Ligue1

နယ်သာလန်နဲ့ပွဲကို အသင်းခေါင်းဆောင်အဖြစ် ကစားသွားတော့မယ့် ဥက္ကဌကြီး

ခီလီယန် အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဟူဂို လိုရစ် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် အသင်းခေါင်းဆောင်သစ် ဖြစ်လာပြီလို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က AFP ကို ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ တနင်္လာနေ့အစောပိုင်းမှာ နည်းပြ ဒေးရွှမ့်စ်နဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးဂိုးသမား ဟူဂို လိုရစ်ဟာ ဒီဇင်ဘာလတုန်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် တစ်လအကြာမှာပဲ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟူဂို လိုရစ်ဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဗာရွမ်းကလည်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောာင်ဖြစ်လာတော့မယ်လို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာ ရက်သတ္တပတ်အတော်ကြာနေခဲ့ပြီဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာလည်း ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်ပြီး ရင်းနေးကို ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် မားကင်ညို့စ် မပါဝင်နိုင်တာကြောင့် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေဟာ လာမယ့် သောကြာနေ့မှာ နယ်သာလန်နဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားသွားတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဟူဂို လိုရစ္ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္သစ္ ျဖစ္လာၿပီလို႔ အသင္းနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္က AFP ကို ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ တနလၤာေန႔အေစာပိုင္းမွာ နည္းျပ ေဒး႐ႊမ့္စ္နဲ႔ ေျပာဆိုေဆြးေႏြးခဲ့ၿပီးေနာက္ ကမ္းလွမ္းမႈကို လက္ခံခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဂိုးသမား ဟူဂို လိုရစ္ဟာ ဒီဇင္ဘာလတုန္းက ကစားခဲ့တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ တစ္လအၾကာမွာပဲ လက္ေ႐ြးစင္ကစားသမားဘဝကို အဆုံးသတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟူဂို လိုရစ္ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အၾကာ ျပင္သစ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားေပးခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဗာ႐ြမ္းကလည္း လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉး ဂရစ္ဇ္မန္းက ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အမ္ဘာေပဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းေခါင္းေဆာာင္ျဖစ္လာေတာ့မယ္လို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာ ရက္သတၱပတ္အေတာ္ၾကာေနခဲ့ၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ၂၀၁၈ ကမာၻ႔ဖလားမွာ ဗိုလ္စြဲေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းမွာလည္း ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရသူျဖစ္ၿပီး ရင္းေနးကို ရႈံးနိမ့္ခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္ မပါဝင္ႏိုင္တာေၾကာင့္ အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပဟာ လာမယ့္ ေသာၾကာေန႔မွာ နယ္သာလန္နဲ႔ ကစားရမယ့္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲစဥ္မွာ ျပင္သစ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားသြားေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.