Premier League

လီဗာပူးလ် အဆင့် ၄ ရရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်မရအောင်လုပ်နိုင်တဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်ခဲ့ရင်တောင်မှ ယူရိုပါလိဂ်မှာ ကစားသွားရနိုင်တယ်လို့ သိရပါတယ်။

ရာသီကလည်း ကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တာကြောင့် အသင်းတွေဟာ ၎င်းတို့ရဲ့ ရည်မှန်းချက်အတိုင်း ရရှိစေဖို့အတွက် တိုက်ပွဲဝင်နေကြပြီဖြစ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်တို့က အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နေကြချိန်မှာ မန်ယူနိုက်တက်၊ လီဗာပူးလ်၊ စပါးစ်၊ နယူးကာဆယ်လ်၊ ဘရန့်တ်ဖို့ဒ်နဲ့ ဘရိုက်တန်တို့အားလုံးဟာ ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့အတူ ချဲလ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဝင်ခွင့် ရရှိနိုင်ဖို့အတွက် အခွင့်အရေးရှိနေတာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက ထိပ်ဆုံး ၄ နေရာထဲက နေရာကို ပြိုင်ဘက် လီဗာပူးလ်ကို ပေးခဲ့ရရင်တောင်မှ ကလော့ပ်ရဲ့အသင်း ဥရောပထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရအောင် လုပ်နိုင်တဲ့အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို ဖြစ်ဖို့ဆိုရင် မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံး ၄ နေရာအပြင်ဘက်မှာ ရာသီပြီးဆုံးပြီး ယူရိုပါလိဂ်ဖလားကို အနိုင်ရရှိဖို့ လိုမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ယခုရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်မှာ နိုင်ငံတစ်ခုချင်းစီက အသင်း ၅ သင်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားတာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းက ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီမပြီးဆုံးရင်တောင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် ကျိန်းသေပေါက် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း ယူရိုပါလိဂ်ဖလားရယူပြီး ဝင်ခွင့် ရရှိမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ထိပ်ဆုံး ၃ နေရာက အသင်းနဲ့အတူ ချဲလ်ဆီး၊ မန်ယူနိုက်တက်တို့က လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် အဆင့် ၄ နေရာက လီဗာပူးလ်က အလိုအလျောက် ယူရိုပါလိဂ်ဆင်းကစားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယာဂန် ကလော့ပ်ရဲ့အသင်းက လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာက စပါးစ်ကို လိုက်မီနိုင်တဲ့ လက္ခဏာမျိုး ပြသနေခြင်းမရှိဘဲ ပြီးခဲ့တဲ့အပတ်မှာ ဘုန်းမောက်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် မြောက်လန်ဒန်အသင်းနဲ့ ၇ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္ခဲ့ရင္ေတာင္မွ ယူ႐ိုပါလိဂ္မွာ ကစားသြားရႏိုင္တယ္လို႔ သိရပါတယ္။

ရာသီကလည္း ကုန္ဆုံးဖို႔ တျဖည္းျဖည္း နီးကပ္လာၿပီျဖစ္တာေၾကာင့္ အသင္းေတြဟာ ၎တို႔ရဲ႕ ရည္မွန္းခ်က္အတိုင္း ရရွိေစဖို႔အတြက္ တိုက္ပြဲဝင္ေနၾကၿပီျဖစ္ၿပီး မန္စီးတီးနဲ႔ အာဆင္နယ္တို႔က အမွတ္ေပးဖလားအတြက္ တိုက္ပြဲဝင္ေနၾကခ်ိန္မွာ မန္ယူႏိုက္တက္၊ လီဗာပူးလ္၊ စပါးစ္၊ နယူးကာဆယ္လ္၊ ဘရန႔္တ္ဖို႔ဒ္နဲ႔ ဘ႐ိုက္တန္တို႔အားလုံးဟာ ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးေရးအတြက္ တိုက္ပြဲဝင္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ ခ်ဲလ္ဆီးအသင္းကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ ဝင္ခြင့္ ရရွိႏိုင္ဖို႔အတြက္ အခြင့္အေရးရွိေနတာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းက ထိပ္ဆုံး ၄ ေနရာထဲက ေနရာကို ၿပိဳင္ဘက္ လီဗာပူးလ္ကို ေပးခဲ့ရရင္ေတာင္မွ ကေလာ့ပ္ရဲ႕အသင္း ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရေအာင္ လုပ္ႏိုင္တဲ့အခြင့္အေရးရွိေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီလို ျဖစ္ဖို႔ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာအျပင္ဘက္မွာ ရာသီၿပီးဆုံးၿပီး ယူ႐ိုပါလိဂ္ဖလားကို အႏိုင္ရရွိဖို႔ လိုမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကလည္း ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္မွာ ႏိုင္ငံတစ္ခုခ်င္းစီက အသင္း ၅ သင္းကိုသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ျပဳထားတာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းက ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီမၿပီးဆုံးရင္ေတာင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ရင္ က်ိန္းေသေပါက္ ဝင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကလည္း ယူ႐ိုပါလိဂ္ဖလားရယူၿပီး ဝင္ခြင့္ ရရွိမွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ထိပ္ဆုံး ၃ ေနရာက အသင္းနဲ႔အတူ ခ်ဲလ္ဆီး၊ မန္ယူႏိုက္တက္တို႔က လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ္ဆိုရင္ အဆင့္ ၄ ေနရာက လီဗာပူးလ္က အလိုအေလ်ာက္ ယူ႐ိုပါလိဂ္ဆင္းကစားရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယာဂန္ ကေလာ့ပ္ရဲ႕အသင္းက လက္ရွိ အမွတ္ေပးဇယား အဆင့္ ၄ ေနရာက စပါးစ္ကို လိုက္မီႏိုင္တဲ့ လကၡဏာမ်ိဳး ျပသေနျခင္းမရွိဘဲ ၿပီးခဲ့တဲ့အပတ္မွာ ဘုန္းေမာက္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေျမာက္လန္ဒန္အသင္းနဲ႔ ၇ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.