဂန်းနားကြယ်ပွင့်ကို ချစ်မြတ်နိုးပြီး လီဗာပူးလ်အတွက် ကစားပေးစေချင်နေတဲ့ ဟိုဆေး အန်နရီကေး

လီဗာပူးလ်ဘယ်နောက်ခံလူဟောင်း ဟိုဆေး အန်နရီကေးက အာဆင်နယ်တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာကို လီဗာပူးလ်အသင်းအတွက် ကစားပေးစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက တစ်ပွဲကစားဖို့ ကျန်နေသေးပြီး ဘူကာယို ဆာကာဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် အပြောင်မြောက်ဆုံးခြေစွမ်းကို ပြသနေတဲ့ ကစားသမားဖြစ်ပြီး လိဂ်ပွဲ ၂၈ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဆာကာဟာ ၎င်းရဲ့ တောက်ပတဲ့ မြန်နှုန်း၊ အလိမ်အခေါက်စွမ်းရည်၊ ပင်နယ်တီဧရိယာထဲမှာ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားပြီး ကွင်းပြင်ပမှာလည်း အနေအေးပြီး နှိမ့်ချတတ်မှုကြောင့် အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ခံနေရသူဖြစ်ပါတယ်။

အဲဒီထဲမှာ လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဟိုဆေး အန်နရီကေးလည်း အပါအဝင်ဖြစ်ခဲ့ပြီး အာဆင်နယ်ကြယ်ပွင့်ကို လီဗာပူးလ်လူစာရင်းထဲမှာ မြင်တွေ့ချင်တဲ့ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ ချစ်မြတ်နိုးမိတယ်။ သူက လီဗာပူးလ်ကစားသမားဖြစ်ရင်ကောင်းမယ်လို့ ဆုတောင်းမိတယ်။ လုပ်အားနှုန်း၊ စိတ်သဘောထားကောင်းတဲ့လူ၊ အဝတ်လဲခန်းထဲက လူတွေအားလုံးက သူ့ကို ချစ်ကြပြီး နည်းပြကလည်း ချစ်တာ ခင်ဗျား မြင်နိုင်ပါတယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့အဆင့်အရည်အသွေးတွေရှိနေပြီ။ အရမ်းတော်တယ် ဆာကာ”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့  အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း အင်္ဂလန်တောင်ပံကစားသမားဟာ ဂန်းနားတွေနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမယ့် တရားဝင် လက်မှတ်မထိုးရသေးတာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဘယ္ေနာက္ခံလူေဟာင္း ဟိုေဆး အန္နရီေကးက အာဆင္နယ္ေတာင္ပံၾကယ္ပြင့္ ဘူကာယို ဆာကာကို လီဗာပူးလ္အသင္းအတြက္ ကစားေပးေစခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ အာတီတာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းက တစ္ပြဲကစားဖို႔ က်န္ေနေသးၿပီး ဘူကာယို ဆာကာဟာ ယခုရာသီမွာ အာဆင္နယ္အသင္းအတြက္ အေျပာင္ေျမာက္ဆုံးေျခစြမ္းကို ျပသေနတဲ့ ကစားသမားျဖစ္ၿပီး လိဂ္ပြဲ ၂၈ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဆာကာဟာ ၎ရဲ႕ ေတာက္ပတဲ့ ျမန္ႏႈန္း၊ အလိမ္အေခါက္စြမ္းရည္၊ ပင္နယ္တီဧရိယာထဲမွာ ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္တဲ့ အရည္အခ်င္းေတြ ပိုင္ဆိုင္ထားၿပီး ကြင္းျပင္ပမွာလည္း အေနေအးၿပီး ႏွိမ့္ခ်တတ္မႈေၾကာင့္ အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ခံေနရသူျဖစ္ပါတယ္။

အဲဒီထဲမွာ လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ဟိုေဆး အန္နရီေကးလည္း အပါအဝင္ျဖစ္ခဲ့ၿပီး အာဆင္နယ္ၾကယ္ပြင့္ကို လီဗာပူးလ္လူစာရင္းထဲမွာ ျမင္ေတြ႕ခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔ကို ကစားသမားတစ္ေယာက္အေနနဲ႔ ခ်စ္ျမတ္ႏိုးမိတယ္။ သူက လီဗာပူးလ္ကစားသမားျဖစ္ရင္ေကာင္းမယ္လို႔ ဆုေတာင္းမိတယ္။ လုပ္အားႏႈန္း၊ စိတ္သေဘာထားေကာင္းတဲ့လူ၊ အဝတ္လဲခန္းထဲက လူေတြအားလုံးက သူ႔ကို ခ်စ္ၾကၿပီး နည္းျပကလည္း ခ်စ္တာ ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ ဒီေလာက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကမာၻ႔အဆင့္အရည္အေသြးေတြရွိေနၿပီ။ အရမ္းေတာ္တယ္ ဆာကာ”လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕  အာဆင္နယ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း အဂၤလန္ေတာင္ပံကစားသမားဟာ ဂန္းနားေတြနဲ႔ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္ေပမယ့္ တရားဝင္ လက္မွတ္မထိုးရေသးတာျဖစ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.