Premier League

လက်ရှိ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဖန်တီးရှင် ၅ ဦး

ကွင်းလယ်ဖန်တီးရှင်တွေဟာ ပွဲအရှိန်နဲ့ စီးဆင်းမှုကို သတ်မှတ်ပေးနိုင်ဖို့ ထူးခြားတဲ့ နည်းစနစ်ပိုင်း အရည်အချင်း၊ အမြင်အာရုံနဲ့ ဖန်တီးမှုတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းကွင်းလယ်ဖန်တီးရှင်တွေထဲက အချို့ဖြစ်တဲ့ ဖာဘရီဂတ်စ်၊ အိုဇေးလ်၊ ဒေးဗစ် ဆေးလ်ဗားတို့လို ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း ထိပ်တန်းကွင်းလယ်ကစားသမားတွေ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင် ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ ဂျိမ်းစ် မက်ဒီဆင်(လက်စတာစီးတီး)

ဂျိမ်းစ် မက်ဒီဆင်ဟာ လက်စတာစီးတီးရရှိနိုင်တဲ့ အောင်မြင်မှုတွေထက် ပိုမိုကြီးမားတဲ့အရာတွေကို ရယူချင်နေတဲ့ ကစားသမားဖြစ်ပြီး အဲဒါကြောင့်ပဲ မြေခွေးတွေ အဆင့် ၁၇ နေရာမှာ ရှိနေပေမယ့် ဒီစာရင်းထဲ ပါလာတာပါ။ အင်္ဂလန်ကွင်းလယ်လူဟာ နည်းစနစ်ပိုင်းအရည်အချင်းတွေ၊ အလွန်ကောင်းမွန်တဲ့ ဘောလုံးအမြင်ရှိမှု၊ ဖန်တီးနိုင်စွမ်းတွေကြောင့် ထူးခြားတဲ့ကစားသမားဖြစ်နေသူဖြစ်ပြီး မက်ဒီဆင်ရဲ့ အဝေးကနေ ဂိုးကန်သွင်းနိုင်စွမ်းနဲ့ အသင်းဖော်တွေကို တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်စွမ်းက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲပါဝင်ကစားပေးထားရာမှာ မက်ဒီဆင်ဟာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိင်ခဲ့တာဖြစ်ပါတယ်။

၄။ ဘရူနို ဂီမာရေးစ်(နယူးကာဆယ်လ်)

နယူးကာဆယ်လ်ပွဲကြည့်ဖူးရင် ဂီမာရေးစ်ဟာ အသင်းဖော်တွေနဲ့ မတူညီတဲ့အဆင့်အတန်းမျိုးမှာ ကစားနေတာ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်ပြီး ငှက်ကျားတွေရဲ့လူစာရင်းထဲမှာ ကစားသမားကောင်းတွေ အများအပြားရှိပေမယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမားကတော့ ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်း ပါရမီအပါဆုံးနဲ့ အထက်မြက်ဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဂီမာရေးစ်ဟာ ကွင်းလယ်ခံစစ် ဖန်တီးရှင်၊ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်ပြီး အလွန်ကောင်းမွန်တဲ့ ဘောလုံးလမ်းကြောင်း အမြင်ရှိမှု၊ အဝေးပေးပို့နိုင်စွမ်းနဲ့ ပွဲကို ဖတ်နိုင်စွမ်းတို့ကြောင့် လူသိများကျော်ကြားသူဖြစ်ပါတယ်။ ယခုရာသီမှာ ဂီမာရေးစ်က နယူးကာဆယ်လ်အတွက် ပွဲ ၂၀ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။

၃။ ဘရူနို ဖာနန်ဒက်(မန်ချက်စတာယူနိုက်တက်)

