Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၁.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန လစာေငြ ေလွ်ာ့ခ်မွဳ အစီအစဥ္ထဲမွာ ပါဝင္ေနတဲ့ ဆားဘီးယား လက္ေရြးစင္ တုိက္စစ္မွဴး လူကာ ယိုဗစ္ခ်္ကို အငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းထားၿပီး ၂၄ နာရီအတြင္းမွာ အေျဖေပၚဖြယ္ရွိေန။

– ေပၚတိုအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ မန္ခ်က္စတာယူႏုိက္တက္အသင္းဘက္က ဒုတိယအႀကိမ္ ကမ္းလွမ္းခဲ့တဲ့ ယူ႐ို ၁၅ သန္း (ေပါင္ ၁၃.၆၃ သန္း)ကို ပယ္ခ်သြားခဲ့ၿပီး ယူ႐ိုသန္း ၂၀ (ေပါင္ ၁၈ သန္း) မရရင္ မစဥ္းစားေတာ့ဘူးလို႔ဆုိ။

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဆန္ခ်ဳိကို လက္လႊတ္ခဲ့ရဖို႔ ေသခ်ာေနခဲ့အၿပီးမွာ ဝတ္ဖို႔ဒ္ရဲ႕ ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ထက္ ဘာစီလိုနာနဲ႔ ေျခစြမ္းျပသခဲ့ၿပီးျဖစ္တဲ့ ျပင္သစ္ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကိုပဲ အငွားနဲ႔ ေခၚယူလိုေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ဦးစားေပး ဒုတိယအဆင့္သာ သတ္မွတ္ခံခဲ့ရတာေၾကာင့္ ပြဲစဥ္ေရးဆြဲမွဳမွာ ပထမဦးစားေပးေတြျဖစ္တဲ့ ဘုိင္ယန္၊ ဆီဗီလာ၊ ရီးရဲလ္၊ ဂ်ဴဗီ၊ ပီအက္စ္ဂ်ီ၊ ေပၚတို၊ ဇင္းနစ္ အသင္းေတြနဲ႔ ေတြ႕ဆုံႏုိင္။

– ဘ႐ိုက္တန္နဲ႔ ကာရာေဘာင္းဖလားပြဲမွာ ေျခစြမ္းျပခဲ့ၿပီး ေနရာယူပုံေကာင္းေကာင္းနဲ႔ သူ႕ဆီက ေနာက္ေပါက္နဲ႔ ေပးပုိ႔မွဳကို လက္ခံရယူၿပီး ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ဟြမ္မာတာကို အသင္းေဖာ္သစ္ ဒြန္နီ ဗန္ဒဘိခ္ ခ်ီးက်ဴးသြား။

– ဘ႐ိုက္တန္ေတာင္ပံကစားသမား လီယန္ဒ႐ို ထေရာ့ဆတ္ရဲ႕ လူၾကားထဲက ပိတ္သြင္းမွဳကို သတိရွိရွိ ကာကြယ္သြားႏုိင္ခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ရဲ႕ လက္စြမ္းကို မန္ခ်က္စတာယူႏုိက္တက္ဂႏၴဝင္တုိက္စစ္မွဴး အန္ဒီ ကိုးလ္ခ်ီးက်ဴး။

– ၿပီးခဲ့တဲ့ရာသီက အငွားနဲ႔ စီးရီးေအမွာ လာေရာက္ကစားၿပီး ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ ခရစၥ စေမာလင္းအတြက္ ႐ိုးမားအသင္းဘက္က ယူႏုိက္တက္ဆီ ေနာက္ဆုံးအႀကိမ္ ထပ္မံကမ္းလွမ္းမွဳ ျပဳလုပ္ထားၿပီး ယူ႐ုိ ၁၅ သန္း ေပးေခ်သြားမယ္လုိ႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ လစာငွေ လျှော့ချမှု အစီအစဉ်ထဲမှာ ပါဝင်နေတဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ၂၄ နာရီအတွင်းမှာ အဖြေပေါ်ဖွယ်ရှိနေ။

– ပေါ်တိုအသင်းအနေနဲ့ သူတို့ရဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းဘက်က ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တဲ့ ယူရို ၁၅ သန်း (ပေါင် ၁၃.၆၃ သန်း)ကို ပယ်ချသွားခဲ့ပြီး ယူရိုသန်း ၂၀ (ပေါင် ၁၈ သန်း) မရရင် မစဉ်းစားတော့ဘူးလို့ဆို။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆန်ချိုကို လက်လွှတ်ခဲ့ရဖို့ သေချာနေခဲ့အပြီးမှာ ဝတ်ဖို့ဒ်ရဲ့ တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ထက် ဘာစီလိုနာနဲ့ ခြေစွမ်းပြသခဲ့ပြီးဖြစ်တဲ့ ပြင်သစ်တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကိုပဲ အငှားနဲ့ ခေါ်ယူလိုနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ချဲလ်ဆီးအသင်းနဲ့အတူ ဦးစားပေး ဒုတိယအဆင့်သာ သတ်မှတ်ခံခဲ့ရတာကြောင့် ပွဲစဉ်ရေးဆွဲမှုမှာ ပထမဦးစားပေးတွေဖြစ်တဲ့ ဘိုင်ယန်၊ ဆီဗီလာ၊ ရီးရဲလ်၊ ဂျူဗီ၊ ပီအက်စ်ဂျီ၊ ပေါ်တို၊ ဇင်းနစ် အသင်းတွေနဲ့ တွေ့ဆုံနိုင်။

– ဘရိုက်တန်နဲ့ ကာရာဘောင်းဖလားပွဲမှာ ခြေစွမ်းပြခဲ့ပြီး နေရာယူပုံကောင်းကောင်းနဲ့ သူ့ဆီက နောက်ပေါက်နဲ့ ပေးပို့မှုကို လက်ခံရယူပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟွမ်မာတာကို အသင်းဖော်သစ် ဒွန်နီ ဗန်ဒဘိခ် ချီးကျူးသွား။

– ဘရိုက်တန်တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်ရဲ့ လူကြားထဲက ပိတ်သွင်းမှုကို သတိရှိရှိ ကာကွယ်သွားနိုင်ခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ရဲ့ လက်စွမ်းကို မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး အန်ဒီ ကိုးလ်ချီးကျူး။

– ပြီးခဲ့တဲ့ရာသီက အငှားနဲ့ စီးရီးအေမှာ လာရောက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ခရစ္စ စမောလင်းအတွက် ရိုးမားအသင်းဘက်က ယူနိုက်တက်ဆီ နောက်ဆုံးအကြိမ် ထပ်မံကမ်းလှမ်းမှု ပြုလုပ်ထားပြီး ယူရို ၁၅ သန်း ပေးချေသွားမယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.