Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ျပည့္စုံေလာက္ျခင္းမရွိတဲ့ ဘယ္ေနာက္ခံလူေနရာအတြက္ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ေဒးဗစ္ အလာဘာကို အေျပာင္းအေရႊ႕မပိတ္ခင္အမီ ေခၚယူေပးဖို႔ နည္းျပ ဂြါဒီယိုလာက အလိုရွိေန။

– နည္းျပ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးအသင္းရဲ႕ အနားယူေနခဲ့ရၿပီး ပထမအသင္းရဲ႕ လူစာရင္းက ပ်က္ကြက္ခဲ့တဲ့ ကစားသမားေတြထဲမွာ ၆ ဦးအထိ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ တုိက္ခိုက္ျခင္းကို ခံခဲ့ရတယ္လို႔ ထုတ္ေဖာ္သြားခဲ့။

– မန္စီးတီးရဲ႕ စိတ္ဝင္စားေနတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ေနာက္ခံလူ နီကိုလာ တာဂလီယာဖီကိုအတြက္ ေပါင္ ၂၃ သန္း ရရွိမွ ေရာင္းခ်မယ္လို႔ အုိင္းယက္စ္အသင္းက ထုတ္ျပန္လုိက္ၿပီး ၂၀၂၂ အထိ စာခ်ဳပ္က်န္ေသးတဲ့ အာဂ်င္တီးနားသားအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ခ်င္ေနတယ္လုိ႔လည္းဆို။

– မန္ခ်က္စတာစီးတီးအသင္းသားေတြျဖစ္တဲ့ ေနာက္ခံလူ ခုိင္လ္ ေဝၚလ္ကာနဲ႔ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္တုိ႔ အဂၤလန္ အသင္းအတြက္ ေရြးခ်ယ္ခံခဲ့ရၿပီး လူငယ္ကြင္းလယ္ကစားသမား ဖီးလ္ ဖိုဒန္ ခ်န္လွပ္ခံခဲ့ရ။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ အသည္းအသန္ အလိုရွိေနတဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ ယူ႐ုိ ၁၀ သန္းနဲ႔ ကြင္းလယ္လူ ရာဖင္ညာကို အလုိက္ေပးမယ္လို႔ ကမ္းလွမ္းထားၿပီး အေျပာင္းအေရႊ႕မပိတ္ခင္ အျမန္ဆုံး ေခၚယူလိုေန။

– အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ကြင္းလယ္လူ ကိုးလ္ ပါးလ္မားရဲ႕ ဘန္ေလနဲ႔ ကာရာေဘာင္းဖလားမွာ အသင္းအတြက္ ပထမဆုံးပြဲဦးထြက္ခဲ့တဲ့ ကစားပုံဟာ မယုံႏိုင္ေလာက္ေအာင္ ေကာင္းမြန္တယ္လို႔ နည္းျပ ဂြါဒီယိုလာ ခ်ီးက်ဴးသြား။

– မန္ခ်က္စတာစီးတီးအေနနဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဦးစားေပးအသင္းေတြအျဖစ္ သတ္မွတ္ခံထားရတဲ့ ဘိုင္ယန္ျမဴးနစ္၊ ဆီဗီလာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္၊ ပါရီစိန္႔ဂ်ာမိန္း၊ ဇင္းနစ္၊ ေပၚတုိအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ႏုိင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ပြည့်စုံလောက်ခြင်းမရှိတဲ့ ဘယ်နောက်ခံလူနေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဒေးဗစ် အလာဘာကို အပြောင်းအရွှေ့မပိတ်ခင်အမီ ခေါ်ယူပေးဖို့ နည်းပြ ဂွါဒီယိုလာက အလိုရှိနေ။

– နည်းပြ ဂွါဒီယိုလာက မန်ချက်စတာစီးတီးအသင်းရဲ့ အနားယူနေခဲ့ရပြီး ပထမအသင်းရဲ့ လူစာရင်းက ပျက်ကွက်ခဲ့တဲ့ ကစားသမားတွေထဲမှာ ၆ ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ ထုတ်ဖော်သွားခဲ့။

– မန်စီးတီးရဲ့ စိတ်ဝင်စားနေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူ နီကိုလာ တာဂလီယာဖီကိုအတွက် ပေါင် ၂၃ သန်း ရရှိမှ ရောင်းချမယ်လို့ အိုင်းယက်စ်အသင်းက ထုတ်ပြန်လိုက်ပြီး ၂၀၂၂ အထိ စာချုပ်ကျန်သေးတဲ့ အာဂျင်တီးနားသားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတယ်လို့လည်းဆို။

– မန်ချက်စတာစီးတီးအသင်းသားတွေဖြစ်တဲ့ နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာနဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်တို့ အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး လူငယ်ကွင်းလယ်ကစားသမား ဖီးလ် ဖိုဒန် ချန်လှပ်ခံခဲ့ရ။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ အသည်းအသန် အလိုရှိနေတဲ့ နောက်ခံလူ အဲရစ် ဂါစီယာအတွက် ယူရို ၁၀ သန်းနဲ့ ကွင်းလယ်လူ ရာဖင်ညာကို အလိုက်ပေးမယ်လို့ ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့မပိတ်ခင် အမြန်ဆုံး ခေါ်ယူလိုနေ။

– အသက် ၁၈ နှစ်အရွယ် လူငယ်ကွင်းလယ်လူ ကိုးလ် ပါးလ်မားရဲ့ ဘန်လေနဲ့ ကာရာဘောင်းဖလားမှာ အသင်းအတွက် ပထမဆုံးပွဲဦးထွက်ခဲ့တဲ့ ကစားပုံဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တယ်လို့ နည်းပြ ဂွါဒီယိုလာ ချီးကျူးသွား။

– မန်ချက်စတာစီးတီးအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဦးစားပေးအသင်းတွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘိုင်ယန်မြူးနစ်၊ ဆီဗီလာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ပါရီစိန့်ဂျာမိန်း၊ ဇင်းနစ်၊ ပေါ်တိုအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.