Ligue1

အသင်းဖော်တွေနဲ့ ကွင်းထဲမှာ ဆက်မနေနိုင်ဘဲ ဒေါသတကြီး ဥမင်ထဲဆင်းသွားခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့ညနေက ရင်းနေးကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဖော်တွေက ကွင်းထဲမှာပဲ ရှိနေသေးချိန်မှာ ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အီကမ်ဘီက ရင်းနေးအသင်းအတွက် ပထမပိုင်းမပြီးဆုံးခင်မှာ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ကာလီမွန်ဒိုက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့အသင်းဟာ အိမ်ကွင်းမှာ ကစားချင်တဲ့ပုံစံမျိုး ပြန်လည် ပြောင်းလဲနိုင်အောင် လုပ်ဆောင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ရင်းနေးကို ရှုံးနိမ့်ခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်အပြီး ကွင်းထဲမှာ ပရိသတ်တွေကို လက်ခုပ်တီး ဂုဏ်ပြုပေးနေတဲ့ ပီအက်စ်ဂျီကစားသမားတွေရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗီဒီယိုဖိုင်ထဲမှာ စိတ်ပျက်ဒေါသထွက်နေတဲ့ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းဖော်တွေ ကွင်းထဲမှာ ရှိနေသေးချိန်မှာ ဥမင်လျှောက်လမ်းထဲကို ဒေါသတကြီး ဆင်းသွားခဲ့ပြီး အဝတ်လဲခန်းထဲကို သွားခဲ့တာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ အပြုအမူကို လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တစ်ဦး “မက်ဆီတော့ ရေလည် ပေါက်နေပြီ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကျေးဇူးပြုပြီး သူ့ကို ထွက်ခွာခွင့်ပေးပါတော့။ သူတို့တွေက သူနဲ့ လုံးဝကို မထိုက်တန်တဲ့သူတွေပုံစံမျိုးလုပ်နေတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရင်းနေးနဲ့ပွဲမတိုင်ခင်မှာ မက်ဆီရဲ့နာမည်ကို မင်းသားများကွင်းက ကြေညာသူက ပွဲထွက်လူစာရင်းထဲမှာ ပါဝင်တဲ့အကြောင်း ကြေညာခဲ့ချိန်မှာ ပီအက်စ်ဂျီပရိသတ်အချို့ရဲ့ လှောင်ပြောင်သံတွေ ထွက်လာခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ဘာစီလိုနာအသင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို မေဂျာလိဂ်နဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ကစားမယ်လို့လည်း သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔ညေနက ရင္းေနးကို ၂-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းေဖာ္ေတြက ကြင္းထဲမွာပဲ ရွိေနေသးခ်ိန္မွာ ဥမင္ေလွ်ာက္လမ္းထဲကို ဆင္းသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အီကမ္ဘီက ရင္းေနးအသင္းအတြက္ ပထမပိုင္းမၿပီးဆုံးခင္မွာ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာေတာ့ ကာလီမြန္ဒိုက ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ခရစၥတို႔ဖ္ ဂယ္လ္တီေယးရဲ႕အသင္းဟာ အိမ္ကြင္းမွာ ကစားခ်င္တဲ့ပုံစံမ်ိဳး ျပန္လည္ ေျပာင္းလဲႏိုင္ေအာင္ လုပ္ေဆာင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ရင္းေနးကို ရႈံးနိမ့္ခဲ့တဲ့ လီဂူးဝမ္း ပြဲစဥ္အၿပီး ကြင္းထဲမွာ ပရိသတ္ေတြကို လက္ခုပ္တီး ဂုဏ္ျပဳေပးေနတဲ့ ပီအက္စ္ဂ်ီကစားသမားေတြရဲ႕ ဗီဒီယိုဖိုင္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗီဒီယိုဖိုင္ထဲမွာ စိတ္ပ်က္ေဒါသထြက္ေနတဲ့ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြ ကြင္းထဲမွာ ရွိေနေသးခ်ိန္မွာ ဥမင္ေလွ်ာက္လမ္းထဲကို ေဒါသတႀကီး ဆင္းသြားခဲ့ၿပီး အဝတ္လဲခန္းထဲကို သြားခဲ့တာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ အျပဳအမူကို လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကတာျဖစ္ၿပီး ပရိသတ္တစ္ဦး “မက္ဆီေတာ့ ေရလည္ ေပါက္ေနၿပီ”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေက်းဇူးျပဳၿပီး သူ႔ကို ထြက္ခြာခြင့္ေပးပါေတာ့။ သူတို႔ေတြက သူနဲ႔ လုံးဝကို မထိုက္တန္တဲ့သူေတြပုံစံမ်ိဳးလုပ္ေနတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ရင္းေနးနဲ႔ပြဲမတိုင္ခင္မွာ မက္ဆီရဲ႕နာမည္ကို မင္းသားမ်ားကြင္းက ေၾကညာသူက ပြဲထြက္လူစာရင္းထဲမွာ ပါဝင္တဲ့အေၾကာင္း ေၾကညာခဲ့ခ်ိန္မွာ ပီအက္စ္ဂ်ီပရိသတ္အခ်ိဳ႕ရဲ႕ ေလွာင္ေျပာင္သံေတြ ထြက္လာခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ယခုရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဟာ ဘာစီလိုနာအသင္းကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့သလို ေမဂ်ာလိဂ္နဲ႔ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ကစားမယ္လို႔လည္း သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.