ဘရူနို ဖာနန်ဒက်စ်ဟာ ကွင်းထဲမှာ သဘောထားကွဲလွဲနိုင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ပရိသတ်တွေက ချစ်မြတ်နိုးခြင်းကို ခံနေရသူဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ကွင်းလယ်မှာ မမောမပန်းနိုင် ကစားနိုင်ပြီး ၎င်းရဲ့ လျင်မြန်တဲ့ ဆုံးဖြတ်ချက်ချမှတ်မှု၊ နည်းစနစ်ပိုင်း အရည်အချင်းတွေကြောင့် ပွဲကို ပြောင်းလဲပေးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ တန်ဟက်လက်အောက် အသက်ပြန်ဝင်လာတဲ့အသင်းမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုရာသီမှာ သရဲနီတွေအတွက် ကြီးမားတဲ့ အခွင့်အရေး ၁၉ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၂၅ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။

၂။ ကီဗင် ဒီဘရိုင်းနား(မန်စီးတီး)

ဒီဘရိုင်းနားဟာ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံထားရသူဖြစ်ပြီး ဂွါဒီယိုလာ လက်အောက် စီးတီးအောင်မြင်မှုတွေမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ အကောင်းဆုံးအရည်အချင်းတွေက ထူးခြားတဲ့ ဘောလုံးလမ်းကြောင်းအမြင်၊ တိကျတဲ့ပေးပို့မှု၊ တိကျသေချာတဲ့အဆုံးသတ်၊ မခိုမကပ်တဲ့ လုပ်အားနှုန်းတို့ဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ နေရာလွတ်တွေ ဖန်တီးပေးနိုင်မှု၊ တိကျတဲ့ပေးပို့မှုနဲ့ အသင်းဖော်တွေကို ပေးပို့နိုင်စွမ်းနဲ့ အဝေးကန်ချက်ကနေ ထူးခြားတဲ့သွင်းဂိုးတွေ သွင်းယူနိုင်စွမ်းတို့ကြောင့် နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ နော်ဝေတိုက်စစ်မှူး ဟာလန်းနဲ့အတူ အတွဲမိမိကစားနေပြီး ဟာလန်းဟာ ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့် ဖန်တီးပေးတဲ့ အခွင့်အရေးအများစုကို အဆုံးသတ်ပေးနိုင်စွမ်း ရှိသူဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ ယခုရာသီပရီးမီးယားလိဂ် ၂၅ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ပေးထားသူဖြစ်ပါတယ်။

၁။ မာတင် အော်ဒီဂွါဒ်(အာဆင်နယ်)

အာဆင်နယ်ပရိသတ်တွေ အော်ဒီဂွါဒ်ဟာ အိုဇေးလ်လက်သစ်လို့ ရှုမြင်ထားကြပြီး နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ ၎င်းရဲ့ အလွန်လှပသေသပ်တဲ့ နည်းစနစ်နဲ့ ပွဲကိုဖတ်နိုင်စွမ်းတွေနဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ ကြပ်တည်းတဲ့ နေရာလွတ်တွေထဲက အသင်းဖော်တွေကို မျှောထိုးပေးပို့မှုတွေ ပြုလုပ်ရာမှြ အလွန်ကောင်းမွန်ခဲ့ပြီး ဂန်းနားတွေအတွက် တိုက်စစ်မှာ ကွဲပြားခြားမှုတွေကို ပြုလုပ်ပေးနိုင်သူဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ ယခုရာသီ ပရီးမီးယာလးလိဂ် ၂၇ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကြင္းလယ္ဖန္တီးရွင္ေတြဟာ ပြဲအရွိန္နဲ႔ စီးဆင္းမႈကို သတ္မွတ္ေပးႏိုင္ဖို႔ ထူးျခားတဲ့ နည္းစနစ္ပိုင္း အရည္အခ်င္း၊ အျမင္အာ႐ုံနဲ႔ ဖန္တီးမႈေတြကို ပိုင္ဆိုင္ထားတဲ့ ကစားသမားေတြျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ပရီးမီးယားလိဂ္ဟာ ကမာၻ႔ထိပ္တန္းကြင္းလယ္ဖန္တီးရွင္ေတြထဲက အခ်ိဳ႕ျဖစ္တဲ့ ဖာဘရီဂတ္စ္၊ အိုေဇးလ္၊ ေဒးဗစ္ ေဆးလ္ဗားတို႔လို ကစားသမားေတြကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ဒီေန႔မွာလည္း ထိပ္တန္းကြင္းလယ္ကစားသမားေတြ ပိုင္ဆိုင္ထားဆဲျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္ ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဂ်ိမ္းစ္ မက္ဒီဆင္(လက္စတာစီးတီး)

