Premier League

ရန်ပွဲကြားက လုခ်ရှောနဲ့ တီတီတို့ဖြစ်စဉ်ကို သတိပြုမိခဲ့တဲ့ ပရိသတ်များ

ပရိသတ်တွေဟာ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အတွင်း ရန်ပွဲဖြစ်ပွားနေချိန်မှာ လုခ် ရှောနဲ့ တီတီတို့ တုံ့ပြန်ခဲ့တဲ့ပုံစံကို သတိပြုမိခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်က ပွဲစဉ် ဒုတိယပိုင်းဟာ ဖူလ်ဟမ်အသင်းက အနီကတ် ၃ ကတ်အထိ ပြသခြင်းခံခဲ့ရချိန်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပြီး ဝီလီယံက ဆန်ချိုရဲ့ဂိုးကို လက်နဲ့ ကာကွယ်ခဲ့လို့ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။

မီထရိုဗစ်က ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး စောဒကတက်ရင်း တံတောင်နဲ့ တွန်းခဲ့တာကြောင့် အနီကတ် ပြသခံခဲ့တာဖြစ်ပြီး နည်းပြ မာကို ဆေးလ်ဗားကလည်း အနီကတ်ပြသခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မီထရိုဗစ်ကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် နှစ်ဖက်အသင်း ကစားသမားတွေကြား ကြီးမားတဲ့ ရန်ပွဲဖြစ်ခဲ့ပြီး ဖူလ်ဟမ်နည်းပြအဖွဲ့တောင် ကွင်းထဲကို ဝင်ရေက်လာခဲ့ကြတာဖြစ်ပါတယ်။

ရန်ပွဲအတွင်း ဒေါသတကြီး ထိပ်တိုက်တွေ့မှုတွေ အများအပြားရှိခဲ့ကြတာဖြစ်ပေမယ့်လည်း လုခ် ရှောနဲ့ တီတီတို့ကတော့ အဲဒီလိုမဟုတ်ဘဲ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပွေ့ဖက်ပြီး ဖြစ်စဉ်တခုလုံးကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ရှောနဲ့ တီတီတို့ကြားက အခိုက်အတန့်ကို သဘောကျခဲ့ကြပြီး တွစ်တာအသုံးပြုသူတစ်ဦးက “ဒီလောက် ပြဿနာတက်နေတဲ့ကြားက သမီးယောက်ဖ ၂ ယောက်က တစ်ယောက်ဲနဲ့တစ်ယောက်ဖက်ပြီး စကားတွေ ပြောနေကြတယ်။ ငါ အူတက်နေပြီ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ရှောနဲ့ တီတီကို ဖျာလေးဘာလေး ယူပေးလိုက်ပါဦး”လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ဘရိုက်တန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တန်ဟက်အနေနဲ့ ယခုရာသီရဲ့ ဒုတိယမြောက် ဆုဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြဟာ တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဖူလ္ဟမ္တို႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အတြင္း ရန္ပြဲျဖစ္ပြားေနခ်ိန္မွာ လုခ္ ေရွာနဲ႔ တီတီတို႔ တုံ႔ျပန္ခဲ့တဲ့ပုံစံကို သတိျပဳမိခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္က ပြဲစဥ္ ဒုတိယပိုင္းဟာ ဖူလ္ဟမ္အသင္းက အနီကတ္ ၃ ကတ္အထိ ျပသျခင္းခံခဲ့ရခ်ိန္မွာ တင္းမာမႈေတြ ျမင့္တက္လာခဲ့တာျဖစ္ၿပီး ဝီလီယံက ဆန္ခ်ိဳရဲ႕ဂိုးကို လက္နဲ႔ ကာကြယ္ခဲ့လို႔ အနီကတ္ထိခဲ့တာျဖစ္ပါတယ္။

မီထ႐ိုဗစ္က ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို ေဒါသတႀကီး ေစာဒကတက္ရင္း တံေတာင္နဲ႔ တြန္းခဲ့တာေၾကာင့္ အနီကတ္ ျပသခံခဲ့တာျဖစ္ၿပီး နည္းျပ မာကို ေဆးလ္ဗားကလည္း အနီကတ္ျပသျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

မီထ႐ိုဗစ္ကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ႏွစ္ဖက္အသင္း ကစားသမားေတြၾကား ႀကီးမားတဲ့ ရန္ပြဲျဖစ္ခဲ့ၿပီး ဖူလ္ဟမ္နည္းျပအဖြဲ႕ေတာင္ ကြင္းထဲကို ဝင္ေရက္လာခဲ့ၾကတာျဖစ္ပါတယ္။

ရန္ပြဲအတြင္း ေဒါသတႀကီး ထိပ္တိုက္ေတြ႕မႈေတြ အမ်ားအျပားရွိခဲ့ၾကတာျဖစ္ေပမယ့္လည္း လုခ္ ေရွာနဲ႔ တီတီတို႔ကေတာ့ အဲဒီလိုမဟုတ္ဘဲ အခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးစြာ ေပြ႕ဖက္ၿပီး ျဖစ္စဥ္တခုလုံးကို ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ၾကည့္ေနခဲ့ၾကတာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ေရွာနဲ႔ တီတီတို႔ၾကားက အခိုက္အတန႔္ကို သေဘာက်ခဲ့ၾကၿပီး တြစ္တာအသုံးျပဳသူတစ္ဦးက “ဒီေလာက္ ျပႆနာတက္ေနတဲ့ၾကားက သမီးေယာက္ဖ ၂ ေယာက္က တစ္ေယာက္ဲနဲ႔တစ္ေယာက္ဖက္ၿပီး စကားေတြ ေျပာေနၾကတယ္။ ငါ အူတက္ေနၿပီ”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေရွာနဲ႔ တီတီကို ဖ်ာေလးဘာေလး ယူေပးလိုက္ပါဦး”လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဖူလ္ဟမ္ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္အဆင့္မွာ ဘ႐ိုက္တန္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး တန္ဟက္အေနနဲ႔ ယခုရာသီရဲ႕ ဒုတိယေျမာက္ ဆုဖလားကို ရယူႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.