Premier League

မာတီနယ်လီက ရက်ရှ်ဖို့ဒ်လောက်ကို ကောင်းတယ်လို့ ထင်မြင်နေတဲ့ ဂန်းနားပရိသတ်များ

မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိခြေစွမ်းအရ ယခုရာသီမှာ အများကြီး တိုးတက်လာတယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေက ၎င်းတို့ရဲ့ ကစားသမားတွေထဲက တစ်ဦးဟာ အာရုံစိုက်မှု ပိုမိုရရှိဖို့ ထိုက်တန်တယ်လို့ ခံစားနေရပါတယ်။

လူမှုကွန်ရက်ပေါ်က ဂန်းနားပရိသတ်တွေဟာ မာတီနယ်လီရဲ့ ခြေစွမ်းကို ချီးမွမ်းခန်းဖွင့်ခဲ့ကြပြီး ဘရာဇီးလ်ကြယ်ပွင့်ရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုဟာ ယခုရာသီ ရက်ရှ်ဖို့ဒ်ရဲ့ ကိန်းဂဏန်းတွေထက် ပရီးမီးယားလိဂ် သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပိုမိုလျော့နည်းနေတာဖြစ်ပါတယ်။

မာတီနယ်လီရဲ့ တနင်္ဂနွေနေ့ ညနေက ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်က သွင်းဂိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၃ ဂိုးနဲ့အတူ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာစေခဲ့တာ ဖြစ်ပြီး ဂိုးဖန်တီးမှုလည်း ၂ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားချိန်မှာ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပွဲစီစဉ်တင်ဆက်သူတွေဆီကနေ ချီးကျူးမှု အများအပြား ရရှိထားတာဖြစ်ပြီး အာဆင်နယ်ပရိသတ်အချို့က အဲဒါဟာ အင်္ဂလန်တိုက်စစ်မှူးရဲ့ PR ကြောင့် လူအာရုံစိုက်မှု ပိုမို ရရှိနေတာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

ပရိသတ်တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မာတီနယ်လီနဲ့ ရက်ရှ်ဖို့ဒ်ကိုနှိုင်းယှဉ်ထားတဲ့ပို့စ်ကိုတင်ပြီး “မာတီနယ်လီ ခင်ဗျားက ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ် ကိုယ့်လူ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကစားသမား ၂ ဦးစလုံးက အံ့အားသင့်စရာရာသီကို ပိုင်ဆိုင်နေပြီး မာတီနယ်လီက ပြိုင်ဘက်တွေရဲ့  အဆင့်သတ်မှတ်ခြင်းမခံရသလို ကျွန်တော်တို့ရဲ့ ပရိသတ်တွေဆီကနေလည်း သူ့ကို အဆင့်သတ်မှတ်မှုတွေ မရှိပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မီခေးလ် အာတီတာက ယူရိုပါလိဂ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် မာတီနယ်လီကို ဝန်းရံခဲ့တဲ့ ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။

“သူ့နားမှာ ချက်ချင်း ဝန်းရံပေးတဲ့အသင်း ရှိခဲ့တယ်။ ဒါပေမယ့် သူက ဒီလို ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပင်နယ်တီလွဲချော်မှုအပေါ်မှာ အရမ်းစိုးရိမ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။ သူက တာဝန်ယူမှုရှိတယ်။ အခွင့်အရေးကို အရယူတယ်။ ခင်ဗျား နောက်တစ်နေ့မှာ သူ့ကို ခွန်အားအပြည့်နဲ့ ကွင်းထဲမှာ ပြေးလွှားနေတာကို မြင်ရတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး အရမ်း မစိုးရိမ်ခဲ့ပါဘူး။”လို့ အာတီတာက ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ လက္ရွိေျခစြမ္းအရ ယခုရာသီမွာ အမ်ားႀကီး တိုးတက္လာတယ္ဆိုတာ သံသယျဖစ္စရာမရွိေပမယ့္လည္း အာဆင္နယ္ပရိသတ္ေတြက ၎တို႔ရဲ႕ ကစားသမားေတြထဲက တစ္ဦးဟာ အာ႐ုံစိုက္မႈ ပိုမိုရရွိဖို႔ ထိုက္တန္တယ္လို႔ ခံစားေနရပါတယ္။