ဂ်ိမ္းစ္ မက္ဒီဆင္ဟာ လက္စတာစီးတီးရရွိႏိုင္တဲ့ ေအာင္ျမင္မႈေတြထက္ ပိုမိုႀကီးမားတဲ့အရာေတြကို ရယူခ်င္ေနတဲ့ ကစားသမားျဖစ္ၿပီး အဲဒါေၾကာင့္ပဲ ေျမေခြးေတြ အဆင့္ ၁၇ ေနရာမွာ ရွိေနေပမယ့္ ဒီစာရင္းထဲ ပါလာတာပါ။ အဂၤလန္ကြင္းလယ္လူဟာ နည္းစနစ္ပိုင္းအရည္အခ်င္းေတြ၊ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးအျမင္ရွိမႈ၊ ဖန္တီးႏိုင္စြမ္းေတြေၾကာင့္ ထူးျခားတဲ့ကစားသမားျဖစ္ေနသူျဖစ္ၿပီး မက္ဒီဆင္ရဲ႕ အေဝးကေန ဂိုးကန္သြင္းႏိုင္စြမ္းနဲ႔ အသင္းေဖာ္ေတြကို တိက်တဲ့ ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္စြမ္းက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၁၉ ပြဲပါဝင္ကစားေပးထားရာမွာ မက္ဒီဆင္ဟာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ထားနိင္ခဲ့တာျဖစ္ပါတယ္။

၄။ ဘ႐ူႏို ဂီမာေရးစ္(နယူးကာဆယ္လ္)

နယူးကာဆယ္လ္ပြဲၾကည့္ဖူးရင္ ဂီမာေရးစ္ဟာ အသင္းေဖာ္ေတြနဲ႔ မတူညီတဲ့အဆင့္အတန္းမ်ိဳးမွာ ကစားေနတာ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္မွာျဖစ္ၿပီး ငွက္က်ားေတြရဲ႕လူစာရင္းထဲမွာ ကစားသမားေကာင္းေတြ အမ်ားအျပားရွိေပမယ့္ ဘရာဇီးလ္ကြင္းလယ္ကစားသမားကေတာ့ ပရီးမီးယားလိဂ္မွာ နည္းစနစ္ပိုင္း ပါရမီအပါဆုံးနဲ႔ အထက္ျမက္ဆုံး ကြင္းလယ္ကစားသမားေတြထဲက တစ္ဦး ျဖစ္ပါတယ္။ ဂီမာေရးစ္ဟာ ကြင္းလယ္ခံစစ္ ဖန္တီးရွင္၊ ကြင္းလယ္တိုက္စစ္ေနရာေတြမွာ ကစားႏိုင္ၿပီး အလြန္ေကာင္းမြန္တဲ့ ေဘာလုံးလမ္းေၾကာင္း အျမင္ရွိမႈ၊ အေဝးေပးပို႔ႏိုင္စြမ္းနဲ႔ ပြဲကို ဖတ္ႏိုင္စြမ္းတို႔ေၾကာင့္ လူသိမ်ားေက်ာ္ၾကားသူျဖစ္ပါတယ္။ ယခုရာသီမွာ ဂီမာေရးစ္က နယူးကာဆယ္လ္အတြက္ ပြဲ ၂၀ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။

၃။ ဘ႐ူႏို ဖာနန္ဒက္(မန္ခ်က္စတာယူႏိုက္တက္)

