Premier League

နိုင်ပွဲရလည်း ရွိုင် ကီးန်ရဲ့ ပြစ်တင်ဝေဖန်မှုကနေ မလွတ်တဲ့ မန်ယူနိုက်တက်ကြယ်ပွင့်များ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က တနင်္ဂနွေနေ့က အက်ဖ်ဖလားပြိုင်ပွဲမှာ ဖူလ်ဟမ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဖူလ်ဟမ်ကို ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို ၃၁ ကြိမ်မြောက် စံချိန်တင် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ ဘရိုက်တန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ပွဲကစားချိန် မိနစ် ၅၀ မှာ မီထရိုဗစ်က ဖူလ်ဟမ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မာကို ဆေးလ်ဗားရဲ့အသင်းဟာ ကြီးမားတဲ့ အံ့အားသင့်စရာတွေကို လုပ်ပြနိုင်တော့မယ့် လမ်းကြောင်းအပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၂၂ မိနစ်အကြာမှာ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီး ဝီလီယံက ဂိုးစည်းပေါ်ကနေ ဘောလုံးကို လက်နဲ့ ရှင်းထုတ်ခဲ့တယ်ဆိုပြီး အနီကတ်ပြသခံခဲ့သလို မီထရိုဗစ်ကလည်း ဒိုင်လူကြီးကို ဒေါသတကြီး စောဒတက်ရာမှာ တံတောင်နဲ့ တွန်းခဲ့တဲ့အတွက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားကလည်း ခရစ္စ ကာဗာနာက လက်ထိဘောဖြစ်စဉ်ကို ပြန်လည် မစစ်ဆေးခင် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ထူးဆန်းတဲ့ ၂ မိနစ်အတွင်း ဧည့်သည်တွေဟာ ၉ ဦးအထိ လျော့ကျသွားခဲ့တာကြောင့် မန်ယူနိုက်တက်တို့က သက်တောင့်သက်သာနဲ့ ၃ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွိုင် ကီးန်က မပျော်မရွှင်ဖြစ်ခဲ့ပြီး အဲရစ် တန်ဟက်ကလည်း နိင်ပွဲရခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် မပျော်မရွှင်ဖြစ်ခဲ့လိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နည်းပြက ကြီးကြီးမားမား စိတ်ပျက်နေခဲ့ဦးမှာပါ။ မန်ယူနိုက်တက်က အရမ်း ညံ့ဖျင်းခဲ့ပြီး အဲဒါက မယုံနိုင်စရာကောင်းခဲ့ပါတယ်။ သူတို့တွေ ပြီးခဲ့တဲ့ အက်ဖ်အေပွဲမှာ နိုင်ပွဲရယူဖို့ နည်းလမ်းရှာတွေ့ခဲ့တယ်။ ဒီနေ့က ဖူလ်ဟမ်အသင်းက ကိုယ့်ဘာသာ ကိုယ်ဖျက်ဆီးသွားခဲ့တာပါ။ ခင်ဗျား နည်းနည်း ကံကောင်းဖို့ လိုအပ်မှာဖြစ်ပြီး သူတို့တွေက ဒီရာသီမှာ ခြေစွမ်းကောင်းလိုက်၊ ကံကောင်းလိုက်ဖြစ်နေခဲ့တာ ကျိန်းသေပါတယ်။ ဒါပေမယ့် မကြာသေးခင်က မန်ယူနိုက်တက်ကို ကြည့်ပြီး ယုံကြည်ချက်အနည်းငယ် ဆုံးရှုံးခဲ့တယ်။ နောက်ဆုံးပွဲစဉ်အနည်းငယ်အတွင်းမှာ သူတို့တွေ ကျင့်ဆိုးအချို့ ရခဲ့တယ်။ သူတို့တွေ ဆီမီးဖိုင်နယ်မှာ အဲဒီစိတ်ဓာတ်မျိုးနဲ့ ကစားရင် ဘရိုက်တန်က သူတို့ကို အလဲထိုးပါလိမ့်မယ်။ နည်းပြက သူတို့ကို ပိုပြီးအားကောင်းလာအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က