လူမႈကြန္ရက္ေပၚက ဂန္းနားပရိသတ္ေတြဟာ မာတီနယ္လီရဲ႕ ေျခစြမ္းကို ခ်ီးမြမ္းခန္းဖြင့္ခဲ့ၾကၿပီး ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈဟာ ယခုရာသီ ရက္ရွ္ဖို႔ဒ္ရဲ႕ ကိန္းဂဏန္းေတြထက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ပိုမိုေလ်ာ့နည္းေနတာျဖစ္ပါတယ္။

မာတီနယ္လီရဲ႕ တနဂၤေႏြေန႔ ညေနက ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္က သြင္းဂိုးဟာ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၃ ဂိုးနဲ႔အတူ အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာေစခဲ့တာ ျဖစ္ၿပီး ဂိုးဖန္တီးမႈလည္း ၂ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ျပဳလုပ္ထားခ်ိန္မွာ ေဘာလုံးေဝဖန္သုံးသပ္သူေတြနဲ႔ ပြဲစီစဥ္တင္ဆက္သူေတြဆီကေန ခ်ီးက်ဴးမႈ အမ်ားအျပား ရရွိထားတာျဖစ္ၿပီး အာဆင္နယ္ပရိသတ္အခ်ိဳ႕က အဲဒါဟာ အဂၤလန္တိုက္စစ္မႉးရဲ႕ PR ေၾကာင့္ လူအာ႐ုံစိုက္မႈ ပိုမို ရရွိေနတာျဖစ္တယ္လို႔ ယုံၾကည္ေနၾကပါတယ္။

ပရိသတ္တစ္ဦးက လူမႈကြန္ရက္ေပၚမွာ မာတီနယ္လီနဲ႔ ရက္ရွ္ဖို႔ဒ္ကိုႏႈိင္းယွဥ္ထားတဲ့ပို႔စ္ကိုတင္ၿပီး “မာတီနယ္လီ ခင္ဗ်ားက ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္တယ္ ကိုယ့္လူ”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကစားသမား ၂ ဦးစလုံးက အံ့အားသင့္စရာရာသီကို ပိုင္ဆိုင္ေနၿပီး မာတီနယ္လီက ၿပိဳင္ဘက္ေတြရဲ႕  အဆင့္သတ္မွတ္ျခင္းမခံရသလို ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္ေတြဆီကေနလည္း သူ႔ကို အဆင့္သတ္မွတ္မႈေတြ မရွိပါဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မီေခးလ္ အာတီတာက ယူ႐ိုပါလိဂ္မွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီးေနာက္ မာတီနယ္လီကို ဝန္းရံခဲ့တဲ့ ကစားသမားေတြကို ခ်ီးက်ဴးခဲ့ပါတယ္။

“သူ႔နားမွာ ခ်က္ခ်င္း ဝန္းရံေပးတဲ့အသင္း ရွိခဲ့တယ္။ ဒါေပမယ့္ သူက ဒီလို ေဘာလုံးရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ပင္နယ္တီလြဲေခ်ာ္မႈအေပၚမွာ အရမ္းစိုးရိမ္တတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး။ သူက တာဝန္ယူမႈရွိတယ္။ အခြင့္အေရးကို အရယူတယ္။ ခင္ဗ်ား ေနာက္တစ္ေန႔မွာ သူ႔ကို ခြန္အားအျပည့္နဲ႔ ကြင္းထဲမွာ ေျပးလႊားေနတာကို ျမင္ရတဲ့အခါမွာ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး အရမ္း မစိုးရိမ္ခဲ့ပါဘူး။”လို႔ အာတီတာက ပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.