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ကြင္းထဲမွာ သေဘာထားကြဲလြဲႏိုင္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း ပရိသတ္ေတြက ခ်စ္ျမတ္ႏိုးျခင္းကို ခံေနရသူျဖစ္ပါတယ္။ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ ကြင္းလယ္မွာ မေမာမပန္းႏိုင္ ကစားႏိုင္ၿပီး ၎ရဲ႕ လ်င္ျမန္တဲ့ ဆုံးျဖတ္ခ်က္ခ်မွတ္မႈ၊ နည္းစနစ္ပိုင္း အရည္အခ်င္းေတြေၾကာင့္ ပြဲကို ေျပာင္းလဲေပးႏိုင္စြမ္းရွိသူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ တန္ဟက္လက္ေအာက္ အသက္ျပန္ဝင္လာတဲ့အသင္းမွာ အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယခုရာသီမွာ သရဲနီေတြအတြက္ ႀကီးမားတဲ့ အခြင့္အေရး ၁၉ ႀကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၂၅ ပြဲမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ေပးထားသူ ျဖစ္ပါတယ္။

၂။ ကီဗင္ ဒီဘ႐ိုင္းနား(မန္စီးတီး)

ဒီဘ႐ိုင္းနားဟာ ကမာၻေပၚက အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံထားရသူျဖစ္ၿပီး ဂြါဒီယိုလာ လက္ေအာက္ စီးတီးေအာင္ျမင္မႈေတြမွာ အဓိကက်ခဲ့သူျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ အေကာင္းဆုံးအရည္အခ်င္းေတြက ထူးျခားတဲ့ ေဘာလုံးလမ္းေၾကာင္းအျမင္၊ တိက်တဲ့ေပးပို႔မႈ၊ တိက်ေသခ်ာတဲ့အဆုံးသတ္၊ မခိုမကပ္တဲ့ လုပ္အားႏႈန္းတို႔ျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားဟာ ေနရာလြတ္ေတြ ဖန္တီးေပးႏိုင္မႈ၊ တိက်တဲ့ေပးပို႔မႈနဲ႔ အသင္းေဖာ္ေတြကို ေပးပို႔ႏိုင္စြမ္းနဲ႔ အေဝးကန္ခ်က္ကေန ထူးျခားတဲ့သြင္းဂိုးေတြ သြင္းယူႏိုင္စြမ္းတို႔ေၾကာင့္ နာမည္ေက်ာ္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ ေနာ္ေဝတိုက္စစ္မႉး ဟာလန္းနဲ႔အတူ အတြဲမိမိကစားေနၿပီး ဟာလန္းဟာ ဘယ္လ္ဂ်ီယမ္ကြင္းလယ္ၾကယ္ပြင့္ ဖန္တီးေပးတဲ့ အခြင့္အေရးအမ်ားစုကို အဆုံးသတ္ေပးႏိုင္စြမ္း ရွိသူျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားဟာ ယခုရာသီပရီးမီးယားလိဂ္ ၂၅ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ေပးထားသူျဖစ္ပါတယ္။

၁။ မာတင္ ေအာ္ဒီဂြါဒ္(အာဆင္နယ္)

အာဆင္နယ္ပရိသတ္ေတြ ေအာ္ဒီဂြါဒ္ဟာ အိုေဇးလ္လက္သစ္လို႔ ရႈျမင္ထားၾကၿပီး ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ ၎ရဲ႕ အလြန္လွပေသသပ္တဲ့ နည္းစနစ္နဲ႔ ပြဲကိုဖတ္ႏိုင္စြမ္းေတြနဲ႔ ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ကစားသမားျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ဟာ ၾကပ္တည္းတဲ့ ေနရာလြတ္ေတြထဲက အသင္းေဖာ္ေတြကို ေမွ်ာထိုးေပးပို႔မႈေတြ ျပဳလုပ္ရာမွျ အလြန္ေကာင္းမြန္ခဲ့ၿပီး ဂန္းနားေတြအတြက္ တိုက္စစ္မွာ ကြဲျပားျခားမႈေတြကို ျပဳလုပ္ေပးႏိုင္သူျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ဟာ ယခုရာသီ ပရီးမီးယာလးလိဂ္ ၂၇ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ေပးထားသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.