တနဂၤေႏြေန႔က အက္ဖ္ဖလားၿပိဳင္ပြဲမွာ ဖူလ္ဟမ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဖူလ္ဟမ္ကို ရႈံးနိမ့္ေနရာကေန ျပန္လာႏိုင္ခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္အဆင့္ကို ၃၁ ႀကိမ္ေျမာက္ စံခ်ိန္တင္ တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ဖို႔ ဘ႐ိုက္တန္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ မိနစ္ ၅၀ မွာ မီထ႐ိုဗစ္က ဖူလ္ဟမ္အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး မာကို ေဆးလ္ဗားရဲ႕အသင္းဟာ ႀကီးမားတဲ့ အံ့အားသင့္စရာေတြကို လုပ္ျပႏိုင္ေတာ့မယ့္ လမ္းေၾကာင္းအေပၚမွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၂၂ မိနစ္အၾကာမွာ အရာအားလုံးက ေျပာင္းလဲသြားခဲ့ၿပီး ဝီလီယံက ဂိုးစည္းေပၚကေန ေဘာလုံးကို လက္နဲ႔ ရွင္းထုတ္ခဲ့တယ္ဆိုၿပီး အနီကတ္ျပသခံခဲ့သလို မီထ႐ိုဗစ္ကလည္း ဒိုင္လူႀကီးကို ေဒါသတႀကီး ေစာဒတက္ရာမွာ တံေတာင္နဲ႔ တြန္းခဲ့တဲ့အတြက္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဖူလ္ဟမ္နည္းျပ မာကို ေဆးလ္ဗားကလည္း ခရစၥ ကာဗာနာက လက္ထိေဘာျဖစ္စဥ္ကို ျပန္လည္ မစစ္ေဆးခင္ အနီကတ္ျပ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ထူးဆန္းတဲ့ ၂ မိနစ္အတြင္း ဧည့္သည္ေတြဟာ ၉ ဦးအထိ ေလ်ာ့က်သြားခဲ့တာေၾကာင့္ မန္ယူႏိုက္တက္တို႔က သက္ေတာင့္သက္သာနဲ႔ ၃ ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ြိဳင္ ကီးန္က မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး အဲရစ္ တန္ဟက္ကလည္း နိင္ပြဲရခဲ့ေပမယ့္ အသင္းရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့လိမ့္မယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“နည္းျပက ႀကီးႀကီးမားမား စိတ္ပ်က္ေနခဲ့ဦးမွာပါ။ မန္ယူႏိုက္တက္က အရမ္း ညံ့ဖ်င္းခဲ့ၿပီး အဲဒါက မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။ သူတို႔ေတြ ၿပီးခဲ့တဲ့ အက္ဖ္ေအပြဲမွာ ႏိုင္ပြဲရယူဖို႔ နည္းလမ္းရွာေတြ႕ခဲ့တယ္။ ဒီေန႔က ဖူလ္ဟမ္အသင္းက ကိုယ့္ဘာသာ ကိုယ္ဖ်က္ဆီးသြားခဲ့တာပါ။ ခင္ဗ်ား နည္းနည္း ကံေကာင္းဖို႔ လိုအပ္မွာျဖစ္ၿပီး သူတို႔ေတြက ဒီရာသီမွာ ေျခစြမ္းေကာင္းလိုက္၊ ကံေကာင္းလိုက္ျဖစ္ေနခဲ့တာ က်ိန္းေသပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က မန္ယူႏိုက္တက္ကို ၾကည့္ၿပီး ယုံၾကည္ခ်က္အနည္းငယ္ ဆုံးရႈံးခဲ့တယ္။ ေနာက္ဆုံးပြဲစဥ္အနည္းငယ္အတြင္းမွာ သူတို႔ေတြ က်င့္ဆိုးအခ်ိဳ႕ ရခဲ့တယ္။ သူတို႔ေတြ ဆီမီးဖိုင္နယ္မွာ အဲဒီစိတ္ဓာတ္မ်ိဳးနဲ႔ ကစားရင္ ဘ႐ိုက္တန္က သူတို႔ကို အလဲထိုးပါလိမ့္မယ္။ နည္းျပက သူတို႔ကို ပိုၿပီးအားေကာင္းလာေအာင္ လုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.